ေဒသအတြင္း အဆင္မေျပမႈမ်ားရွိပါက အခ်ိန္မေရြး အႀကံေပးတင္ျပႏိုင္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီသစ္မွ ဆို

ေဒသအတြင္း အဆင္မေျပမႈမ်ားရွိပါက အခ်ိန္မေရြး အႀကံေပးတင္ျပႏိုင္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီသစ္မွ ဆို
သြဂုတ် 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕တြင္ အသစ္ျပန္လည္ေရြးခ်ယ္ဖြဲ႕စည္းလိုက္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီအဖြဲ႕က ေဒသတြင္း စည္ပင္သာယာေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ဌာနႏွင့္ျပည္သူအၾကား ပူးေပါင္းေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဌာနက လုပ္ရကိုင္ရလြယ္ေအာင္ ရပ္မိရပ္ဖေတြလိုအပ္တဲ့ ကိုယ့္ရပ္ကြက္ရဲ႕အေနအထားေပါ့။ လမ္းဆိုရင္လမ္း၊ ေရစီးေရလာေကာင္းမြန္ေရး၊ အမိႈက္သိမ္းတာတို႔ဘာတို႔မွာ လစ္ဟာတဲ့ အပိုင္းရွိလာရင္ ဌာနကို တိုက္ရိုက္ေျပာၾကားဖို႔ အခက္အခဲ ရွိတဲ့အခါမွာ ေရြးခ်ယ္ၿပီးသား ေကာ္မတီ၀င္ေတြကို ေတြ႕တဲ့ေနရာမွာ အခ်ိန္မေရြး အၾကံေပးပါ။ လိုအပ္တဲ့ေနရာမွာ ျဖည့္ဆည္းေပးပါ။"ဟု အသစ္ျပန္လည္ ေရြးခ်ယ္ခံရသည့္ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးစိုင္းလုံမားက ေျပာသည္။

အဆိုပါ ေကာ္မတီဝင္မ်ားက ေဒသတြင္း စည္ပင္သာယာေရးလုပ္ငန္းမ်ား အဆင္မေျပမႈမ်ား ရိွပါက ျပည္သူမ်ား အေနျဖင့္ ေကာ္မတီ၀င္မ်ားအား အခ်ိန္မေရြး၊ ေနရာမေရြး အႀကံေပးတင္ျပၾကရန္ ေျပာၾကားလိုက္ျခင္းျဖစ္သည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ေကာ္မတီ ဥကၠဌႏွင့္ အဖြဲ႕၀င္မ်ားကို ၿမိဳ႕ေပၚရပ္ကြက္မ်ားမွ ၿမိဳ႕မိၿမိဳ႕ဖ (၅၁)ဦးျဖင့္  ၾသဂုတ္လ (၅) ရက္ေန႔က ေရြးခ်ယ္ခဲ့ၾကျခင္းျဖစ္သည္။

"အခုလို ရပ္မိရပ္ဖေတြက ေရြးခ်ယ္တင္ေျမႇာက္လိုက္လို႔ မၿပီးသြားဘူး။ အလုပ္လုပ္ဖို႔လည္း လိုအပ္တယ္။ ျဖစ္ေစခ်င္တာကေတာ့ ပထမအဖြဲ႔ထက္ အလုပ္ လုပ္ေစခ်င္တယ္။ ရပ္ကြက္အတြင္းမွာ လိုအပ္ခ်က္ေတြကို နားစြံေပးႏိုင္ရင္ ပိုေကာင္းပါတယ္"ဟု ေဒသခံတစ္ဦးျဖစ္သူ ဦးခင္လင္းက ေျပာသည္။

ရပ္မိရပ္ဖမ်ားမွ အသစ္ေရြးခ်ယ္တင္ေျမႇာက္ထားသည့္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေကာ္မတီတြင္ ယခင္ေကာ္မတီ၀င္ေဟာင္း (၃)ဦးပါ၀င္ၿပီး အသစ္(၁)ဦး ပါ၀င္ေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ
....................

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းလိုက်သည့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့က ဒေသတွင်း စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနနှင့်ပြည်သူအကြား ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဌာနက လုပ်ရကိုင်ရလွယ်အောင် ရပ်မိရပ်ဖတွေလိုအပ်တဲ့ ကိုယ့်ရပ်ကွက်ရဲ့အနေအထားပေါ့။ လမ်းဆိုရင်လမ်း၊ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်သိမ်းတာတို့ဘာတို့မှာ လစ်ဟာတဲ့ အပိုင်းရှိလာရင် ဌာနကို တိုက်ရိုက်ပြောကြားဖို့ အခက်အခဲ ရှိတဲ့အခါမှာ ရွေးချယ်ပြီးသား ကော်မတီဝင်တွေကို တွေ့တဲ့နေရာမှာ အချိန်မရွေး အကြံပေးပါ။ လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးပါ။"ဟု အသစ်ပြန်လည် ရွေးချယ်ခံရသည့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းလုံမားက ပြောသည်။

အဆိုပါ ကော်မတီဝင်များက ဒေသတွင်း စည်ပင်သာယာရေးလုပ်ငန်းများ အဆင်မပြေမှုများ ရှိပါက ပြည်သူများ အနဖြေင့် ကော်မတီဝင်များအား အချိန်မရွေး၊ နေရာမရွေး အကြံပေးတင်ပြကြရန် ပြောကြားလိုက်ခြင်းဖြစ်သည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များကို မြို့ပေါ်ရပ်ကွက်များမှ မြို့မိမြို့ဖ (၅၁)ဦးဖြင့် သြဂုတ်လ (၅) ရက်နေ့က ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

"အခုလို ရပ်မိရပ်ဖတွေက ရွေးချယ်တင်မြှောက်လိုက်လို့ မပြီးသွားဘူး။ အလုပ်လုပ်ဖို့လည်း လိုအပ်တယ်။ ဖြစ်စေချင်တာကတော့ ပထမအဖွဲ့ထက် အလုပ် လုပ်စေချင်တယ်။ ရပ်ကွက်အတွင်းမှာ လိုအပ်ချက်တွေကို နားစွံပေးနိုင်ရင် ပိုကောင်းပါတယ်"ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးခင်လင်းက ပြောသည်။

ရပ်မိရပ်ဖများမှ အသစ်ရွေးချယ်တင်မြှောက်ထားသည့် တာချီလိတ်မြို့နယ်စည်ပင်သာယာကော်မတီတွင် ယခင်ကော်မတီဝင်ဟောင်း (၃)ဦးပါဝင်ပြီး အသစ်(၁)ဦး ပါဝင်ကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~