တာခ်ီလိတ္၌ ယာဥ္/လမ္းစည္းကမ္း ထိန္းသိမ္းေရးလုပ္ငန္းစဥ္အျဖစ္ ေဆာင္ရြက္စဥ္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္၌ ယာဥ္/လမ္းစည္းကမ္း ထိန္းသိမ္းေရးလုပ္ငန္းစဥ္အျဖစ္ ေဆာင္ရြက္စဥ္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
သြဂုတ် 10, 2016
By Tachileik News Agency

တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔ရံုးေရွ႕တြင္ ယာဥ္/လမ္းစည္းကမ္းထိန္းသိမ္းေရးအျဖစ္ ယာဥ္သြား၊ ယာဥ္လမ္းမ်ားအား ရပ္တန္႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးေပၚမွ မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႕ရွိ ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္မူးယစ္ရဲတပ္ဖြဲ႔မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ ရဲအုပ္၀င္းေက်ာ္ေက်ာ္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ အမွတ္(၁၁၇)ယာဥ္ထိန္း ရဲတပ္ဖြဲ႔စု (တာခ်ီလိတ္)မွ ရဲအုပ္ေဇာ္ေဇာ္ညႊန္႔ႏွင့္ တပ္ဖြဲ႔၀င္မ်ားမွ ၾသဂုတ္လ(၁၀)ရက္ေန႔ ေန႔လယ္(၁၁)နာရီခြဲ၀န္းက်င္ အခ်ိန္က ယာဥ္/လမ္းစည္းကမ္း ထိန္းသိမ္းေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ေနစဥ္မွာ ဖမ္းဆီးရမိတာျဖစ္ေၾကာင္း သိရသည္

အဆိုပါ ပူးေပါင္းစစ္ေဆးေရးအဖြဲ႔မွ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေဘးရွိ တာခ်ီလိတ္ယာဥ္ထိန္းရံုးေရွ႕တြင္ ယာဥ္/လမ္းစည္းကမ္းထိန္းသိမ္းေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ေနစဥ္မွာ ပါလွ်ံမီးပြိဳင့္ဘက္မွ တံတား(၂)မီးပြိဳင့္ဘက္သို႔ အိုက္ရီ(က်ား)ေမာင္းနင္လာေသာ (နံပါတ္ျပားမပါ) ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာ ၎မွာ ဆိုင္ကယ္အား ရပ္တန္႔၍ ကိုယ္လြတ္႐ုန္း ထြက္ေျပးသျဖင့္ ပူးေပါင္းအဖြဲ႔မွ လိုက္လံ ဖမ္းဆီးလိုက္ရေၾကာင္း သိရသည္။

ထိုသို႔ လိုက္လံဖမ္းဆီးရမိၿပီးေနာက္ အိုက္ရီ(က်ား)ႏွင့္အတူ ၎ေမာင္းနင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္အား စစ္ေဆးရွာေဖြရာ ေမာ္ေတာ္ဆိုင္ကယ္ ဖင္ထိုင္ခံုေအာက္တြင္ အေလးခ်ိန္(၁.၅)ကီလိုခန္႔ရွိၿပီး တန္ဖိုးေငြ က်ပ္(၂၃)သိန္းခန္႔ရွိသည့္ ဘိန္းစိမ္းအမဲေရာင္အေစးတံုးအား ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိထားသည့္ အိုက္ရီ(က်ား)အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၅/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
************

တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့တွင် ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးအဖြစ် ယာဉ်သွား၊ ယာဉ်လမ်းများအား ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်နေစဉ် မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ရဲအုပ်ဝင်းကျော်ကျော် နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ရဲအုပ်ဇော်ဇော်ညွှန့်နှင့် တပ်ဖွဲ့ဝင်များမှ သြဂုတ်လ(၁၀)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲဝန်းကျင် အချိန်က ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်နေစဉ်မှာ ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ တာချီလိတ်ယာဉ်ထိန်းရုံးရှေ့တွင် ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်နေစဉ်မှာ ပါလျှံမီးပွိုင့်ဘက်မှ တံတား(၂)မီးပွိုင့်ဘက်သို့ အိုက်ရီ(ကျား)မောင်းနင်လာသော (နံပါတ်ပြားမပါ) မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ၎င်းမှာ ဆိုင်ကယ်အား ရပ်တန့်၍ ကိုယ်လွတ်ရုန်း ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံ ဖမ်းဆီးလိုက်ရကြောင်း သိရသည်။

ထိုသို့ လိုက်လံဖမ်းဆီးရမိပြီးနောက် အိုက်ရီ(ကျား)နှင့်အတူ၎င်းမောင်းနင်လာသော မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ မော်တော်ဆိုင်ကယ် ဖင်ထိုင်ခုံအောက်တွင် အလေးချိန်(၁.၅)ကီလိုခန့်ရှိပြီး တန်ဖိုးငွေ ကျပ်(၂၃)သိန်းခန့်ရှိသည့် ဘိန်းစိမ်းအမဲရောင်အစေးတုံးအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိထားသည့် အိုက်ရီ(ကျား)အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~