တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများနှင့် သုံးစွဲသူများကို ဖမ်းဆီးရမိ

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများနှင့် သုံးစွဲသူများကို ဖမ်းဆီးရမိ
သွဂုတျ 16, 2016
By Tachileik News Agency



အဆိုပါ ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေ စစ်ဆေးရာတွင် အခန်းပိုင်ရှင် ညီညီနိုင် နှင့် မူးယစ်ဆေးဝါး ဖြန့်ဖြုးရောင်းချနေသူဟု သတင်းရရှိထားသည့် မျိုးလေး(ခ)ကုလားလေး၊ မျိုးဝင်းထူး(ခ)အိုက်တူး(ခ)ရှမ်းလေး၊ သန်းဦး၊ ဝေလင်း၊ စိုင်းဖကင်း(ခ)အောင်ညွှန့်၊ အားဂျာ၊ ၀ဏ္ဏ(ခ)ပီကျင် နှင့် အောင်နိုင်ဝင်းတို့အား မူးယစ်ဆေးဝါးဝိုင်းဖွဲ့သုံးစွဲနေစဉ် တွေ့ရှိပြီး ဖမ်းဆီးကာ ၎င်းတို့ထံ ရှာဖွေရာတွင် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၆)ပြား နှင့် စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများ အပြင် မော်တော်ဆိုင်ကယ်(၁)စီးတို့အား တွေ့ရှိရ၍ ၎င်းတို့(၉)ဦးအား ဖမ်းဆီးပြီး မူးယစ်ဆေးဝါးများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။


~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်အတွင်း၌ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူနှင့် သုံးစွဲသူများ စုစုပေါင်း အမျိုးသား(၉)ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစီမံချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေလျှက်ရှိရာ သြဂုတ်လ(၁၆)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ နေအိမ်အခန်းငှါး တစ်ခုအား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေ စစ်ဆေးရာတွင် အခန်းပိုင်ရှင် ညီညီနိုင် နှင့် မူးယစ်ဆေးဝါး ဖြန့်ဖြုးရောင်းချနေသူဟု သတင်းရရှိထားသည့် မျိုးလေး(ခ)ကုလားလေး၊ မျိုးဝင်းထူး(ခ)အိုက်တူး(ခ)ရှမ်းလေး၊ သန်းဦး၊ေဝလင်း၊ စိုင်းဖကင်း(ခ)အောင်ညွှန့်၊ အားဂျာ၊ ဝဏ္ဏ(ခ)ပီကျင် နှင့် အောင်နိုင်ဝင်းတို့အား မူးယစ်ဆေးဝါးဝိုင်းဖွဲ့သုံးစွဲနေစဉ် တွေ့ရှိပြီး ဖမ်းဆီးကာ၎င်းတို့ထံ ရှာဖွေရာတွင် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၆)ပြား နှင့် စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများ အပြင် မော်တော်ဆိုင်ကယ်(၁)စီးတို့အား တွေ့ရှိရ၍၎င်းတို့(၉)ဦးအား ဖမ်းဆီးပြီး မူးယစ်ဆေးဝါးများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ (၉)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~