တာချီလိတ်မြို့နယ်၏ စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း ဖွင့်လှစ်

တာချီလိတ်မြို့နယ်၏ စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း ဖွင့်လှစ်
သွဂုတျ 6, 2016
By Tachileik News Agency
အဆိုပါသင်တန်းဖွင့်ပွဲတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းတော်များမှ အလုပ်အမှုဆောင်များ နှင့် သင်တန်းသား/သူ (၆၀)ဦး တက်ရောက်ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ အတွင်းရေးမှူးဆရာတော် ဒေါက်တာအရှင်ဥာဏ၀ံသက လမ်းညွှန်မှုသြ၀ါဒစကားချီမြှင့်ကာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) မှ သင်ကြားမှု ဆရာ/မ (၄)ဦးက သင်တန်းတွင် သင်ကြားပို့ချပေး သွားမှာ ဖြစ်ကြောင်း သိရသည်။ 
ယခုပြုလုပ်သော  ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသည် တာချီလိတ်မြို့အနေဖြင့် စတုတ္ထ အကြိမ်မြောက်ဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့်  ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းအမှတ်စဉ်(၆၁၇)ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် တာချီလိတ်မြို့ ၊ ကျိုင်းတုံမြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့မှ သင်တန်းသားများအနေဖြင့် ရဟန်းတော် (၁၆)ပါး ၊ ဆရာ (၇)ဦး နှင့်ဆရာမ (၃၇)ဦး ပါဝင်ပြီး သင်တန်းကို သြဂုတ်လ (၆)ရက်နေ့မှ သြဂုတ်(၁၂) ရက်နေ့အထိ (၇)ရက်တိတိ သင်ကြားပေးမှာဖြစ်ကြောင်း သိရသည်။
..............
ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့ပြန့်ပွားစေရေးအတွက် တာချီလိတ်မြို့နယ်တွင် (၇)ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချမည့် စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း၏ ဖွင့်ပွဲကို သြဂုတ်လ (၆)ရက်နေ့ နံနက်ပိုင်းက ရန်အောင်မြေ ပါလျှံဘုရားကြီးကျောင်းတိုက်၌ ပြုလုပ်ရာ သင်တန်းသား/သူ (၆၀)ဦး တက်ရောက်သင်ယူမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းတော်များမှ အလုပ်အမှုဆောင်များ နှင့် သင်တန်းသား/သူ (၆၀)ဦး တက်ရောက်ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ အတွင်းရေးမှူးဆရာတော် ဒေါက်တာအရှင်ဉါဏဝံသက လမ်းညွှန်မှုသြဝါဒစကားချီမြှင့်ကာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) မှ သင်ကြားမှု ဆရာ/မ (၄)ဦးက သင်တန်းတွင် သင်ကြားပို့ချပေး သွားမှာ ဖြစ်ကြောင်း သိရသည်။ 
ယခုပြုလုပ်သော ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသည် တာချီလိတ်မြို့အနဖြေင့် စတုတ္ထ အကြိမ်မြောက်ဖြစ်ပြီး တစ်နိုင်ငံလုံးအနဖြေင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းအမှတ်စဉ်(၆၁၇)ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် တာချီလိတ်မြို့၊ ကျိုင်းတုံမြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့မှ သင်တန်းသားများအနဖြေင့် ရဟန်းတော် (၁၆)ပါး၊ ဆရာ (၇)ဦး နှင့်ဆရာမ (၃၇)ဦး ပါဝင်ပြီး သင်တန်းကို သြဂုတ်လ (၆)ရက်နေ့မှ သြဂုတ်(၁၂) ရက်နေ့အထိ (၇)ရက်တိတိ သင်ကြားပေးမှာဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း၌ ဓမ္မစကူးလ် ကျောင်းတော်ပေါင်း (၂၂)ကျောင်းဖွင့်လှစ်ထားရှိပြိး ယခုအခါမှာ အဆိုပါ ကျောင်းများတွင် လစ်လပ်နေလျှက်ရှိသော သင်ကြားမှု ဆရာတော်၊ သံဃာတော်များ၊ ဆရာ/မများ၏ နေရာများတွင် အစားထိုးသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ သင်တန်းအား ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - #ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~