ေတာင္ႀကီးၿမိဳ႕ေပၚမွ ေစ်းႀကီး(၃)ေစ်းတြင္ အိုင္အိုဒင္းဆား ေရာင္းခ်မႈကို စစ္ေဆး

ေတာင္ႀကီးၿမိဳ႕ေပၚမွ ေစ်းႀကီး(၃)ေစ်းတြင္ အိုင္အိုဒင္းဆား ေရာင္းခ်မႈကို စစ္ေဆး
သြဂုတ် 24, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ေပၚရွိ ေစ်းႀကီး(၃)ေစ်းတြင္ အိုင္အိုဒင္းဆားအား စနစ္တက် သိုေလွာင္ ေရာင္းခ်မႈ အေျခအေနကို မိခင္ႏွင့္ကေလးက်န္းမာေရးဌာနႏွင့္ က်န္းမာေရးဦးစီးဌာနအပါအ၀င္ အဖြဲ႕စံုျဖင့္ ၾသဂုတ္လ(၂၄)ရက္ေန႔တြင္ လိုက္လံစစ္ေဆး၍ ပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"အိုင္အိုဒင္းမပါတာ စားသံုးရင္ ေဘးထြက္ဆိုးက်ိဳးရွိတာ မဟုတ္ပါဘူး။ အိုင္အိုဒင္းမပါတာကို စားသံုးရင္ အိုင္အိုဒင္းခ်ိဳ႕တဲ့သူ ျဖစ္တတ္ပါတယ္။ အိုင္အိုဒင္းခ်ိဳ႕တဲ့ရင္ ဦးေႏွာက္ဥာဏ္မမီတာေတြ၊ ကိုယ္၀န္ေဆာင္သည္ေတြ လမေစ့ဘဲ ေမြးတာေတြ၊ ကိုယ္လက္အဂၤါ မျပည့္စံုတာေတြ၊ သားပ်က္သားေလွ်ာတာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေရာင္းခ်တဲ့သူေတြကို စနစ္တက်ေရာင္းခ်ျခင္း ရွိ/မရွိ လိုက္စစ္ေဆးတာပါ"ဟု ေတာင္ႀကီးၿမိဳ႕ မိခင္ကေလးက်န္းမာေရးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒါက္တာ ေမမင္းသိမ့္က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕ေပၚရွိ ၿမိဳ႕မေစ်း၊ စ၀္စံထြန္းေစ်းႏွင့္ အမွတ္(၅)ေစ်းတြင္ လိုက္လံစစ္ေဆးျခင္းျဖစ္ၿပီး ေစ်းတာဝန္ခံ၊ စည္ပင္ေစ်း တာဝန္ခံ၊ ေစ်းအက်ဳိးေဆာင္၊ အရန္မီးသတ္တပ္ဖြဲ႔၊ NGO၊ က်န္းမာေရး ဦးစီးဌာနမ်ားလည္း ပူးေပါင္းပါ၀င္ေၾကာင္း သိရသည္။

ေစ်းမ်ားတြင္ လိုက္လံစစ္ေဆးေနၿပီး ပညာေပးေဟာေျပာမႈမ်ားအျပင္ လက္ကမ္းစာေစာင္မ်ားလည္း ေ၀ငွသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း လူဦးေရ(၅.၈)သန္းေက်ာ္ရွိသည့္အနက္ အသက္(၁၄)ႏွစ္ေအာက္ကေလးငယ္ (၃၂)ရာခိုင္ႏွဳန္းပါ၀င္ၿပီး မသန္စြမ္းသူ ကေလးငယ္ေပါင္း(၆)သိန္းေက်ာ္ရွိေၾကာင္း ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္း အစီရင္ခံစာအရ သိရသည္။

သတင္း/ဓာတ္ပံု - #ႏိုႏို

**********

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ ဈေးကြီး(၃)ဈေးတွင် အိုင်အိုဒင်းဆားအား စနစ်တကျ သိုလှောင် ရောင်းချမှု အခြေအနေကို မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနအပါအဝင် အဖွဲ့စုံဖြင့် သြဂုတ်လ(၂၄)ရက်နေ့တွင် လိုက်လံစစ်ဆေး၍ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

"အိုင်အိုဒင်းမပါတာ စားသုံးရင် ဘေးထွက်ဆိုးကျိုးရှိတာ မဟုတ်ပါဘူး။ အိုင်အိုဒင်းမပါတာကို စားသုံးရင် အိုင်အိုဒင်းချို့တဲ့သူ ဖြစ်တတ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့ရင် ဦးနှောက်ဉာဏ်မမီတာတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ လမစေ့ဘဲ မွေးတာတွေ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံတာတွေ၊ သားပျက်သားလျှောတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရောင်းချတဲ့သူတွေကို စနစ်တကျရောင်းချခြင်း ရှိ/မရှိ လိုက်စစ်ဆေးတာပါ"ဟု တောင်ကြီးမြို့ မိခင်ကလေးကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မေမင်းသိမ့်က ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ မြို့မဈေး၊ စဝ်စံထွန်းဈေးနှင့် အမှတ်(၅)ဈေးတွင် လိုက်လံစစ်ဆေးခြင်းဖြစ်ပြီး ဈေးတာဝန်ခံ၊ စည်ပင်ဈေး တာဝန်ခံ၊ ဈေးအကျိုးဆောင်၊ အရန်မီးသတ်တပ်ဖွဲ့၊ NGO၊ ကျန်းမာရေး ဦးစီးဌာနများလည်း ပူးပေါင်းပါဝင်ကြောင်း သိရသည်။

ဈေးများတွင် လိုက်လံစစ်ဆေးနပြေီး ပညာပေးဟောပြောမှုများအပြင် လက်ကမ်းစာစောင်များလည်းေဝငှသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း လူဦးရေ(၅.၈)သန်းကျော်ရှိသည့်အနက် အသက်(၁၄)နှစ်အောက်ကလေးငယ် (၃၂)ရာခိုင်နှုန်းပါဝင်ပြီး မသန်စွမ်းသူ ကလေးငယ်ပေါင်း(၆)သိန်းကျော်ရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ သိရသည်။

သတင်း/ဓာတ်ပုံ - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~