ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သယ္ေဆာင္လာသည့္ က်ပ္သိန္းေပါင္း ၃၆၀ ေက်ာ္ မူးယစ္ေဆးဝါးမ်ား ပင္လယ္ဘူးတြင္ ဖမ္းဆီးရမိ

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သယ္ေဆာင္လာသည့္ က်ပ္သိန္းေပါင္း ၃၆၀ ေက်ာ္ မူးယစ္ေဆးဝါးမ်ား ပင္လယ္ဘူးတြင္ ဖမ္းဆီးရမိ
သြဂုတ် 31, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သယ္ေဆာင္လာသည့္ က်ပ္သိန္းေပါင္း(၃၆၃)တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားအား စစ္ကိုင္းတိုင္းေဒသႀကီး ပင္လယ္ဘူးၿမိဳ႕တြင္ ၾသဂုတ္(၃၀)ရက္ေန႔၌ ဖမ္းဆီးရမိေၾကာင္း ပင္လယ္ဘူး ၿမိဳ႕မရဲစခန္းမွ သိရသည္။

"ရွမ္းျပည္ေျမာက္ပိုင္းက လာတဲ့ ကားေပၚကမိတာပါ။ ကၽြန္ေတာ္တို႔က မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာတယ္လို႔ သတင္းရလို႔ မႏၱေလး - ပင္လယ္ဘူး ကားလမ္းမေပၚမွာ ေစာင့္ေနတာ။ ကားအမ်ိဳးအစားက ဂရင္းဂါဗင္ခ်ီ(၄)ဘီးကား ထုိင္ခံုအမွတ္(၆)မွာထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ ပလပ္စတစ္ျခင္းထဲမွာ ၾကြပ္ၾကြပ္အိတ္နဲ႔ထည့္ထားတာ"ဟု ပင္လယ္ဘူး ၿမိဳ႕မရဲစခန္းမွ ေခတၱစခန္းမွဴး ဒုရဲမွဴး သက္တင္ဦးက ေျပာသည္။

အဆိုပါအမ်ိဳးသမီးထံမွ မူးယစ္ေဆး၀ါးမ်ားမွာ အေလးခ်ိန္(၃၆၃)ဂရမ္ရွိသည့္ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴ/၀ါေရာင္ အမွဳန္႔မ်ားႏွင့္အတူ ေရႊထည္ပစၥည္းမ်ိဳးစံု(၂၅)မ်ိဳး စုုစုေပါင္းအေလးခ်ိန္ (၇.၅)က်ပ္သားခန္႔ တန္ဖိုးက်ပ္(၅,၇၉၀,၅၀၀)တို႔ကိုလည္း ေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ မျပံဳးအား ပင္လယ္ဘူးၿမိဳ႕မရဲစခန္းမွ မယ(ပ)၆၁/၂၀၁၆ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ျပစ္မႈပုဒ္မ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္လွစ္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်းမှ သယ်ဆောင်လာသည့် ကျပ်သိန်းပေါင်း(၃၆၃)တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့တွင် သြဂုတ်(၃၀)ရက်နေ့၌ ဖမ်းဆီးရမိကြောင်း ပင်လယ်ဘူး မြို့မရဲစခန်းမှ သိရသည်။

"ရှမ်းပြည်မြောက်ပိုင်းက လာတဲ့ ကားပေါ်ကမိတာပါ။ ကျွန်တော်တို့က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ သတင်းရလို့ မန္တလေး - ပင်လယ်ဘူး ကားလမ်းမပေါ်မှာ စောင့်နေတာ။ ကားအမျိုးအစားက ဂရင်းဂါဗင်ချီ(၄)ဘီးကား ထိုင်ခုံအမှတ်(၆)မှာထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပလပ်စတစ်ခြင်းထဲမှာ ကြွပ်ကြွပ်အိတ်နဲ့ထည့်ထားတာ"ဟု ပင်လယ်ဘူး မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးထံမှ မူးယစ်ဆေးဝါးများမှာ အလေးချိန်(၃၆၃)ဂရမ်ရှိသည့် ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါရောင် အမှုန့်များနှင့်အတူ ရွှေထည်ပစ္စည်းမျိုးစုံ(၂၅)မျိုး စုစုပေါင်းအလေးချိန် (၇.၅)ကျပ်သားခန့် တန်ဖိုးကျပ်(၅,၇၉၀,၅၀၀)တို့ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မပြုံးအား ပင်လယ်ဘူးမြို့မရဲစခန်းမှ မယ(ပ)၆၁/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~