က်ဳိင္းလပ္ၿမိဳ႕တြင္ တရားမဝင္ေရႊတူးေနသည့္ကုမၸဏီတစ္ခု စစ္ေဆးေတြ႔ရိွ

က်ဳိင္းလပ္ၿမိဳ႕တြင္ တရားမဝင္ေရႊတူးေနသည့္ကုမၸဏီတစ္ခု စစ္ေဆးေတြ႔ရိွ
သြဂုတ် 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းလပ္ၿမိဳ႕၊ ပန္ပဲေက်းရြာအနီး ေရႊတူးေဖာ္ေနေသာ ကုမၸဏီမ်ားအနက္ တရားမ၀င္ တူးေဖာ္ေနေသာ ကုမၸဏီတစ္ခုအား စစ္ေဆးေတြ႔ရိွရေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

"သက္ဆိုင္ရာ ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ကြင္းဆင္းၾကည့္ရွဳေတာ့ ကုမၸဏီတစ္ခုက တရားမ၀င္ တူးေနတာကို ေတြ႕တာပါ။ ဒါကလည္း တူးေဖာ္ခြင့္ ေလွ်ာက္ထားပါတယ္။ ဒါေပမ့ဲ လုပ္ကိုင္ခြင့္ မက်ေသးတာပါ။ ဒါေၾကာင့္ အခုေလာေလာဆယ္ ရပ္တန္႔ထားဖို႔ေတာ့ အုပ္ခ်ဳပ္ေရးပိုင္းက ညႊန္ၾကားပါလိမ့္မယ္"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။

ပန္ပဲေက်းရြာေဒသခံမ်ားမွ ေက်းရြာအနီး ေရႊသတၱဳတူးေဖာ္မႈမ်ားေၾကာင့္ သဘာ၀ပတ္၀န္းက်င္ ထိခိုက္မႈရွိၿပီး လယ္စိုက္ပ်ိဳးရန္ ဆည္မ်ားပ်က္စီးခဲ့ျခင္း၊ ကၽြဲ/ ႏြား တိရစာၦန္စားက်က္မ်ား ပ်က္စီးခဲ့ျခင္းတို႔ေၾကာင့္ သတၱဳလုပ္ငန္းရွင္မ်ားအသင္းအား တိုင္ၾကားခဲ့ရာ ေဒသအုပ္ခ်ဳပ္ေရး အဖြဲ႕၀င္မ်ားႏွင့္ ပ်က္စီးမႈအေျခအေနအား သြားေရာက္ၾကည့္ရွဳစစ္ေဆးခဲ့ရာမွ ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

"ရြာသားေတြေတာင္းဆိုတဲ့အထဲမွာ ႏြားစားက်က္နဲ႔ လယ္ေရသြင္းတဲ့ ဆည္ျပန္ျပင္ေပးဖို႔ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြအတြက္ ကူညီေပးဖို႔ ေတာင္းဆိုတာပါ။ အဲဒီအထဲက ႏြားစားက်က္က သူတို႔ ပိုင္ဆိုင္ေၾကာင္း အေထာက္အထား မျပႏိုင္ေတာ့ အဆင္မေျပဘူး။ က်န္တာေတြေတာ့ ကုမၸဏီေတြနဲ႔ ညႇိႏွိဳင္းလို႔ အဆင္ေျပသြားပါတယ္"ဟု ဦးတင္ႏြယ္က ေျပာသည္။

က်ိဳင္းလပ္ၿမိဳ႕နယ္ ၊ ပန္ပဲေက်းရြာအနီး ေရႊတူးေဖာ္မႈလုပ္ကိုင္ေနေသာ ကုမၸဏီ(၈)ခုခန္႔ရွိၿပီး လင္းလက္ၾကယ္စင္ ကုမၸဏီမွာ တူးေဖာ္ခြင့္ေလွ်ာက္ထားဆဲျဖစ္ၿပီး တူးေဖာ္ထုတ္လုပ္ခြင့္ မက်မီမွာပင္ လုပ္ကိုင္ေနသျဖင့္ ဆက္လက္လုပ္ေဆာင္ျခင္းမျပဳရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာနမွ ညႊန္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
...................................

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့၊ ပန်ပဲကျေးရွာအနီး ရွှေတူးဖော်နေသော ကုမ္ပဏီများအနက် တရားမဝင် တူးဖော်နေသော ကုမ္ပဏီတစ်ခုအား စစ်ဆေးတွေ့ရှိရကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

"သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးတွေနဲ့ ကွင်းဆင်းကြည့်ရှုတော့ ကုမ္ပဏီတစ်ခုက တရားမဝင် တူးနေတာကို တွေ့တာပါ။ ဒါကလည်း တူးဖော်ခွင့် လျှောက်ထားပါတယ်။ ဒါပေမဲ့ လုပ်ကိုင်ခွင့် မကျသေးတာပါ။ ဒါကြောင့် အခုလောလောဆယ် ရပ်တန့်ထားဖို့တော့ အုပ်ချုပ်ရေးပိုင်းက ညွှန်ကြားပါလိမ့်မယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

ပန်ပဲကျေးရွာဒေသခံများမှ ကျေးရွာအနီး ရွှေသတ္တုတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိပြီး လယ်စိုက်ပျိုးရန် ဆည်များပျက်စီးခဲ့ခြင်း၊ ကျွဲ/ နွား တိရစာ္ဆန်စားကျက်များ ပျက်စီးခဲ့ခြင်းတို့ကြောင့် သတ္တုလုပ်ငန်းရှင်များအသင်းအား တိုင်ကြားခဲ့ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပျက်စီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

"ရွာသားတွေတောင်းဆိုတဲ့အထဲမှာ နွားစားကျက်နဲ့ လယ်ရေသွင်းတဲ့ ဆည်ပြန်ပြင်ပေးဖို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ကူညီပေးဖို့ တောင်းဆိုတာပါ။ အဲဒီအထဲက နွားစားကျက်က သူတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်တော့ အဆင်မပြေဘူး။ ကျန်တာတွေတော့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းလို့ အဆင်ပြေသွားပါတယ်"ဟု ဦးတင်နွယ်က ပြောသည်။

ကျိုင်းလပ်မြို့နယ်၊ ပန်ပဲကျေးရွာအနီး ရွှေတူးဖော်မှုလုပ်ကိုင်နေသော ကုမ္ပဏီ(၈)ခုခန့်ရှိပြီး လင်းလက်ကြယ်စင် ကုမ္ပဏီမှာ တူးဖော်ခွင့်လျှောက်ထားဆဲဖြစ်ပြီး တူးဖော်ထုတ်လုပ်ခွင့် မကျမီမှာပင် လုပ်ကိုင်နေသဖြင့် ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် မြို့နယ်အုပ်ချုပ်ရေးဌာနမှ ညွှန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~