က်ဳိင္းတံုနည္းပညာ အထက္တန္းေက်ာင္းအတြက္ သိမ္းဆည္းမည့္ေျမတြင္ လက္ရွိစိုက္ပ်ဳိးေျမမ်ား ပါ၀င္ေန

က်ဳိင္းတံုနည္းပညာ အထက္တန္းေက်ာင္းအတြက္ သိမ္းဆည္းမည့္ေျမတြင္ လက္ရွိစိုက္ပ်ဳိးေျမမ်ား ပါ၀င္ေန
သြဂုတ် 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ ၊ ကက္ဖေက်းရြာအုပ္စုအတြင္း နည္းပညာအထက္တန္း ေက်ာင္းႏွင့္ ၀န္ထမ္းေဟာင္းမ်ားအတြက္ အိမ္ရာ တည္ေဆာက္ရန္ သိမ္းဆည္းမည့္ေျမမ်ားတြင္ ႏွစ္ရွည္သီးႏွံမ်ား စိုက္ပ်ိဳးထားသည့္ ေနရာမ်ား ပါ၀င္ေနသျဖင့္ ေတာင္သူမ်ားက ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ထံ အသနားခံစာ တင္ထားေၾကာင္း သိရသည္။

"ကၽြန္ေတာ္ စိုက္ထားတာ ႏွစ္ရွည္သီးႏွံျဖစ္တဲ့ ၾကယ္ပဲ စိုက္ပ်ိဳးထားတာပါ။ ၂၀၁၅ ခုႏွစ္ကတည္းက စၿပီးစိုက္ခဲ့တာ ရင္းႏွီးျမႇဳပ္ႏွံထားတာလည္းမ်ားေတာ့ သိမ္းမယ္ဆိုရင္ အမ်ားႀကီး ဆံုးရွံဳးမွာ။ အခုကၽြန္ေတာ္ကိုင္ထားတဲ့ စာအုပ္က ေတာင္သူတစ္ဦးခ်င္း သီးႏွံစိုက္ပ်ိဳးမွဳမွတ္တမ္းစာအုပ္ပဲရွိတယ္။ တျခား ဘာမွမရွိဘူး။ ပံုစံ(၇)သြားလုပ္တုန္းကလည္း လုပ္မေပးခဲ့ဘူး။ အခုေလာေလာဆယ္ေတာ့ ၀န္ႀကီးခ်ဳပ္ဆီကို အသနားခံစာ တင္ထားတယ္"ဟု ၾကယ္ပဲ စိုက္ပ်ိဳးထားသည့္ ေတာင္သူ စိုင္းလံုပ်ဲန္း က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ နည္းပညာအထက္တန္းေက်ာင္းနွင့္ ၀န္ထမ္းေဟာင္းမ်ားအတြက္ အိမ္ရာ တည္ေဆာက္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ၂၀၁၆ ခုႏွစ္ ဇြန္လ(၂၇)ရက္ေန႔တြင္ အေၾကာင္းၾကားစာပို႔ခဲ့ၿပီး  ကက္ဖေက်းရြာ အုပ္စုအတြင္းရွိ ေျမဧက(၆၉)ဧကမွ  (၂)ေနရာတြင္ သိမ္းဆည္းရန္ လ်ာထားသည့္အနက္ ေျမ(၁၄)ဧကလ်ာထားသည့္ဘက္တြင္ သီးႏွံစိုက္ပ်ိဳးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ကို ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက ေျမရာဇ၀င္ျပဳစုၿပီး တင္ျပခိုင္းထားလို႔ တင္ျပၿပီးပါၿပီ။ အဲဒီေျမေတြထဲမွာ ၾကယ္ပဲ စိုက္ပ်ိဳးထားတာေတြရွိပါတယ္။ အခုေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တို႔ ဓာတ္ပံုမွတ္တမ္းနဲ႔ ျပဳစုၿပီး ေျမရာဇ၀င္ကို ျပန္လည္တင္ျပၿပီးျဖစ္ပါတယ္"ဟု က်ိဳင္းတံုၿမိဳ႕နယ္ ေျမစာရင္းဦးစီးဌာနမွ ေျမတိုင္းစာေရး ဦးေအာင္သန္းထြဋ္က ေျပာသည္။

သိမ္းဆည္းရန္လ်ာထားသည့္ ေျမဧက(၁၄)ဧကအနက္ ေတာင္သူ (၄) ဦးက ေျမ(၁၀)ဧကတြင္ လြန္ခဲ့သည့္ (၂)ႏွစ္ကတည္းက ၾကယ္ပဲ စိုက္ပ်ိဳးထားျခင္းျဖစ္ၿပီး လက္ရွိတြင္ ၾကယ္ပဲရြက္မ်ားအား ေရာင္းခ်ေနရကာ ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ ၾကယ္ပဲမ်ားကို ထိုင္းႏိုင္ငံႏွင့္ တရုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ရန္ ျပင္ဆင္ထားျခင္းျဖစ္ေၾကာင္း ၾကယ္ပဲစိုက္ေတာင္သူမ်ားထံမွ သိရသည္။

သတင္း - ကိုဇက္

....................

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကက်ဖကျေးရွာအုပ်စုအတွင်း နည်းပညာအထက်တန်း ကျောင်းနှင့် ဝန်ထမ်းဟောင်းများအတွက် အိမ်ရာ တည်ဆောက်ရန် သိမ်းဆည်းမည့်မြေများတွင် နှစ်ရှည်သီးနှံများ စိုက်ပျိုးထားသဖြင့် တောင်သူများက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ အသနားခံစာ တင်ထားကြောင်း သိရသည်။

"ကျွန်တော် စိုက်ထားတာ နှစ်ရှည်သီးနှံဖြစ်တဲ့ ကြယ်ပဲ စိုက်ပျိုးထားတာပါ။ ၂၀၁၅ ခုနှစ်ကတည်းက စပြီးစိုက်ခဲ့တာ ရင်းနှီးမြှုပ်နှံထားတာလည်းများတော့ သိမ်းမယ်ဆိုရင် အများကြီး ဆုံးရှုံးမှာ။ အခုကျွန်တော်ကိုင်ထားတဲ့ စာအုပ်က တောင်သူတစ်ဦးချင်း သီးနှံစိုက်ပျိုးမှုမှတ်တမ်းစာအုပ်ပဲရှိတယ်။ တခြား ဘာမှမရှိဘူး။ ပုံစံ(၇)သွားလုပ်တုန်းကလည်း လုပ်မပေးခဲ့ဘူး။ အခုလောလောဆယ်တော့ ဝန်ကြီးချုပ်ဆီကို အသနားခံစာ တင်ထားတယ်"ဟု ကြယ်ပဲ စိုက်ပျိုးထားသည့် တောင်သူ စိုင်းလုံပျဲန်း က ပြောသည်။

ကျိုင်းတုံမြို့တွင် နည်းပညာအထက်တန်းကျောင်းနှင့် ဝန်ထမ်းဟောင်းများအတွက် အိမ်ရာ တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၆ ခုနှစ် ဇွန်လ(၂၇)ရက်နေ့တွင် အကြောင်းကြားစာပို့ခဲ့ပြီး ကက်ဖကျေးရွာ အုပ်စုအတွင်းရှိ မြေဧက(၆၉)ဧကမှ (၂)နေရာတွင် သိမ်းဆည်းရန် လျာထားသည့်အနက် မြေ(၁၄)ဧကလျာထားသည့်ဘက်တွင် သီးနှံစိုက်ပျိုးထားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီက မြေရာဇဝင်ပြုစုပြီး တင်ပြခိုင်းထားလို့ တင်ပြပြီးပါပြီ။ အဲဒီမြေတွေထဲမှာ ကြယ်ပဲ စိုက်ပျိုးထားတာတွေရှိပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ဓာတ်ပုံမှတ်တမ်းနဲ့ ပြုစုပြီး မြေရာဇဝင်ကို ပြန်လည်တင်ပြပြီးဖြစ်ပါတယ်"ဟု ကျိုင်းတုံမြို့နယ် မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေး ဦးအောင်သန်းထွဋ်က ပြောသည်။

သိမ်းဆည်းရန်လျာထားသည့် မြေဧက(၁၄)ဧကအနက် တောင်သူ (၄) ဦးက မြေ(၁၀)ဧကတွင် လွန်ခဲ့သည့် (၂)နှစ်ကတည်းက ကြယ်ပဲ စိုက်ပျိုးထားခြင်းဖြစ်ပြီး လက်ရှိတွင် ကြယ်ပဲရွက်များအား ရောင်းချနေရကာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကြယ်ပဲများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ကြယ်ပဲစိုက်တောင်သူများထံမှ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~