တာခ်ီလိတ္ၿမိဳ႕တြင္ နာမည္ေက်ာ္ေနသည့္ အိမ္ငွားဟန္ေဆာင္၍ ေငြလိမ္လည္ေနသူ လူလိမ္ေကာ္ေဇာအား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ နာမည္ေက်ာ္ေနသည့္ အိမ္ငွားဟန္ေဆာင္၍ ေငြလိမ္လည္ေနသူ လူလိမ္ေကာ္ေဇာအား ဖမ္းဆီးရမိ
သြဂုတ် 3, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ငွားရန္ဟန္ေဆာင္ကာ အိမ္ခန္းငွားသူမ်ားထံမွ ေငြလိမ္လည္ေနသျဖင့္ လူလိမ္ ေကာ္ေဇာဟု Facebook ေပၚတြင္ နာမည္ႀကီးေနသူအား ၾသဂုတ္လ (၂) ရက္ေန႔က ျပည္သူတစ္ဦး၏ သတင္းေပးမႈေၾကာင့္ ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အသက္(၅၀)ေက်ာ္ အမ်ိဳးသားတစ္ဦးက အိမ္ခန္းငွားမည္ဟု အိမ္ခန္း ပိုင္ရွင္မ်ားအား အယံုသြင္းကာ ေငြေၾကးလိမ္လည္မႈမ်ား လုပ္ေဆာင္ေနသျဖင့္ လူလိမ္ေကာ္ေဇာအား သတိထားရန္ဟုဆိုကာ CCTV မွတ္တမ္းမွရရိွသည့္ ၎၏ ပံုႏွင့္တကြ ေရးသားေဖာ္ျပမႈမ်ား လူမႈကြန္ရက္ စာမ်က္ႏွာ (Facebook)တြင္ ပ်ံ႕ႏွံ႔လာသျဖင့္ တာခ်ီလိတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕က စံုစမ္းေဖာ္ထုတ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔၏ မႈခင္းအကူအဖြဲ႔မွ ရဲအုပ္ေသာင္းေရႊ ႏွင့္ ရဲတပ္ၾကပ္ႀကီး သန္းထြဋ္၊ ရဲတပ္ၾကပ္ႀကီး ေက်ာ္မင္းႏိုင္၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္ ဦးစီးအဖြဲ႕တို႔သည္ တာခ်ီလိတ္ၿမိဳ႕တြင္း ျဖန္႔ခြဲ၍ ေန႔စဥ္ သတင္းစုံစမ္းေနစဥ္ ၾသဂုတ္လ (၂) ရက္ ေန႔လယ္တြင္ လူလိမ္ေကာ္ေဇာဟု နာမည္ႀကီးေနသူ မသကၤာဖြယ္လူတစ္ဦးအား မယ္ေခါင္ရပ္ကြက္ ၊ ၀မ္းေအ လမ္းၾကားတြင္ ေတြ႔ရေၾကာင္း တာ၀န္သိျပည္သူတစ္ဦးက သတင္းေပးလာသျဖင့္ အဆိုပါ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ဖမ္းဆီးရာ၊ လူလိမ္ေကာ္ေဇာဆိုသူမွာ ထြက္ေျပးရန္ ႀကိဳးစားခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမွာ အသက္ (၅၆)ႏွစ္အရြယ္ စိုင္းရွဲန္ (ခ) စိုင္းတစ္ (ခ) ဘုႀကီးဆိုသူျဖစ္ၿပီး ခိုးမႈ၊ လိမ္လည္မႈမ်ားျဖင့္ ေထာင္အႀကိမ္ ႀကိမ္က်ခဲ့ကာ က်င့္ ၄၀၁ အရ ေထာင္မွလြတ္လာသူျဖစ္ၿပီး ၎အား စစ္ေဆးေမးျမန္းရာတြင္ ဇူလိုင္လ (၂၅) ရက္က တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(က)ရပ္ကြက္ ၊ အိမ္အမွတ္(၁/၄၂) ေနအိမ္ အပါအ၀င္ တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္(၃/၄)အိမ္၌ လိမ္လည္မႈ က်ဴးလြန္ခဲ့ေၾကာင္း အစစ္ခံထြက္ဆိုခဲ့သည္ဟု ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ဇူလိုင္လ (၂၅) ရက္တြင္ပင္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆို္င္း (က) ရပ္ကြက္ ၊ အိမ္အမွတ္ (၁/၄၂)ေန ေဒၚခ်ိဳခ်ိဳ၏ ေနအိမ္ လိုင္းခန္းငွားရာသို႔ သြားေရာက္ၿပီး ၎ပိုင္ေနအိမ္အသစ္ေဆာက္လုပ္ေနသျဖင့္ အခန္းတစ္ခန္း(၆)လခန္႔ ငွားရမ္းလိုေၾကာင္းေျပာကာ တစ္လလွ်င္ အခန္းခ ထိုင္းဘတ္ေငြ (၂၅၀၀)ျဖင့္ ေစ်းတည့္ခဲ့ၾကသည္ဟု သိရသည္။

ယင္းေနာက္ စိုင္းရွဲန္က အခန္းအား ေကာ္ေဇာမ်ားခင္းမည္ဟုဆိုကာ အခန္းအားတိုင္းတာ၍ အခန္းသန္႔ရွင္းေရး ျပဳလုပ္ထားရန္ေျပာၿပီး ေကာ္ေဇာ၀ယ္ရန္ထြက္သြားၿပီး မၾကာမီ ေကာ္ေဇာဆုိင္မွ ေဘာင္ခ်ာယူလာၿပီး ျပကာ ေကာ္ေဇာဖိုးရွင္းရန္ ေငြလိုေနသျဖင့္ ဘတ္ (၄၀၀၀)အား ခဏစိုက္ထုတ္ေပးရန္ အိမ္ရွင္အား ေျပာကာ ယူသြားၿပီးေနာက္ ျပန္ေရာက္လာျခင္း မရိွေတာ့ေၾကာင္း သိရသည္။

၎အား ဖမ္းဆီးရမိခ်ိန္တြင္ ေငြေၾကးလိမ္လည္ခံရသူ ေဒၚခ်ိဳခ်ဳိက စိုင္းတစ္အား ဥပေဒအရ အေရးယူေပးရန္ တာခ်ီလိတ္ရဲစခန္းတြင္ တရားလိုျပဳလုပ္၍ အမႈဖြင့္တိုင္ၾကားလာသျဖင့္ တာခ်ီလိတ္ၿမိဳ႕တြင္ နာမည္ႀကီးေနသည့္ လူလိမ္ေကာ္ေဇာ (ခ) စိုင္းရွဲန္ (ခ) စိုင္းတစ္ (ခ) ဘုႀကီးအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္း၌ (ပ) ၁၄၂ / ၂၀၁၆ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္အေရးယူထားၿပီး အမႈစစ္ ဒုရဲအုပ္ ေဇာ္ေအာင္မွ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေမာင္ဖိုးစံ(ဒူးယား)
..................

တာချီလိတ်မြို့တွင် အိမ်ငှါးရန်ဟန်ဆောင်ကာ အိမ်ခန်းငှါးသူများထံမှ ငွေလိမ်လည်နေသဖြင့် လူလိမ် ကော်ဇောဟု Facebook ပေါ်တွင် နာမည်ကြီးနေသူအား သြဂုတ်လ (၂) ရက်နေ့က ပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသက်(၅၀)ကျော် အမျိုးသားတစ်ဦးက အိမ်ခန်းငှါးမည်ဟု အိမ်ခန်း ပိုင်ရှင်များအား အယုံသွင်းကာ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေသဖြင့် လူလိမ်ကော်ဇောအား သတိထားရန်ဟုဆိုကာ CCTV မှတ်တမ်းမှရရှိသည့်၎င်း၏ ပုံနှင့်တကွ ရေးသားဖော်ပြမှုများ လူမှုကွန်ရက် စာမျက်နှာ (Facebook)တွင် ပျံ့နှံ့လာသဖြင့် တာချီလိတ်မြို့မ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နခြေင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ မှုခင်းအကူအဖွဲ့မှ ရဲအုပ်သောင်းရွှေ နှင့် ရဲတပ်ကြပ်ကြီး သန်းထွဋ်၊ ရဲတပ်ကြပ်ကြီး ကျော်မင်းနိုင်၊ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင် ဦးစီးအဖွဲ့တို့သည် တာချီလိတ်မြို့တွင်း ဖြန့်ခွဲ၍ နေ့စဉ် သတင်းစုံစမ်းနေစဉ် သြဂုတ်လ (၂) ရက် နေ့လယ်တွင် လူလိမ်ကော်ဇောဟု နာမည်ကြီးနေသူ မသင်္ကာဖွယ်လူတစ်ဦးအား မယ်ခေါင်ရပ်ကွက်၊ ဝမ်းအေ လမ်းကြားတွင် တွေ့ရကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်းပေးလာသဖြင့် အဆိုပါ ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးရာ၊ လူလိမ်ကော်ဇောဆိုသူမှာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ အသက် (၅၆)နှစ်အရွယ် စိုင်းရှဲန် (ခ) စိုင်းတစ် (ခ) ဘုကြီးဆိုသူဖြစ်ပြီး ခိုးမှု၊ လိမ်လည်မှုများဖြင့် ထောင်အကြိမ် ကြိမ်ကျခဲ့ကာ ကျင့် ၄၀၁ အရ ထောင်မှလွတ်လာသူဖြစ်ပြီး၎င်းအား စစ်ဆေးမေးမြန်းရာတွင် ဇူလိုင်လ (၂၅) ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အိမ်အမှတ်(၁/၄၂) နေအိမ် အပါအဝင် တာချီလိတ်မြို့တွင် အိမ်(၃/၄)အိမ်၌ လိမ်လည်မှု ကျူးလွန်ခဲ့ကြောင်း အစစ်ခံထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ (၂၅) ရက်တွင်ပင် တာချီလိတ်မြို့၊ ဆန်ဆို်င်း (က) ရပ်ကွက်၊ အိမ်အမှတ် (၁/၄၂)နေ ဒေါ်ချိုချို၏ နေအိမ် လိုင်းခန်းငှါးရာသို့ သွားရောက်ပြီး၎င်းပိုင်နေအိမ်အသစ်ဆောက်လုပ်နေသဖြင့် အခန်းတစ်ခန်း(၆)လခန့် ငှါးရမ်းလိုကြောင်းပြောကာ တစ်လလျှင် အခန်းခ ထိုင်းဘတ်ငွေ (၂၅၀၀)ဖြင့် ဈေးတည့်ခဲ့ကြသည်ဟု သိရသည်။

ယင်းနောက် စိုင်းရှဲန်က အခန်းအား ကော်ဇောများခင်းမည်ဟုဆိုကာ အခန်းအားတိုင်းတာ၍ အခန်းသန့်ရှင်းရေး ပြုလုပ်ထားရန်ပြောပြီး ကော်ဇောဝယ်ရန်ထွက်သွားပြီး မကြာမီ ကော်ဇောဆိုင်မှ ဘောင်ချာယူလာပြီး ပြကာ ကော်ဇောဖိုးရှင်းရန် ငွေလိုနေသဖြင့် ဘတ် (၄၀၀၀)အား ခဏစိုက်ထုတ်ပေးရန် အိမ်ရှင်အား ပြောကာ ယူသွားပြီးနောက် ပြန်ရောက်လာခြင်း မရှိတော့ကြောင်း သိရသည်။

၎င်းအား ဖမ်းဆီးရမိချိန်တွင် ငွေကြေးလိမ်လည်ခံရသူ ဒေါ်ချိုချိုက စိုင်းတစ်အား ဥပဒေအရ အရေးယူပေးရန် တာချီလိတ်ရဲစခန်းတွင် တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားလာသဖြင့် တာချီလိတ်မြို့တွင် နာမည်ကြီးနေသည့် လူလိမ်ကော်ဇော (ခ) စိုင်းရှဲန် (ခ) စိုင်းတစ် (ခ) ဘုကြီးအား တာချီလိတ်မြို့မ ရဲစခန်း၌ (ပ) ၁၄၂/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် ဇော်အောင်မှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

သတင်း - မောင်ဖိုးစံ(ဒူးယား)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~