က်ဳိင္းတုံေတာင္တက္စက္ဘီးအဖြဲ႔မွ မိုင္းလားသို႔ တတိယေျမာက္အျဖစ္ စက္ဘီးျဖင့္ သြားေရာက္မည္

က်ဳိင္းတုံေတာင္တက္စက္ဘီးအဖြဲ႔မွ မိုင္းလားသို႔ တတိယေျမာက္အျဖစ္ စက္ဘီးျဖင့္ သြားေရာက္မည္
သြဂုတ် 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ က်ဳိင္းတုံေတာင္တက္စက္ဘီးအသင္းသည္ က်ိဳင္းတုံၿမိဳ႕မွ မိုင္းလားၿမိဳ႕သို ့ စက္ဘီးျဖင့္ သြားေရာက္ လည္ပတ္ၾကမည္ျဖစ္ေၾကာင္း အဆိုပါ အသင္းမွ သိရသည္။

"ကြ်န္ေတာ္တို႔ အဖြဲ႔အေနနဲ ့တစ္ႏွစ္တစ္ခါ ၀ါေခါင္လျပည့္ေန႔ ေရာက္တိုင္း အခုလို အသင္းသားေတြ စုႀပီးေတာ့ စက္ဘီးနဲ ့ ခရီးသြားၾကပါတယ္။ အခု တစ္ေခါက္နဲ ့ဆိုရင္ သုံးေခါက္ရိွပါၿပီ။"ဟု က်ိဳင္းတုံ ေတာင္တက္စက္ဘီးအသင္းမွ ဥကၠဌ ကိုတိုးက ေျပာသည္။

အဆိုပါ အဖြဲ ့အေနျဖင့္ ယခုကဲ့သို ့ အသင္းသားမ်ားျဖင့္ မိုင္းလာသို ့ ခရီးသြားျခင္းမွာ တတိယ အႀကိမ္ေျမာက္ ျဖစ္ၿပီး ယခု အေခါက္တြင္ မိုင္းလားၿမိဳ႕သို႔ ေရာက္ရိွပါက အသင္းသားမ်ားအား စက္ဘီး ပစၥည္းမ်ားကို မဲေဖာက္ ေပးသြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

"က်ိဳင္းတုံနဲ ့မိုင္းလားကို စက္ဘီးနဲ ့သြားရင္ (၆)နာရီေလာက္ၾကာတယ္။ ကြ်န္ေတာ္တို႔ အေနနဲ ့ မိုင္းလားကို (၁)ညအိပ္ (၂)ရက္သြားၾကမွာျဖစ္ပါတယ္။ မိုင္းလားကိုေရာက္ရင္ အဖြဲ ့၀င္ေတြကို စက္ဘီးပစၥည္းေလးေတြ မဲေဖာက္ေပးသြားမွာပါ။"ဟု ၎ကဆက္ေျပာသည္။

အဆိုပါ က်ိဳင္းတုံေတာင္တက္စက္ဘီးအသင္းတြင္ အဖြဲ ့၀င္ေပါင္း(၅၀)ဦးရိွၿပီး ယခု ခရီးစဥ္တြင္ စက္ဘီး(၂၃)စီး ပါ၀င္မည္ျဖစ္ၿပီး ၀ါေခါင္လျပည့္ေန႔ျဖစ္သည့္ ၾသဂုတ္လ(၁၈)ရက္ေန ့ နံနက္(၈)နာရီခြဲတြင္ စတင္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - Kyaing Tong Moutain Bike Group
************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတောင်တက်စက်ဘီးအသင်းသည် ကျိုင်းတုံမြို့မှ မိုင်းလားမြို့သို့ စက်ဘီးဖြင့် သွားရောက် လည်ပတ်ကြမည်ဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။

"ကျွန်တော်တို့ အဖွဲ့အနေနဲ့တစ်နှစ်တစ်ခါ ဝါခေါင်လပြည့်နေ့ ရောက်တိုင်း အခုလို အသင်းသားတွေ စုပြီးတော့ စက်ဘီးနဲ့ ခရီးသွားကြပါတယ်။ အခု တစ်ခေါက်နဲ့ဆိုရင် သုံးခေါက်ရှိပါပြီ။"ဟု ကျိုင်းတုံတောင်တက်စက်ဘီးအသင်းမှ ဥက္ကဌ ကိုတိုးက ပြောသည်။

အဆိုပါ အဖွဲ့အနဖြေင့် ယခုကဲ့သို့ အသင်းသားများဖြင့် မိုင်းလာသို့ ခရီးသွားခြင်းမှာ တတိယအကြိမ်မြောက် ဖြစ်ပြီး ယခု အခေါက်တွင် မိုင်းလားမြို့သို့ ရောက်ရှိပါက အသင်းသားများအား စက်ဘီးပစ္စည်းများကို မဲဖောက် ပေးသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

"ကျိုင်းတုံနဲ့မိုင်းလားကို စက်ဘီးနဲ့သွားရင် (၆)နာရီလောက်ကြာတယ်။ ကျွန်တော်တို့ အနေနဲ့ မိုင်းလားကို (၁)ညအိပ် (၂)ရက်သွားကြမှာဖြစ်ပါတယ်။ မိုင်းလားကိုရောက်ရင် အဖွဲ့ဝင်တွေကို စက်ဘီးပစ္စည်းလေးတွေ မဲဖောက်ပေးသွားမှာပါ။"ဟု၎င်းကဆက်ပြောသည်။

အဆိုပါ ကျိုင်းတုံတောင်တက်စက်ဘီးအသင်းတွင် အဖွဲ့ဝင်ပေါင်း(၅၀)ဦးရှိပြီး ယခု ခရီးစဉ်တွင် စက်ဘီး(၂၃)စီး ပါဝင်မည်ဖြစ်ပြီး ဝါခေါင်လပြည့်နေ့ဖြစ်သည့် သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၈)နာရီခွဲတွင် စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - Kyaing Tong Moutain Bike Group

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~