တာခ်ီလိတ္၌ ေသနတ္ျဖင့္ပစ္ကာ ထြက္ေျပးေနသည့္ တရားခံေျပးအား မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္၌ ေသနတ္ျဖင့္ပစ္ကာ ထြက္ေျပးေနသည့္ တရားခံေျပးအား မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 22, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ေသနတ္ျဖင့္ ပစ္ကာထြက္ေျပးေနေသာ တရားခံေျပးတစ္ဦးအား ၾသဂုတ္လ(၂၁)ရက္ေန႔က  မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးမိလိုက္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွသိရသည္။

"ၿပီးခဲ့တဲ့ ဇြန္လတုန္းက ဆိုင္ကယ္ေပါင္တဲ့ကိစၥ စကားမ်ားလို႔ ေသနတ္နဲ႔ပစ္ၿပီးထြက္ေျပးတဲ့ ေဘာ္စကို(ခ)အာဂါဆိုတဲ့သူ ဆန္ဆိုင္း(က)ရပ္ကြက္ထဲက တိုက္ခန္းငွါးတစ္ခုမွာ ေနတယ္လို႔ သတင္းရလို႔သြားဖမ္းတာ။ မူးယစ္ေဆး၀ါးေတြနဲ႔ ဖမ္းမိခဲ့တာ"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

မယ္ေခါင္ရပ္ကြက္အတြင္း ဇြန္လ(၂)ရက္ေန႔က ဆိုင္ကယ္ေပါင္ႏွံသည့္ကိစၥ စကားမ်ားရာမွ ေျခာက္လံုးျပဴးေသနတ္ျဖင့္ ပစ္ကာ ထြက္ေျပးသြားေသာ အားဂါဆိုသူအား ဆန္ဆိုင္း(က)ရပ္ကြက္အတြင္းရွိ တိုက္ခန္းငွါး အခန္းအမွတ္(A-3)တြင္ေနထိုင္သည္ဟု သတင္းရရွိသျဖင့္ ခရုိင္မႈခင္းအကူရဲတပ္ဖြဲ႕၊ နယ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ ရဲတပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ ၀င္ေရာက္ဖမ္းဆီးစဥ္ မူးယစ္ေဆး၀ါးမ်ားႏွင့္ အတူ ေဘာ္စကို(ခ)အားဂါ အပါအ၀င္ စိုင္းရွဲန္တစ္တို႕အား ဖမ္းဆီးမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိရာတြင္  Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၆,၈၃၄)ျပား ႏွင့္ (၆)လံုးျပဴးေသနတ္(၁)လက္တို႔အား သိမ္းဆည္းရမိသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၇/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမႈဖြင့္လွစ္ထားရွိၿပီး ယခင္အမႈဖြင့္လွစ္ထားေသာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း(ပ)၁၁၃/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ (၃၀၇)ျဖင့္လည္း ျပန္လည္၍  တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့တွင် သေနတ်ဖြင့် ပစ်ကာထွက်ပြေးနေသော တရားခံပြေးတစ်ဦးအား သြဂုတ်လ(၂၁)ရက်နေ့က မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိလိုက်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှသိရသည်။

"ပြီးခဲ့တဲ့ ဇွန်လတုန်းက ဆိုင်ကယ်ပေါင်တဲ့ကိစ္စ စကားများလို့ သေနတ်နဲ့ပစ်ပြီးထွက်ပြေးတဲ့ အာဂါဆိုတဲ့သူ ဆန်ဆိုင်း(က)ရပ်ကွက်ထဲက တိုက်ခန်းငှါးတစ်ခုမှာ နေတယ်လို့ သတင်းရလို့သွားဖမ်းတာ။ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တာ"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မယ်ခေါင်ရပ်ကွက်အတွင်း ဇွန်လ(၂)ရက်နေ့က ဆိုင်ကယ်ပေါင်နှံသည့်ကိစ္စ စကားများရာမှ ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ကာ ထွက်ပြေးသွားသော အားဂါဆိုသူအား ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ တိုက်ခန်းငှါး အခန်းအမှတ်(A-3)တွင်နေထိုင်သည်ဟု သတင်းရရှိသဖြင့် ခရိုင်မှုခင်းအကူရဲတပ်ဖွဲ့၊ နယ်ထိန်းရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ဖမ်းဆီးစဉ် မူးယစ်ဆေးဝါးများနှင့် အတူ ဘော်စကို(ခ)အားဂါ အပါအဝင် စိုင်းရှဲန်တစ်တို့အား ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိရာတွင် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၆,၈၃၄)ပြား နှင့် (၆)လုံးပြူးသေနတ်(၁)လက်တို့အား သိမ်းဆည်းရမိသည့်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၇/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်လှစ်ထားရှိပြီး ယခင်အမှုဖွင့်လှစ်ထားသော တာချီလိတ်မြို့မရဲစခန်း(ပ)၁၁၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ (၃၀၇)ဖြင့်လည်း ပြန်လည်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~