(၄)လအတြင္း ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈလိုေငြ အေမရိကန္ေဒၚလာ သန္းေပါင္း(၁၅၀၀)ေက်ာ္ျပေန

(၄)လအတြင္း ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈလိုေငြ အေမရိကန္ေဒၚလာ သန္းေပါင္း(၁၅၀၀)ေက်ာ္ျပေန
သြဂုတ် 28, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံ၏ ၂၀၁၆ -၂၀၁၇ ဘ႑ာေရးႏွစ္၏ ပထမ(၄)လပတ္အတြင္း ကုန္သြယ္မႈ လိုေငြ အေမရိကန္ေဒၚလာ သန္းေပါင္း (၁,၅၀၀)ေက်ာ္ရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၏ ထုတ္ျပန္ထားေသာ စာရင္းမ်ားအရ သိရသည္။

ျမန္မာႏိုင္ငံမွ ပို႔ကုန္တန္ဖိုးအေနႏွင့္ အေမရိကန္ေဒၚလာ သန္းေပါင္း(၃,၅၉၉.၆၃၆)သန္း ႏိုင္ငံျခားသို႔ တင္ပို႔ႏိုင္ခဲ့ၿပီး သြင္းကုန္တန္ဖိုးအေနႏွင့္ အေမရိကန္ေဒၚလာ သန္းေပါင္း(၅,၁၁၇.၆၃၄)သန္း တင္သြင္းျခင္းေၾကာင့္ ႏိုင္ငံ၏ ကုန္သြယ္မႈလိုေငြမွာ အေမရိကန္ေဒၚလာ သန္းေပါင္း(၁,၅၁၇.၉၉၈)သန္းရွိေၾကာင္း စာရင္းမ်ားအရ သိရသည္။

ဧၿပီ(၁)ရက္ေန႔မွ ၾသဂုတ္လ(၅)ရက္ေန႔အထိ (၄)လတာကာလအတြင္း ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ သန္းေပါင္း (၈,၇၁၇.၂၇၀)သန္းရွိၿပီး ပင္လယ္ေရေၾကာင္းမွ ကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ(၆,၄၄၀.၀၂၃)သန္းႏွင့္ နယ္စပ္စခန္းမ်ားမွကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ (၂,၂၇၇.၂၄၇)သန္းရွိသည္ဟု သိရသည္။

ယခင္ဘ႑ာႏွစ္ျဖစ္ေသာ ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္ထက္ ကာလတူ ႏွိဳင္းယွဥ္ခ်က္အရ ပို႔ကုန္တန္းဖိုးမွာ အေမရိကန္ေဒၚလာ သန္းေပါင္း(၉၁.၇၈၁)ေလွ်ာ့က်လာခဲ့ၿပီး ယခင္ဘ႑ာႏွစ္တြင္ ကာလတူ ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ(၃,၆၉၁.၄၁၇)သန္း တင္ပို႔ႏိုင္ခဲ့ၿပီး၊ ယခုႏွစ္တြင္ အေမရိကန္ေဒၚလာ သန္းေပါင္း(၃,၅၉၉.၆၃၆)သန္းသာ တင္ပိုႏိုင္သည့္အတြက္ ကာလတူ ပို႔ကုန္ ေလွ်ာ့က်လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်၏ ပထမ(၄)လပတ်အတွင်း ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁,၅၀၀)ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုးအနေနှင့် အမေရိကန်ဒေါ်လာ သန်းပေါင်း(၃ယ၅၉၉.၆၃၆)သန်း နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုးအနေနှင့် အမေရိကန်ဒေါ်လာ သန်းပေါင်း(၅,၁၁၇.၆၃၄)သန်း တင်သွင်းခြင်းကြောင့် နိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း(၁,၅၁၇.၉၉၈)သန်းရှိကြောင်း စာရင်းများအရ သိရသည်။

ဧပြီ(၁)ရက်နေ့မှ သြဂုတ်လ(၅)ရက်နေ့အထိ (၄)လတာကာလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း (၈,၇၁၇.၂၇၀)သန်းရှိပြီး ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ(၆,၄၄၀.ဝ၂၃)သန်းနှင့် နယ်စပ်စခန်းများမှကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ (၂,၂၇၇.၂၄၇)သန်းရှိသည်ဟု သိရသည်။

ယခင်ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ထက် ကာလတူ နှိုင်းယှဉ်ချက်အရ ပို့ကုန်တန်းဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း(၉၁.၇၈၁)လျှော့ကျလာခဲ့ပြီး ယခင်ဘဏ္ဍာနှစ်တွင် ကာလတူ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၃,၆၉၁.၄၁၇)သန်း တင်ပို့နိုင်ခဲ့ပြီး၊ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း(၃,၅၉၉.၆၃၆)သန်းသာ တင်ပိုနိုင်သည့်အတွက် ကာလတူ ပို့ကုန် လျှော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~