တာချီလိတ်၌ လစဉ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲပြုလုပ်မည် မည်သူမဆို ပါဝင် စီးနင်းနိုင်

တာချီလိတ်၌ လစဉ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲပြုလုပ်မည် မည်သူမဆို ပါဝင် စီးနင်းနိုင်
သွဂုတျ 13, 2016
By Tachileik News Agency
တာချီလိတ်ခရိုင် အားကစား၊ ကာယပညာဦးစီးဌာနနှင့် စက်ဘီးဆပ်ကော်မတီတို့မှ ပူးပေါင်း ကျင်းပပြုလုပ်မည့် လစဉ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို သြဂုတ်လ(၂၈)ရက်နေ့မှစ၍ လစဉ် နောက်ဆုံးအပတ် တနင်္ဂနွေနေ့များတွင် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
*************
တာချီလိတ်ခရိုင် အားကစား၊ ကာယပညာဦးစီးဌာနနှင့် စက်ဘီးဆပ်ကော်မတီတို့မှ ပူးပေါင်း ကျင်းပပြုလုပ်မည့် လစဉ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို သြဂုတ်လ(၂၈)ရက်နေ့မှစ၍ လစဉ် နောက်ဆုံးအပတ် တနင်္ဂေနွနေ့များတွင် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ လစဉ်လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ပြုလုပ်သွားမှာပါ၊ မည်သူဖြစ်ဖြစ် ပါဝင်ဆင်နွှဲလို့ရပါတယ်၊ လူဦရေလည်း မကန့်သတ်ထားပါဘူး၊ မည်သူမဆို၊ မည်သည့် စက်ဘီးနဲ့ဖြစ်ဖြစ် ယူလာပြီးစီးလို့ရပါတယ် "ဟု စက်ဘီးဆပ်ကော်မတီမှ ကိုထွန်းဝင်းက ပြောသည်။
လစဉ်လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ၂၀၁၆ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၄)နာရီအချိန်၌ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် စုရပ်အဖြစ် ပြုလုပ်ပြီး နံနက်(၅)နာရီအချိန်တွင် စတင်၍ မယ်ယန်းတိုးဂိတ်အထိ ထွက်ခွာပြီး မယ်ယန်းတိုးဂိတ်မှ ပြန်လှည့်ကာ မြို့မဘောလုံးကွင်းတွင် ခရီးစဉ်ဆုံးမှာ ဖြစ်ကြောင်း သိရှိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~