လြယ္ေတာ္ခမ္း စစ္ေဆးေရးစခန္း၌ ဆိုင္ကယ္ျဖင့္ ၀င္လာေရာက္လာသူထံမွ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ

လြယ္ေတာ္ခမ္း စစ္ေဆးေရးစခန္း၌ ဆိုင္ကယ္ျဖင့္ ၀င္လာေရာက္လာသူထံမွ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ
သြဂုတ် 26, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ ယာဥ္သြား၊ ယာဥ္လာမ်ားအား စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ဖတ္ဟိေက်းရြာဘက္မွ ေမာင္းႏွင္လာသည့္ အမ်ဳိးသား ႏွစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

လြယ္ေတာ္ခမ္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ ၾသဂုတ္လ(၂၆)ရက္ေန႔ နံနက္(၁၀း၂၀)နာရီ၀န္းက်င္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရ ာပူးေပါင္းအဖြဲ႔တို႔မွ စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ေနစဥ္ ဖတ္ဟိေက်းရြာဘက္မွ တာခ်ီလိတ္ဘက္သို႔ လီေဘြ(က်ား)ေမာင္းႏွင္ၿပီး အားေဆာ့ လိုက္ပါလာေသာ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွာ ယာဥ္ေနာက္မွ လိုက္ပါလာသူ အားေဆာ့မွာ ထြက္ေျပးသျဖင့္ လိုက္လံဖမ္းဆီးခဲ့ရၿပီး ဆက္လက္ရွာေဖြရာမွ စိတ္ၾကြေဆးျပားမ်ားကို ရွာေဖြေတြ႕ရွိ သိမ္းဆည္းရမိတာျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြရာတြင္ အားေဆာ့လြယ္ထားေသာ လြယ္အိတ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၃၉၇)ျပားႏွင့္ စိတ္ၾကြေဆး အက်ဳိးအေၾက (၄)ဂရမ္ခန္႔တို႔ကို ေတြ႕ရွိရာ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္(၆၅၅,၅၀၀)ရွိေၾကာင္း သိရၿပီး မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိသည့္ ၎တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၉/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္းအျပင္ ကြင္းဆက္တရားခံမ်ားအား ဆက္လက္စစ္ေဆး ေဖာ္ထုတ္လွ်က္ ရွိေၾကာင္း သိရသည္။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ယာဉ်သွား၊ ယာဉ်လာများအား စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဖတ်ဟိကျေးရွာဘက်မှ မောင်းနှင်လာသည့် အမျိုးသား နှစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် သြဂုတ်လ(၂၆)ရက်နေ့ နံနက်(၁၀း၂၀)နာရီဝန်းကျင်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ဖတ်ဟိကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ လီဘွေ(ကျား)မောင်းနှင်ပြီး အားဆော့ လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ယာဉ်နောက်မှ လိုက်ပါလာသူ အားဆော့မှာ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရပြီး ဆက်လက်ရှာဖွေရာမှ စိတ်ကြွဆေးပြားများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိတာဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာတွင် အားဆော့လွယ်ထားသော လွယ်အိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၃၉၇)ပြားနှင့် စိတ်ကြွဆေး အကျိုးအကြေ (၄)ဂရမ်ခန့်တို့ကို တွေ့ရှိရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၆၅၅,၅၀၀)ရှိကြောင်း သိရပြီး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၉/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်းအပြင် ကွင်းဆက်တရားခံများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျှက် ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~