တာခ်ီလိတ္ၿမိဳ႕နယ္ ပါေကြ႕ေက်းရြာ၌ ေနအိမ္တစ္လံုး မီးေလာင္ကြ်မ္း

တာခ်ီလိတ္ၿမိဳ႕နယ္ ပါေကြ႕ေက်းရြာ၌ ေနအိမ္တစ္လံုး မီးေလာင္ကြ်မ္း
သြဂုတ် 26, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုရွိ ပါေကြ႕ေက်းရြာတြင္ ၾသဂုတ္လ(၂၆)ရက္ေန႔ ညေန(၄)နာရီ ၀န္းက်င္က မီးေလာင္မႈ ျဖစ္ပြားရာ ေနအိမ္တစ္လံုး မီးေလာင္ကြ်မ္းသြားေၾကာင္း သိရသည္။

မီးေလာင္မႈ ျဖစ္ပြားျခင္းႏွင့္ ပတ္သက္၍ ပါေကြ႕ေက်းရြာေန ဦးအားခ်ာသည္ ထမင္းဟင္းခ်က္ရန္ ဟင္းသီးဟင္းရြက္ ထြက္ရွာစဥ္ ေနအိမ္ အိပ္ခန္းအတြင္း ထြန္းညႇိထားေသာ ဆီမီးခြက္မွတဆင့္ မီးေလာင္ကြ်မ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ မီးေလာင္ကြ်မ္းရာတြင္ ေက်းရြာသူ/သားမ်ားမွ ၀ိုင္း၀န္းၿငိမ္းသတ္ခဲ့ရေၾကာင္းႏွင့္ မီးေလာင္ကြ်မ္းသြားသည့္ ေနအိမ္မွာ သြပ္မိုး၊ ထရံကာ၊ ၀ါးၾကမ္းခင္း၊ ေျခတံရွည္အိမ္ျဖစ္ေၾကာင္းအျပင္ မီးေပါ့ဆမႈေၾကာင့္ အိမ္ရွင္ျဖစ္သူ ဦးအားခ်ာအား ဥပေဒအရ အေရးယူထားေၾကာင္း သိရွိရသည္။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ပါကွေ့ကျေးရွာတွင် သြဂုတ်လ(၂၆)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားရာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ပါကွေ့ကျေးရွာနေ ဦးအားချာသည် ထမင်းဟင်းချက်ရန် ဟင်းသီးဟင်းရွက် ထွက်ရှာစဉ် နေအိမ် အိပ်ခန်းအတွင်း ထွန်းညှိထားသော ဆီမီးခွက်မှတဆင့် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်ကျွမ်းရာတွင် ကျေးရွာသူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်းနှင့် မီးလောင်ကျွမ်းသွားသည့် နေအိမ်မှာ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ ခြေတံရှည်အိမ်ဖြစ်ကြောင်းအပြင် မီးပေါ့ဆမှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးအားချာအား ဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~