တာခ်ီလိတ္၌ ဖြင့္လွစ္မည့္ စတုတၳအႀကိမ္ေျမာက္ ဓမၼစကူးလ္ဆရာျဖစ္သင္တန္းတြင္ သင္တန္းသား (၆၀)ဦး တက္ေရာက္ သင္ယူမည္

တာခ်ီလိတ္၌ ဖြင့္လွစ္မည့္ စတုတၳအႀကိမ္ေျမာက္ ဓမၼစကူးလ္ဆရာျဖစ္သင္တန္းတြင္ သင္တန္းသား (၆၀)ဦး တက္ေရာက္ သင္ယူမည္
သြဂုတ် 4, 2016
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕နယ္၏ စတုတၳအႀကိမ္ေျမာက္ ဓမၼစကူးလ္ဆရာျဖစ္သင္တန္းကို ၾသဂုတ္လ(၆)ရက္ေန႔မွစ၍ ၾသဂုတ္လ(၁၂)ရက္ေန႔အထိ ဖြင့္လွစ္မည္ျဖစ္ရာ သင္တန္းသို႔ ရဟန္းေတာ္ ႏွင့္ ဆရာ/ဆရာမ စုစုေပါင္း (၆၀)ဦး တက္ေရာက္ သင္ယူမွာ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းအား စတင္ဖြင့္လွစ္ျခင္းအျဖစ္ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္ရွိ ပါလွ်ံဘုရားႀကီး ေက်ာင္းတိုက္တြင္ ၾသဂုတ္လ(၆)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မွာျဖစ္ၿပီး (၇)ရက္တိတိ သင္တန္းကို အဆိုပါ ေက်ာင္းတိုက္၌ပင္ ဖြင့္လွစ္သင္ၾကားေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။
သင္တန္းသို႔ တက္ေရာက္မည့္ သင္တန္းသားမ်ားမွာ တာခ်ီလိတ္ ႏွင့္ က်ဳိင္းတံု အပါအ၀င္ ထိုင္းႏိုင္ငံ မယ္ဆိုင္မွလည္း လာေရာက္ သင္ယူမွာျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဖြင့္လွစ္ခဲ့ၿပီးေသာ ဓမၼစကူးလ္ေက်ာင္းေတာ္မ်ားမွာ စုစုေပါင္း (၂၂)ေက်ာင္း ရွိခဲ့ၿပီးေနာက္၊ ၎ေက်ာင္းေတာ္မ်ားတြင္ လစ္လပ္လွ်က္ရွိေသာ ဆရာေတာ္၊ သံဃာေတာ္မ်ား၊ ဆရာ/မမ်ား၏ ေနရာမ်ားတြင္ အစားထိုးသင္ၾကားႏိုင္ရန္ႏွင့္ ဓမၼစကူးလ္ေက်ာင္းေတာ္အသစ္မ်ား တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ရန္ ရည္ရြယ္၍ အဆိုပါ သင္တန္းအား ဖြင့္လွစ္ရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
...............
တာချီလိတ်မြို့နယ်၏ စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းကို သြဂုတ်လ(၆)ရက်နေ့မှစ၍ သြဂုတ်လ(၁၂)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသို့ ရဟန်းတော် နှင့် ဆရာ/ဆရာမ စုစုပေါင်း (၆၀)ဦး တက်ရောက် သင်ယူမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား စတင်ဖွင့်လှစ်ခြင်းအဖြစ် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ပါလျှံဘုရားကြီး ကျောင်းတိုက်တွင် သြဂုတ်လ(၆)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး (၇)ရက်တိတိ သင်တန်းကို အဆိုပါ ကျောင်းတိုက်၌ပင် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများမှာ တာချီလိတ် နှင့် ကျိုင်းတုံ အပါအဝင် ထိုင်းနိုင်ငံ မယ်ဆိုင်မှလည်း လာရောက် သင်ယူမှာဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ဖွင့်လှစ်ခဲ့ပြီးသော ဓမ္မစကူးလ်ကျောင်းတော်များမှာ စုစုပေါင်း (၂၂)ကျောင်း ရှိခဲ့ပြီးနောက်၊၎င်းကျောင်းတော်များတွင် လစ်လပ်လျှက်ရှိသော ဆရာတော်၊ သံဃာတော်များ၊ ဆရာ/မများ၏ နေရာများတွင် အစားထိုးသင်ကြားနိုင်ရန်နှင့် ဓမ္မစကူးလ်ကျောင်းတော်အသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ အဆိုပါ သင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~