တာခ်ီလိတ္၌ က်ပ္(၆၈)သိန္းေက်ာ္ မူးယစ္ေဆး၀ါး ႏွင့္ က်ည္ဆံမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္၌ က်ပ္(၆၈)သိန္းေက်ာ္ မူးယစ္ေဆး၀ါး ႏွင့္ က်ည္ဆံမ်ား ဖမ္းဆီးရမိ
သြဂုတ် 1, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ၀မ္မိုင္ရြာတြင္ မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္စစ္ေဆးရာမွ က်ပ္(၆၈)သိန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားႏွင့္ က်ည္ဆံအပါအ၀င္ အိမ္ပိုင္ရွင္ျဖစ္သူအား ၾသဂုတ္လ(၁)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္ေဆး၀ါးမ်ား ေရာင္း၀ယ္လွ်က္ရွိသည္ဟု သတင္းရရွိသျဖင့္ မူးယစ္တပ္ဖြဲ႕၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႕မွ ၾသဂုတ္လ(၁)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္က ပုန္းထြန္ရပ္ကြက္၊ ၀မ္မိုင္ရြာ၊ အကြက္(၁၅)အား ၀င္ေရာက္စစ္ေဆးရာ အိမ္ရွင္ျဖစ္သူ ေဒၚအားဒိုႏွင့္ လူ(၂)ဦးအား ေတြ႕ရွိၿပီး ေနအိမ္အတြင္းရွိ ကုတင္အနီး စိတ္ၾကြေဆး၀ါးသံုစြဲရာတြင္ အသံုးျပဳေသာ ဗူးႏွင့္ စိတ္ၾကြေဆးျပားမ်ားအျပင္ (38 SPL AP)က်ည္ဆံ (၁၈)ေတာင့္တို႔အားေတြ႕ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚအားဒို၏ ေနအိမ္မွ စိတ္ၾကြေဆးျပား (၁၄၈၈)ျပားႏွင့္  ICE(အိုက္(စ္)) ပံုေဆာင္ခဲ(၁၂၅)ဂရမ္တို႔ကို ရွာေဖြေတြ႕ရွိရာ စုစုေပါင္းတန္ဖိုး ေငြမွာ က်ပ္(၆၈)သိန္းေက်ာ္ရွိေၾကာင္း မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ သိရသည္။

အမႈအား ဆက္လက္စစ္ေဆးရာ ေဒၚအားဒိုႏွင့္အတူ ေတြ႕ရွိေသာ လူငယ္(၂)ဦးအပါအ၀င္ ထပ္မံ၍ မူးယစ္ေဆး၀ါး ကြင္းဆက္တရားခံဟု ယူဆရသူ (၂)ဦးအားေတြ႕ရွိ ဖမ္းဆီးထားရွိၿပီး ကြင္းဆက္တရားခံ တစ္ဦးမွ ထြက္ေျပးတိမ္းေရွာင္လွ်က္ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိေသာ ေဒၚအားဒို အပါအ၀င္ လူ(၄)ႏွင့္ ထြက္ေျပးတိမ္းေရွာင္သူ(၁)ဦးတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၀/၂၀၁၆ျဖင့္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ျပစ္မႈပုဒ္မ ၁၅/၁၉(က)/၂၂(ခ) /၂၁ အရ အမႈဖြင့္အေရးယူထားရွိေၾကာင္း သိရွိရသည္။

သတင္း - ကိုဇက္
...............

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်စစ်ဆေးရာမှ ကျပ်(၆၈)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျည်ဆံအပါအဝင် အိမ်ပိုင်ရှင်ဖြစ်သူအား သြဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်ဆေးဝါးများ ရောင်းဝယ်လျှက်ရှိသည်ဟု သတင်းရရှိသဖြင့် မူးယစ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ သြဂုတ်လ(၁)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ အကွက်(၁၅)အား ဝင်ရောက်စစ်ဆေးရာ အိမ်ရှင်ဖြစ်သူ ဒေါ်အားဒိုနှင့် လူ(၂)ဦးအား တွေ့ရှိပြီး နေအိမ်အတွင်းရှိ ကုတင်အနီး စိတ်ကြွဆေးဝါးသုံစွဲရာတွင် အသုံးပြုသော ဗူးနှင့် စိတ်ကြွဆေးပြားများအပြင် (38 SPL AP)ကျည်ဆံ (၁၈)တောင့်တို့အားတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အားဒို၏ နေအိမ်မှ စိတ်ကြွဆေးပြား (၁၄၈၈)ပြားနှင့် ICE(အိုက်(စ်)) ပုံဆောင်ခဲ(၁၂၅)ဂရမ်တို့ကို ရှာဖွေတွေ့ရှိရာ စုစုပေါင်းတန်ဖိုး ငွေမှာ ကျပ်(၆၈)သိန်းကျော်ရှိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

အမှုအား ဆက်လက်စစ်ဆေးရာ ဒေါ်အားဒိုနှင့်အတူ တွေ့ရှိသော လူငယ်(၂)ဦးအပါအဝင် ထပ်မံ၍ မူးယစ်ဆေးဝါး ကွင်းဆက်တရားခံဟု ယူဆရသူ (၂)ဦးအားတွေ့ရှိ ဖမ်းဆီးထားရှိပြီး ကွင်းဆက်တရားခံ တစ်ဦးမှ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဒေါ်အားဒို အပါအဝင် လူ(၄)နှင့် ထွက်ပြေးတိမ်းရှောင်သူ(၁)ဦးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၀/၂၀၁၆ဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုပုဒ်မ ၁၅/၁၉(က)/၂၂(ခ) /၂၁ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~