ဟိုတယ္လိုင္စင္ ေလွ်ာက္ထားျခင္းကို အြန္လိုင္းစနစ္ျဖင့္ စတင္ေလွ်ာက္ထားႏိုင္

ဟိုတယ္လိုင္စင္ ေလွ်ာက္ထားျခင္းကို အြန္လိုင္းစနစ္ျဖင့္ စတင္ေလွ်ာက္ထားႏိုင္
သြဂုတ် 1, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီးအတြင္း ဟိုတယ္၊ တည္းခိုရိပ္သာမ်ား တည္ေဆာက္ျခင္း၊ အခန္းတိုးခ်ဲ႕ ျပဳျပင္ျခင္းႏွင့္ လိုင္စင္ေလွ်ာက္ထားျခင္းေတြကို အြန္လိုင္းကေန ေဆာင္ရြက္ေပးေနၿပီျဖစ္ေၾကာင္း ဟိုတယ္လုပ္ငန္းရွင္မ်ား အသင္း(မႏၱေလးဇံု) မွ သိရသည္။

“ဟိုတယ္မ်ား အခန္းတိုး၍ ျပဳျပင္ေဆာင္ရြက္ျခင္း၊  ေဆာက္လုပ္ၿပီးေသာ အေဆာက္အဦမ်ားကို ဟိုတယ္/ တည္းခိုရိပ္သာ ျပဳျပင္ေဆာက္လုပ္ျခင္း၊  ဟိုတယ္/တည္းခိုရိပ္သာ အသစ္တည္ေဆာက္ျခင္းမ်ားကို တိုင္းေဒသႀကီးသို႔ တင္ျပေဆာင္ရြက္ၿပီး ၀န္ႀကီးဌာနသို႔ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ တင္ျပေဆာင္ရြက္ရန္ လိုအပ္ပါတယ္။ အခုကလိုင္စင္ကိုလည္း Online System ကေန ေလွ်ာက္ထားႏိုင္ၿပီဆိုေတာ့ ပိုမိုလြယ္ကူ လ်င္ျမန္လာမွာ ျဖစ္ပါတယ္”ဟု ဟိုတယ္ႏွင့္ခရီးသြား လာေရး ၀န္ႀကီးဌာန၊ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာန၊ ညႊန္ၾကားေရးမွဴး ဦးခင္ေမာင္ေရႊ က ေျပာသည္။

ဟိုတယ္လုပ္ငန္းရွင္မ်ား အေနျဖင့္ လိုအပ္ေသာ အေျခခံအခ်က္အလက္မ်ားကို ျပည့္စံုေအာင္ ေဆာင္ရြက္ထားၾကဖို႔ လိုအပ္ၿပီး လိုင္စင္မဲ့ ဟိုတယ္မ်ားအေနႏွင့္ လိုင္စင္ျပဳလုပ္ထားရမွာျဖစ္ေၾကာင္း သိရသည္။

 “ကၽြန္မတို႔ဟိုတယ္ စေဆာက္မယ္ဆိုေတာ့ စည္ပင္ကို စာတင္ရတယ္။ ဒါေပမဲ့ ဟိုတယ္ၿပီးသြားမွသာ ခြင့္ျပဳခ်က္က က်လာတယ္။ သူ႔တို႔ခြင့္ျပဳခ်က္ရမွသာ ေဆာက္ရမယ္ဆို ဒီတစ္သက္ၿပီးမွာကို မဟုတ္ဘူး။ ဘာေတြဘယ္လို ၾကာေနလည္း မသိဘူး။ မႏၱေလးမွာ လိုင္စင္မရွိတဲ့ ဟိုတယ္ေတြ အမ်ားႀကီးပဲ။ စစ္ေဆးေပးေစခ်င္တယ္။ လိုင္စင္နဲ႔ အခြန္ေဆာင္ၿပီးလုပ္ေနတဲ့ ဟိုတယ္ေတြ အေနနဲ႔က လိုင္စင္လည္း မရွိဘဲ အခန္းခလည္းေလွ်ာ့ယူတဲ့ ဟိုတယ္ေတြေၾကာင့္ အရမ္းကိုနစ္နာပါတယ္။”ဟု ဟိုတယ္လုပ္ငန္းရွင္  မသူဇာက ဆိုသည္။

ဟိုတယ္/တည္းခိုရိပ္သာ အသစ္တည္ေဆာက္ခြင့္ ရရွိေရးတင္ျပ ေလွ်ာက္ထားရာတြင္ မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၏ ညႊန္ၾကားထားမႈမ်ား၊ မီးသတ္ဦးစီးဌာန၊ ၿမိဳ႕နယ္လွ်ပ္စစ္၊ ပတ္၀န္းက်င္ ထိန္းသိမ္းေရး ဦးစီးဌာနတို႔၏ လမ္းညႊန္ခ်က္မ်ားကို ဖတ္ရႈ၍ အေကာင္းဆံုး အေကာင္အထည္ ေဖာ္ႏိုင္ေသာ အစီအမံမ်ား ေဆာင္ရြက္ထားရန္လည္း လိုအပ္ေၾကာင္း သိရသည္။

“ဟိုတယ္နဲ႔တည္းခိုရိပ္သာလုပ္ငန္းဟာ ၀န္ေဆာင္မႈကိုအဓိက ထားတဲ့လုပ္ငန္း ျဖစ္ပါတယ္။ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ဖို႕အတြက္ ဟိုတယ္ေတြက အဓိကက်တဲ့ေနရာမွာ ပါ၀င္ပါတယ္။ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔  လုပ္ငန္းရွင္ေတြအေနနဲ႔ ကူညီပံ့ပိုးေဆာင္ရြက္ေပး ဖို႔ လိုအပ္သလို ဌာနကလည္း ပူးေပါင္းေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္။”ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရး ၀န္ႀကီးဌာန၊ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာန၊ ညႊန္ၾကားေရးမွဴး ဦးခင္ေမာင္ေရႊ ကေျပာသည္။

ဟိုတယ္/တည္းခိုရိပ္သာ လုပ္ငန္းလုပ္ကိုင္ခြင့္ရရွိသူမ်ားသည္ မိမိတို႔၏ တည္ေနရာ ပတ္၀န္းက်င္ရွိ အမ်ားျပည္သူ လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ အေႏွာင့္အယွက္ တစ္စံုတစ္ရာ မရွိဘဲ အဆင္ေျပစြာ ေဆာင္ရြက္ရန္ လိုေၾကာင္း သိရွိရသည္။

သတင္း - ေရႊေဇာ္

..............

မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများ တည်ဆောက်ခြင်း၊ အခန်းတိုးချဲ့ ပြုပြင်ခြင်းနှင့် လိုင်စင်လျှောက်ထားခြင်းတွေကို အွန်လိုင်းကနေ ဆောင်ရွက်ပေးနပြေီဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုံ) မှ သိရသည်။

“ဟိုတယ်များ အခန်းတိုး၍ ပြုပြင်ဆောင်ရွက်ခြင်း၊ ဆောက်လုပ်ပြီးသော အဆောက်အဦများကို ဟိုတယ်/ တည်းခိုရိပ်သာ ပြုပြင်ဆောက်လုပ်ခြင်း၊ ဟိုတယ်/တည်းခိုရိပ်သာ အသစ်တည်ဆောက်ခြင်းများကို တိုင်းဒေသကြီးသို့ တင်ပြဆောင်ရွက်ပြီး ဝန်ကြီးဌာနသို့ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တင်ပြဆောင်ရွက်ရန် လိုအပ်ပါတယ်။ အခုကလိုင်စင်ကိုလည်း Online System ကနေ လျှောက်ထားနိုင်ပြီဆိုတော့ ပိုမိုလွယ်ကူ လျင်မြန်လာမှာ ဖြစ်ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေ က ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်များ အနဖြေင့် လိုအပ်သော အခြေခံအချက်အလက်များကို ပြည့်စုံအောင် ဆောင်ရွက်ထားကြဖို့ လိုအပ်ပြီး လိုင်စင်မဲ့ ဟိုတယ်များအနေနှင့် လိုင်စင်ပြုလုပ်ထားရမှာဖြစ်ကြောင်း သိရသည်။

 “ကျွန်မတို့ဟိုတယ် စဆောက်မယ်ဆိုတော့ စည်ပင်ကို စာတင်ရတယ်။ ဒါပေမဲ့ ဟိုတယ်ပြီးသွားမှသာ ခွင့်ပြုချက်က ကျလာတယ်။ သူ့တို့ခွင့်ပြုချက်ရမှသာ ဆောက်ရမယ်ဆို ဒီတစ်သက်ပြီးမှာကို မဟုတ်ဘူး။ ဘာတွေဘယ်လို ကြာနေလည်း မသိဘူး။ မန္တလေးမှာ လိုင်စင်မရှိတဲ့ ဟိုတယ်တွေ အများကြီးပဲ။ စစ်ဆေးပေးစေချင်တယ်။ လိုင်စင်နဲ့ အခွန်ဆောင်ပြီးလုပ်နေတဲ့ ဟိုတယ်တွေ အနေနဲ့က လိုင်စင်လည်း မရှိဘဲ အခန်းခလည်းလျှော့ယူတဲ့ ဟိုတယ်တွေကြောင့် အရမ်းကိုနစ်နာပါတယ်။”ဟု ဟိုတယ်လုပ်ငန်းရှင် မသူဇာက ဆိုသည်။

ဟိုတယ်/တည်းခိုရိပ်သာ အသစ်တည်ဆောက်ခွင့် ရရှိရေးတင်ပြ လျှောက်ထားရာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ညွှန်ကြားထားမှုများ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့၏ လမ်းညွှန်ချက်များကို ဖတ်ရှု၍ အကောင်းဆုံး အကောင်အထည် ဖော်နိုင်သော အစီအမံများ ဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း သိရသည်။

“ဟိုတယ်နဲ့တည်းခိုရိပ်သာလုပ်ငန်းဟာ ဝန်ဆောင်မှုကိုအဓိက ထားတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဟိုတယ်တွေက အဓိကကျတဲ့နေရာမှာ ပါဝင်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ငန်းရှင်တွေအနေနဲ့ ကူညီပံ့ပိုးဆောင်ရွက်ပေး ဖို့ လိုအပ်သလို ဌာနကလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေ ကပြောသည်။

ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူများသည် မိမိတို့၏ တည်နေရာ ပတ်ဝန်းကျင်ရှိ အများပြည်သူ လုပ်ငန်းများနှင့် ပတ်သက်၍ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိဘဲ အဆင်ပြေစွာ ဆောင်ရွက်ရန် လိုကြောင်း သိရှိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~