ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ထွေ/အုပ်သည် သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအား လိုက်နာဆောင်ရွက်ကြောင်း ဒုဝန်ကြီးဆို

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ထွေ/အုပ်သည် သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအား လိုက်နာဆောင်ရွက်ကြောင်း ဒုဝန်ကြီးဆို
သွဂုတျ 6, 2016
By Tachileik News Agency

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းထားသော်လည်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအောက်တွင် လိုက်နာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ သြဂုတ်လ(၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သိမ်းဆည်းခံ လယ်ယာမြေများကိစ္စအား မေးမြန်းသည့် ဆက်စပ်မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ယင်းကဲ့သို့ထည့်သွင်းဖြေကြားသွားခြင်းဖြစ်သည်။


မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၏ ဖြေကြားမှုမှာ မြေပြင်အခြေအနေနှင့် ကွာခြားမှုရှိနေသဖြင့် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦးကို လွှတ်ပြီးဖြစ်စေ၊ အမှန်တကယ် သိမ်းဆည်းခံ ထားရသော မြေများအတွင်း အပင်စိုက်ပျိုးထားခြင်း ရှိ/မရှိကို စုံစမ်းပြီး တရားနည်းလမ်းနှင့် ရယူထားခြင်းဟုတ်/မဟုတ် သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်စိုးက"သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း အသေးစိတ်ရယူပြီး မေးမြန်းခဲ့ပါကြောင်း၊ မြေပုံနှင့်တကွ ရယူပြီးလည်း ဖြစ်ပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်၍လည်း မသင့်တော်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးချုပ် ကိုယ်စား သက်ဆိုင်ရာ ပြည်နယ်အစိုးရက တာဝန်ယူ ဖြေကြားထားသော ဖြေကြားချက်အပေါ် မိမိတို့ အနေဖြင့် တာဝန်ခံ ဖြေကြားခြင်း ဖြစ်ပါကြောင်း"ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်း -  ကိုဇက်
.................

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းထားသော်လည်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအောက်တွင် လိုက်နာ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအေဝး သတ္တမမြောက်နေ့ သြဂုတ်လ(၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သိမ်းဆည်းခံ လယ်ယာမြေများကိစ္စအား မေးမြန်းသည့် ဆက်စပ်မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယင်းကဲ့သို့ထည့်သွင်းဖြကြေားသွားခြင်းဖြစ်သည်။
"အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်မှ ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ သို့သော် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီးရှိ ဝန်ထမ်းဌာန အသီးသီးသည် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် အစိုးရ၏ အုပ်ချုပ်မှုအောက်နှင့် သက်ဆိုင်ရာစီမံခန့်ခွဲမှုတွင် လိုက်နာ ဆောင်ရွက်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်"ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဖြကြေားမှုမှာ မြပြေင်အခြေအနေနှင့် ကွာခြားမှုရှိနေသဖြင့် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦးကို လွှတ်ပြီးဖြစ်စေ၊ အမှန်တကယ် သိမ်းဆည်းခံ ထားရသော မြေများအတွင်း အပင်စိုက်ပျိုးထားခြင်း ရှိ/မရှိကို စုံစမ်းပြီး တရားနည်းလမ်းနှင့် ရယူထားခြင်းဟုတ်/မဟုတ် သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက"သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း အသေးစိတ်ရယူပြီး မေးမြန်းခဲ့ပါကြောင်း၊ မြေပုံနှင့်တကွ ရယူပြီးလည်း ဖြစ်ပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်၍လည်း မသင့်တော်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးချုပ် ကိုယ်စား သက်ဆိုင်ရာ ပြည်နယ်အစိုးရက တာဝန်ယူ ဖြကြေားထားသော ဖြကြေားချက်အပေါ် မိမိတို့ အနဖြေင့် တာဝန်ခံ ဖြကြေားခြင်း ဖြစ်ပါကြောင်း"ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။
သတင်း - ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~