တာခ်ီလိတ္၌ က်ပ္သိန္းေပါင္း (၁)ေသာင္း၀န္းက်င္ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ားႏွင့္ ထုတ္လုပ္စက္ အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားအား ဖမ္းဆီးရမိ

တာခ်ီလိတ္၌ က်ပ္သိန္းေပါင္း (၁)ေသာင္း၀န္းက်င္ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ားႏွင့္ ထုတ္လုပ္စက္ အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားအား ဖမ္းဆီးရမိ
သြဂုတ် 25, 2016
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္ေက်းရြာအုပ္စု၊ ၀မ္ေက်ာက္လံုေက်းရြာတြင္ က်ပ္သိန္းေပါင္း (၁)ေသာင္း၀န္းက်င္ တန္ဖိုးရွိသည့္ စိတ္ၾကြေဆးမ်ားႏွင့္ မူးယစ္ေဆး၀ါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ အမ်ဳိးသား(၃)ဦးအား ၾသဂုတ္လ(၂၄)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္က စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္ ႏွင့္ မူးယစ္တပ္ဖြဲဲ႔စု(၃၀)တာခ်ီလိတ္ အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရမိေၾကာင္း သိရွိရသည္။

သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ သတင္းရရွိထားသည့္ ၀မ္ေက်ာက္လံုေက်းရြာအတြင္းမွ စိုင္း၀မ္း(က်ား)၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရာ ေနအိမ္တြင္ အိမ္ပိုင္ရွင္ စိုင္း၀မ္း(က်ား)၊ အိုက္တီ(က်ား) ႏွင့္ အိုက္မြန္း(က်ား)တို႔ (၃)ဦးအား ေနအိမ္တြင္ အသင့္ေတြ႕ေနရၿပီး ဆက္လက္၍ ရွာေဖြရာမွ ၿခံ၀င္းအေနာက္ဖက္ရွိ သီးသန္႔ေဆာက္လုပ္ထားေသာ အေဆာက္အဦ၏ ေျမေအာက္ခန္းအတြင္းမွ စိတ္ၾကြေဆးျပားမ်ားႏွင့္ စိတ္ၾကြေဆးျပားမ်ား ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဓာတုေဆးမ်ား၊ စိတ္ၾကြေဆးျပားရိုက္စက္ ႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားကို ရွာေဖြေတြ႕ရွိတာျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြရာတြင္ စိတ္ၾကြေဆးျပားစုစုေပါင္း (၆၄,၂၉၀)ျပား ႏွင့္ စိတ္ၾကြေဆးျပား အမႈန္႔ စုစုေပါင္း ကီလို(၄၀)ေက်ာ္ ႏွင့္ စိတ္ၾကြေဆးျပား အက်ဳိးအေၾက စုစုေပါင္း (၇၅၀)ဂရမ္၊ ကဖင္းစုစုေပါင္း (၆၈)ကီလိုတို႔ကို ရွာေဖြေတြ႕ရွိ သိမ္းဆည္းခဲ့ၾကသည္။

ယင္းအျပင္ စိတ္ၾကြေဆး၀ါးထုတ္လုပ္သည့္ ရိုက္စက္(၁)လံုး၊ Wy စာတမ္းပါ သံမႈိမ်ားႏွင့္ စိတ္ၾကြေဆးျပား ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအျပင္ တူမီးေသနတ္(၁)လက္ ႏွင့္ လက္လုပ္ ေလေသနတ္(၁)လက္တို႔အား ေတြ႕ရွိသိမ္းဆည္းခဲ့ၾကသည္။

မူးယစ္ေဆး၀ါးမ်ား အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိသည့္ စိုင္း၀မ္း၊ အိုက္တီ ႏွင့္ အိုက္မြန္းတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၈/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ)/ ၁၉(က)/၂၀(က)/၂၂(ခ)/ ၂၁ အရ ၾသဂုတ္လ(၂၅)ရက္ေန႔ နံနက္(၃)နာရီအခ်ိန္က အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာတွင် ကျပ်သိန်းပေါင်း (၁)သောင်းဝန်းကျင် တန်ဖိုးရှိသည့် စိတ်ကြွဆေးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အမျိုးသား(၃)ဦးအား သြဂုတ်လ(၂၄)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်က စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိကြောင်း သိရှိရသည်။

သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သတင်းရရှိထားသည့် ဝမ်ကျောက်လုံကျေးရွာအတွင်းမှ စိုင်းဝမ်း(ကျား)၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ နေအိမ်တွင် အိမ်ပိုင်ရှင် စိုင်းဝမ်း(ကျား)၊ အိုက်တီ(ကျား) နှင့် အိုက်မွန်း(ကျား)တို့ (၃)ဦးအား နေအိမ်တွင် အသင့်တွေ့နေရပြီး ဆက်လက်၍ ရှာဖွေရာမှ ခြံဝင်းအနောက်ဖက်ရှိ သီးသန့်ဆောက်လုပ်ထားသော အဆောက်အဦ၏ မြေအောက်ခန်းအတွင်းမှ စိတ်ကြွဆေးပြားများနှင့် စိတ်ကြွဆေးပြားများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဆေးများ၊ စိတ်ကြွဆေးပြားရိုက်စက် နှင့် အခြားဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိတာဖြစ်ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် စိတ်ကြွဆေးပြားစုစုပေါင်း (၆၄,၂၉၀)ပြား နှင့် စိတ်ကြွဆေးပြား အမှုန့် စုစုပေါင်း ကီလို(၄၀)ကျော် နှင့် စိတ်ကြွဆေးပြား အကျိုးအကြေ စုစုပေါင်း (၇၅၀)ဂရမ်၊ ကဖင်းစုစုပေါင်း (၆၈)ကီလိုတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ကြသည်။

ယင်းအပြင် စိတ်ကြွဆေးဝါးထုတ်လုပ်သည့် ရိုက်စက်(၁)လုံး၊ Wy စာတမ်းပါ သံမှိုများနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် တူမီးသေနတ်(၁)လက် နှင့် လက်လုပ် လေသေနတ်(၁)လက်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြသည်။

မူးယစ်ဆေးဝါးများ အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိသည့် စိုင်းဝမ်း၊ အိုက်တီ နှင့် အိုက်မွန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၈/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/ ၁၉(က)/၂၀(က)/၂၂(ခ)/ ၂၁ အရ သြဂုတ်လ(၂၅)ရက်နေ့ နံနက်(၃)နာရီအချိန်က အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~