သတၱဳလုပ္ငန္းႏွင့္ ပတ္သက္၍ နစ္နာမႈမ်ားကို တိုင္ၾကားႏုိင္မည့္ Complain Center တာခ်ီလိတ္၌ ဖြင့္မည္

သတၱဳလုပ္ငန္းႏွင့္ ပတ္သက္၍ နစ္နာမႈမ်ားကို တိုင္ၾကားႏုိင္မည့္ Complain Center တာခ်ီလိတ္၌ ဖြင့္မည္
သြဂုတ် 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ  သတၱဳတူးေဖာ္ထုတ္လုပ္မႈမ်ားႏွင့္ ပတ္သက္၍ ေတာင္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ နစ္နာမႈမ်ား ရွိပါက မေက်နပ္ခ်က္မ်ား၊ နစ္နာမႈမ်ားအား လာေရာက္တိုင္ၾကား ႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕တြင္ Complain Center ဖြင့္လွစ္ရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း သိရသည္။

"အဓိကေတာ့ ေတာင္သူေတြ နစ္နာမႈေတြကို (၃)ပြင့္ဆိုင္ ေျဖရွင္းေပးဖို႔အတြက္ ဖြင့္လွစ္တာ။ ဒီစင္တာမွာ တိုင္တန္းတာနဲ႔ သက္ဆိုင္ရာ လုပ္ကြက္မွာ သတၱဳထုတ္လုပ္ေနတဲ့ ကုမၸဏီရယ္ Myanmar Alliance for Transparency and Accountability - (MATA)တို႔လိုမ်ိဳး ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ၊ နစ္နာသူေတာင္သူေတြကို ေတြ႕ဆံုၿပီး ေျဖရွင္းႏိုင္ဖို႔အတြက္ပါ"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း )သတၱဳလုပ္ငန္းရွင္မ်ားအသင္း  အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။

ယခုလက္ရွိ အေျခအေနတြင္ နစ္နာသူေတာင္သူမ်ားမွ တိုင္ၾကားရာတြင္ ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးမ်ားအား တုိင္ၾကားသျဖင့္ တိုက္ရိုက္ေျဖရွင္းႏိုင္ျခင္း မရွိဘဲ ၾကန္႔ၾကာမႈမ်ား ျဖစ္ေပၚေနသည့္အေပၚ Complain Center ဖြင့္လွစ္၍ ေျဖရွင္း ေဆာင္ရြက္ေပးသြားရန္ သတၱဳတြင္း၀န္ႀကီးဌာန အစည္းအေ၀းတြင္ ေဆြးေႏြး ဆံုးျဖတ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဖြင့္တာေတာ့ သိပ္မၾကာခင္ဖြင့္မွာပါ။ ေဒသတြင္း ကိုယ္စားလွယ္ေတြ၊ အစိုးရပိုင္းေတြနဲ႔ အစည္းအေ၀းေတြ လုပ္ၿပီး အတည္ျပဳခ်က္ရၿပီးရင္ သိပ္မၾကာခင္ဖြင့္မွာပါ။ ဒါမွလည္း ျပႆနာေတြကို ျမန္ျမန္ ေျဖရွင္းႏိုင္မွာ"ဟု ဦးတင္ႏြယ္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ သတၱဳတူးေဖာ္ေနေသာ ကုမၸဏီ(၉၂)ခုရွိၿပီး ေရႊတူးေဖာ္သည့္ လုပ္ကြက္ေပါင္း (၆၁)ကြက္၊  မင္းဂနီး(စ္)ဒိုင္ေအာက္ဆိုဒ္တူးေဖာ္သည့္ အကြက္ေပါင္း(၁၂)ကြက္၊ ခဲမျဖဴ/အၿဖိဳက္နက္ တူးေဖာ္သည့္ အကြက္ေပါင္း(၁၂)ကြက္၊ ခေနာက္စိမ္းလုပ္ကြက္ (၃)ကြက္၊ ထံုးေက်ာက္လုပ္ကြက္(၁)ကြက္၊ သံရိုင္းလုပ္ကြက္(၂)ကြက္၊ ေက်ာက္မီးေသြးလုပ္ကြက္(၁)ကြက္ စုစုေပါင္းလုပ္ကြက္(၄၃)ကြက္ရွိေၾကာင္း သိရသည္။

သတင္း - ကိုဇက္
..............

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ သတ္တုတူးဖော်ထုတ်လုပ်မှုများနှင့် ပတ်သက်၍ တောင်သူများနှင့် ဒေသခံပြည်သူများ၏ နစ်နာမှုများ ရှိပါက မကျေနပ်ချက်များ၊ နစ်နာမှုများအား လာရောက်တိုင်ကြား နိုင်ရန် တာချီလိတ်မြို့တွင် Complain Center ဖွင့်လှစ်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

"အဓိကတော့ တောင်သူတွေ နစ်နာမှုတွေကို (၃)ပွင့်ဆိုင် ဖြေရှင်းပေးဖို့အတွက် ဖွင့်လှစ်တာ။ ဒီစင်တာမှာ တိုင်တန်းတာနဲ့ သက်ဆိုင်ရာ လုပ်ကွက်မှာ သတ္တုထုတ်လုပ်နေတဲ့ ကုမ္ပဏီရယ် Myanmar Alliance for Transparency and Accountability - (MATA)တို့လိုမျိုး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နစ်နာသူတောင်သူတွေကို တွေ့ဆုံပြီး ဖြေရှင်းနိုင်ဖို့အတွက်ပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း )သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

ယခုလက်ရှိ အခြေအနေတွင် နစ်နာသူတောင်သူများမှ တိုင်ကြားရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအား တိုင်ကြားသဖြင့် တိုက်ရိုက်ဖြေရှင်းနိုင်ခြင်း မရှိဘဲ ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည့်အပေါ် Complain Center ဖွင့်လှစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားရန် သတ္တုတွင်းဝန်ကြီးဌာန အစည်းအေဝးတွင် ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဖွင့်တာတော့ သိပ်မကြာခင်ဖွင့်မှာပါ။ ဒေသတွင်း ကိုယ်စားလှယ်တွေ၊ အစိုးရပိုင်းတွေနဲ့ အစည်းအေဝးတွေ လုပ်ပြီး အတည်ပြုချက်ရပြီးရင် သိပ်မကြာခင်ဖွင့်မှာပါ။ ဒါမှလည်း ပြဿနာတွေကို မြန်မြန် ဖြေရှင်းနိုင်မှာ"ဟု ဦးတင်နွယ်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် သတ္တုတူးဖော်နေသော ကုမ္ပဏီ(၉၂)ခုရှိပြီး ရွှေတူးဖော်သည့် လုပ်ကွက်ပေါင်း (၆၁)ကွက်၊ မင်းဂနီး(စ်)ဒိုင်အောက်ဆိုဒ်တူးဖော်သည့် အကွက်ပေါင်း(၁၂)ကွက်၊ ခဲမဖြူ/အဖြိုက်နက် တူးဖော်သည့် အကွက်ပေါင်း(၁၂)ကွက်၊ ခနောက်စိမ်းလုပ်ကွက် (၃)ကွက်၊ ထုံးကျောက်လုပ်ကွက်(၁)ကွက်၊ သံရိုင်းလုပ်ကွက်(၂)ကွက်၊ ကျောက်မီးသွေးလုပ်ကွက်(၁)ကွက် စုစုပေါင်းလုပ်ကွက်(၄၃)ကွက်ရှိကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~