က်ဳိင္းလပ္၌ စိတ္ၾကြေဆးျပား ဖမ္းမိ

က်ဳိင္းလပ္၌ စိတ္ၾကြေဆးျပား ဖမ္းမိ
သြဂုတ် 11, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕တြင္ ေရွာင္တစ္ခင္ပိတ္ဆို႔စစ္ေဆးေရးစီမံခ်က္ျဖင့္ မူးယစ္ေဆး၀ါးမ်ားကို ၾသဂုတ္လ(၁၁)ရက္ေန႔အကူး (၁)နာရီအခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ဳိးအုပ္စု၊ တာေလ - က်ဳိင္းလပ္သြားကားလမ္းမေပၚ နမ့္ကိုင္း အေျခစိုက္ တပ္စခန္းကုန္းေရွ႕တြင္ က်ဳိင္းလပ္ဘက္မွ တာေလဘက္သို႔ အားေဂၚ(က်ား)ေမာင္းနင္လာေသာ နံပါတ္မပါသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ပူးေပါင္းအဖြဲ႔က ရပ္တန္႔စစ္ေဆးရာမွ ရွာေဖြသိမ္းဆည္းရမိတာ ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြရာတြင္ ဆိုင္ကယ္၏ ေသာ့အံုၾကား၌ သို၀ွက္ထားသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၁၉၆)ျပားအား ေတြ႕ရွိရသည့္အတြက္ သယ္ေဆာင္လာသူ ႏွင့္အတူ ဖမ္းဆီး သိမ္းဆည္းထားရွိၿပီး မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ မယ(ပ)၅/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
***************

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ရှောင်တစ်ခင်ပိတ်ဆို့စစ်ဆေးရေးစီမံချက်ဖြင့် မူးယစ်ဆေးဝါးများကို သြဂုတ်လ(၁၁)ရက်နေ့အကူး (၁)နာရီအချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စု၊ တာလေ - ကျိုင်းလပ်သွားကားလမ်းမပေါ် နမ့်ကိုင်း အခြေစိုက် တပ်စခန်းကုန်းရှေ့တွင် ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ အားဂေါ်(ကျား)မောင်းနင်လာသော နံပါတ်မပါသည့် မော်တော်ဆိုင်ကယ်အား ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရာမှ ရှာဖွေသိမ်းဆည်းရမိတာ ဖြစ်ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် ဆိုင်ကယ်၏ သော့အုံကြား၌ သိုဝှက်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၉၆)ပြားအား တွေ့ရှိရသည့်အတွက် သယ်ဆောင်လာသူ နှင့်အတူ ဖမ်းဆီး သိမ်းဆည်းထားရှိပြီး မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~