ရွမ္းျပည္နယ္ အေရးေပၚကာလ စီမံခန္႔ခြဲေရး ေကာ္မတီတြင္ ဥကၠဌ အျဖစ္ ၀န္ႀကီးခ်ဳပ္မွ တာ၀န္ယူ ေဆာင္ရြက္မည္

ရွမ္းျပည္နယ္ အေရးေပၚကာလ စီမံခန္႔ခြဲေရး ေကာ္မတီတြင္ ဥကၠဌ အျဖစ္ ၀န္ႀကီးခ်ဳပ္မွ တာ၀န္ယူ ေဆာင္ရြက္မည္
သြဂုတ် 29, 2016
By Tachileik News Agency

ျပည္နယ္အဆင့္ အေရးေပၚကာလ စီမံခန္႔ခြဲေရး လုပ္ငန္းအစည္းအေ၀းအား ၾသဂုတ္လ(၂၉)ရက္ေန႔ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္အစိုးရ႐ံုး အစည္းအေ၀းခန္းမတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"ျပည္နယ္ထဲမွာ ျဖစ္ေပၚလာႏိုင္တဲ့ အေရးေပၚ အေျခအေနေတြကို ထိေရာက္လ်င္ျမန္စြာ ကိုင္တြယ္ႏိုင္ဖို႔ အတြက္နဲ႔ လုပ္ငန္းေကာ္မတီ၀င္ေတြ အားလံုး ႀကိဳတင္ ညႇိႏွိဳင္းေပါင္းစပ္ေဆာင္ရြက္ႏိုင္ဖို႔ အစည္းအေ၀း က်င္းပတာျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာ စကား အျဖစ္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျပည္နယ္အဆင့္ အေရးေပၚကာလ စီမံခန္႔ခြဲေရးေကာ္မတီ၏ လုပ္ငန္းတာ၀န္မ်ားမွာ အစိုးရ၏ လံုျခံဳေရး အဖြဲ႕အစည္းမ်ား အၾကား ထိေရာက္သည့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား အတြက္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ခ်ိတ္ဆက္ကာ အဓိက႐ုဏ္းျဖစ္ပြားခဲ့လွ်င္ လ်င္လ်င္ျမန္ျမန္ထိန္းသိမ္း ကိုင္တြယ္သြားရန္၊ လူမ်ိဳးေရး၊ ဘာသာေရး အဓိက႐ုဏ္းမ်ား မျဖစ္ပြားေစေရး ထိထိေရာက္ေရာက္ ကာကြယ္ရန္၊ ေသြးထိုး လွံဳ႕ေဆာ္မႈမ်ားအား တားဆီးကာကြယ္ႏိုင္ေရး စီမံေဆာင္ရြက္ေပးရန္၊ ျပည္သူဗဟိုျပဳ ရဲလုပ္ငန္း ၀န္ေဆာင္မႈစနစ္အား ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်းရြာအလုိက္ ကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းေဆာင္ရြက္ရန္မ်ား ပါ၀င္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ အေရးေပၚကာလ စီမံခန္႔ခြဲေရး ေကာ္မတီတြင္ ဥကၠဌ အျဖစ္ ျပည္နယ္၀န္ႀကီးခ်ဳပ္မွ ဦးေဆာင္မွာ ျဖစ္ၿပီး ဒုတိယဥကၠဌ အျဖစ္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီးမွ တာ၀န္ယူ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းႏွင့္ ေကာ္မတီ၀င္မ်ားအျဖစ္ ျပည္နယ္အစိုးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ရွမ္းျပည္နယ္ ဥပေဒခ်ဳပ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း/ေဒသ ဥကၠဌမ်ားႏွင့္ တိုင္းစစ္ဌာနခ်ဳပ္မွ ကိုယ္စားလွယ္မ်ားႏွင့္ အဖြဲ႕၀င္(၂၉)ဦး ပါ၀င္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~


ပြည်နယ်အဆင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး လုပ်ငန်းအစည်းအေဝးအား သြဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအေဝးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ပြည်နယ်ထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ် အခြေအနေတွေကို ထိရောက်လျင်မြန်စွာ ကိုင်တွယ်နိုင်ဖို့ အတွက်နဲ့ လုပ်ငန်းကော်မတီဝင်တွေ အားလုံး ကြိုတင် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ အစည်းအေဝး ကျင်းပတာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာ စကား အဖြစ် ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်အဆင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများ အကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ကာ အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန်ထိန်းသိမ်း ကိုင်တွယ်သွားရန်၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်ရန်၊ သွေးထိုး လှုံ့ဆော်မှုများအား တားဆီးကာကွယ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ ပြည်သူဗဟိုပြု ရဲလုပ်ငန်း ဝန်ဆောင်မှုစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရန်များ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီတွင် ဥက္ကဌ အဖြစ် ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်မှာ ဖြစ်ပြီး ဒုတိယဥက္ကဌ အဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကော်မတီဝင်များအဖြစ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် ဥပဒေချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဥက္ကဌများနှင့် တိုင်းစစ်ဌာနချုပ်မှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်(၂၉)ဦး ပါဝင်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~