ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးတိုက်တွန်း

ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးတိုက်တွန်း
သွဂုတျ 17, 2016
By Tachileik News Agency

ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ကြရန် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က တိုက်တွန်းလိုက်သည်။



ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည်  ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင်းလူထုတွေ့ဆုံရန်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်ရေးလုပ်ငန်းများ စနစ်ကျစေရန် လိုက်လံ စိစစ်နေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - ဇွဲမြတ်

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ဌာနဆိုင်ရာဝန်ထမ်းများ အနဖြေင့် ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ကြရန် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က တိုက်တွန်းလိုက်သည်။

"ဌာနဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူနဲ့တစ်သားတည်းကျအောင်နေပါ။ ပြည်သူနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ပါလို့ ကျွန်တော့်အနေနဲ့ ပြတ်ပြတ်သားသားပြောခဲ့ချင်ပါတယ်။ နောက်ပြီးတော့ ပြည်သူကို လေးစားရပါမယ်။"ဟု ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က တိုက်တွန်းလိုက်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံတို့သည် သြဂုတ်လ(၁၇)ရက်နေ့က ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာများ၊ ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင်းလူထုတွေ့ဆုံရန်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်ရေးလုပ်ငန်းများ စနစ်ကျစေရန် လိုက်လံ စိစစ်နခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့သည် တာချီလိတ်မြို့၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် ကျိုင်းတုံမြို့များသို့ သွားရောက်ကာ ဒေသခံများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~