က်န္းမာေရးႏွင့္ မသက္ဆိုင္သူမ်ားကို က်န္းမာေရးမွဴးအျဖစ္ ခန္႔အပ္ျခင္းအား ရပ္တန္႔ေပးေရး ကယားက်န္းမာေရးမွဴးမ်ား ေတာင္းဆို

က်န္းမာေရးႏွင့္ မသက္ဆိုင္သူမ်ားကို က်န္းမာေရးမွဴးအျဖစ္ ခန္႔အပ္ျခင္းအား ရပ္တန္႔ေပးေရး ကယားက်န္းမာေရးမွဴးမ်ား ေတာင္းဆို
သြဂုတ် 11, 2016
By Tachileik News Agency

က်န္းမာေရးမွဴး သင္တန္းဆင္း မဟုတ္သူမ်ားကို ျပည္နယ္ႏွင့္တိုင္းမ်ားတြင္ က်န္းမာေရးမွဴးမ်ား အျဖစ္  တာဝန္ေပး ခန္႔အပ္ေနမႈမ်ားကို ရပ္တန္႔ေပးရန္ႏွင့္ က်န္းမာေရး ဝန္ထမ္းမ်ား၏ ရပိုင္ခြင့္ အခြင့္အလမ္းမ်ား ပိတ္ဆို႔ထားမႈမ်ားကို ရပ္တန္႔ေပးရန္ ကယားျပည္နယ္ က်န္းမာေရးမွဴးမ်ားက ၾသဂုတ္လ (၇) ရက္က ဖဲႀကိဳးျပာလႈပ္ရွားမႈျဖင့္ ေတာင္းဆိုလိုက္သည္။

က်န္းမာေရးပညာရပ္မ်ားကို သင္ယူခဲ့ျခင္းမရိွသည့္အျပင္ က်န္းမာေရးနွင့္ သက္ဆိုင္ေသာ ဘြဲ႕ရလက္မွတ္မ်ားလည္း မရွိဘဲ လစာ စေကးတူသည့္ အေၾကာင္းျပခ်က္ျဖင့္ အျခားဌာနမ်ားမွ ဝန္ထမ္းမ်ားကို က်န္းမာေရးမွဴးအျဖစ္ ခန္႔အပ္ထားျခင္းမွာ မျဖစ္သင့္သလို  က်န္းမာေရးဝန္ထမ္းမ်ား၏ ခံစားခြင့္၊ ရပိုင္ခြင့္မ်ား ကို ပိတ္ဆို႕ထားျခင္းျဖစ္ေစသျဖင့္ ယင္းကဲ့သို႔ခန္႔အပ္ထားျခင္းမ်ားအား ရပ္တန္႔ေပးရန္ ေတာင္းဆိုရျခင္းျဖစ္ေၾကာင္း ေဘာလခဲၿမိဳ႕နယ္ က်န္းမာေရးမွဴးထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ အစက ရာထူးတက္လမ္းေမွ်ာ္မွန္းခ်က္ေတြမွာလည္း ခံစားခ်က္ေတြရွိတယ္။ ၿမိဳ႕နယ္က်န္းမာေရးမွဴးဆိုတဲ့ ေနရာမွာ ပိတ္လိုက္တယ္။ မတက္ေတာ့ဘူး။ ႏွစ္ေပါင္းၾကာၿပီ ခံစားရတာ။ ကၽြန္ေတာ္တို႕ကို အဓိကဆြလိုက္တာက က်န္းမာေရးမွဴးဆိုတဲ့ အမည္နာမဟာ ဘာမွမဟုတ္ပါဘူး လို႕ေျပာလိုက္တာနဲ႔ အတူတူပဲ။ ေက်ာင္းလူမႈဆက္ဆံေရးမွဴးေတြကို က်န္းမာေရးမွဴး အဆင့္(၂)ဆိုၿပီး နာမည္ေပးလိုက္တာပဲ။ က်န္းမာေရး နဲ႔ ပတ္သက္ၿပီး ဘာမွမလုပ္ဖူး၊ မသင္ဖူးတဲ့ သူေတြကို က်န္းမာေရးမွဴး ေပးတာ လုံးဝမျဖစ္သင့္တာေပါ့″ဟု ေဘာလခဲၿမိဳ႕နယ္ က်န္းမာေရးမွဴးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ က်န္းမာေရးဘြဲ႕ရ (၈၀၀)ေက်ာ္ရွိၿပီး ယခုခ်ိန္ထိ အလုပ္အကိုင္ ရရွိမႈမရွိေသးသူမ်ား၊ ရာထူးေနရာ ရပိုင္ခြင့္မ်ားမရွိဘဲ အေျခခံက်န္းမာေရး ဝန္ထမ္းမ်ားအတြက္ ရာထူးတက္လမ္းေနရာတြင္ ကုသေရးအပိုင္းမွ ဝင္ေရာက္ စီမံေနျခင္းမွာ မျဖစ္သင့္ဟု က်န္းမာေရးမွဴးတစ္ဦး ျဖစ္သည့္ ကိုမ်ိဳးခ်စ္ ကေျပာသည္။

"ကၽြန္ေတာ္တို႔ရဲ႕ ရာထူးတက္လမ္းေတြကို ကုသေရးပိုင္းကသူေတြက ထိပ္က ပိတ္ထားတယ္။ သူတို႔က ဝင္ေရာက္ စီမံေနတယ္။ ဒါေတြက မျဖစ္သင့္ဘူး။ အေျခခံက်န္းမာေရးရဲ႕တကယ့္ ျပည္သူ႕ ပညာရွင္ေတြက ေနရာ မရေတာ့ဘူး။ ဒါမ်ိ္ဳးကို ကၽြန္ေတာ္တို႕ ႏွစ္ေပါင္းမ်ားစြာခံေနရတာ ″ဟု က်န္းမာေရးမွဴးတစ္ဦး ျဖစ္သည့္ ကိုမ်ိဳးခ်စ္က ေျပာသည္။

 အသက္ေမြးဝမ္းေၾကာင္း ပညာရပ္အျဖစ္ က်န္းမာေရး ဘြဲ႕ရသည္အထိ တက္ခဲ့ေသာ္လည္း အလုပ္အကိုင္ ရရိွရန္ ရုန္းကန္ေနရသည့္ က်န္းမာေရး ဘြဲ႔ရမ်ားရိွေနသည္ဟု လြန္ခဲ့သည့္ (၇)ႏွစ္က က်န္းမာေရး ဘဲြ႕ရခဲ့ၿပီး အလုပ္အကိုင္ရရန္ ႀကိဳးစားေနဆဲျဖစ္သူ မရည္မြန္သန္႕က ေျပာသည္။

"ကၽြန္မတို႔ဒီေက်ာင္းကို အသက္ေမြးဝမ္းေၾကာင္း ပညာရပ္အျဖစ္ တက္ခဲ့တာ။ အခုေက်ာင္းၿပီးတာ (၇)ႏွစ္ရွိၿပီ။ အလုပ္မခ်ေပးေသးဘူးေပါ့။ ကၽြန္မတို႔ရဲ႕ ပညာရပ္ေတြက ေနရာမရေတာ့ဘဲ တျခားအျပင္ ေဆးဆိုင္ေတြမွာ အလုပ္ဝင္ရတယ္။ အားလုံးက အခ်ည္းႏွီးျဖစ္ကုန္တယ္။ ခုအစိုးရက တျခားဌာနကသူေတြကို က်န္းမာေရးမွဴး ခန္႔တယ္။ ဒီေနရာေတြအတြက္ေစာင့္ေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြရွိတယ္။ ၿပီးေတာ့ အလုပ္ဝင္ဖို႕ ေစာင့္ေနတဲ့ ကၽြန္မတို႕ရွိတယ္။ ဒါကိုမေပးဘူး။ မဆိုင္တာကိုေပးတယ္။ လုံးဝမျဖစ္သင့္တာေပါ့ ″ဟု မရည္မြန္သန္႔က ေျပာသည္။

က်န္းမာေရးမွဴး မ်ားအတြက္ ရပိုင္ခြင့္မ်ား ၊တန္းတူညီမွ်ခြင့္ ၊လူမွန္ေနရာမွန္ ထားေပးရန္ ေတာင္းဆိုလုိက္ၿပီး ယခုကဲ့သို႔ ခြဲျခားေနသည့္ လုပ္ရပ္မ်ားေၾကာင့္ ႏိုင္ငံအဝန္းရွိျပည္သူ႕က်န္းမာေရး ဝန္ထမ္းမ်ားမွာ လုပ္ငန္းခြင္အတြင္း မေပ်ာ္ပိုက္မႈမ်ား၊ လုပ္ငန္းပိုင္းမ်ားတြင္ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ မရွိျခင္းမ်ားေၾကာင့္ လုပ္ငန္းခြင္ ေအာင္ျမင္မႈနည္းကာ အလုပ္ထြက္သူမ်ားလာသည္ဟု ေဘာလခဲၿမိဳ႕နယ္ က်န္းမာေရးမွဴး ကေျပာသည္။

က်န္းမာေရးမွဴးမ်ား၏  ဖဲႀကိဳးျပာလႈပ္ရွားမႈကို ၾသဂုတ္လ( ၇)ရက္ေန႔တြင္ ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕၌ ျပဳလုပ္ခဲ့ျခင္း ျဖစ္ၿပီး ၿမိဳ႕နယ္ေပါင္းစုံမွ က်န္းမာေရးမွဴးမ်ား၊ အၿငိမ္းစား က်န္းမာေရးမွဴးမ်ားပါ တတ္ေရာက္ခဲ့ၾကကာ   ဖဲႀကိဳျပာ လႈပ္ရွားမႈအေပၚ အားလုံးေထာက္ခံ လက္မွတ္ ေရးထိုးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

သတင္း - ဆန္းၿဖဳိးထြန္း

*************
ကျန်းမာရေးမှူး သင်တန်းဆင်း မဟုတ်သူများကို ပြည်နယ်နှင့်တိုင်းများတွင် ကျန်းမာရေးမှူးများ အဖြစ် တာဝန်ပေး ခန့်အပ်နေမှုများကို ရပ်တန့်ပေးရန်နှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ရပိုင်ခွင့် အခွင့်အလမ်းများ ပိတ်ဆို့ထားမှုများကို ရပ်တန့်ပေးရန် ကယားပြည်နယ် ကျန်းမာရေးမှူးများက သြဂုတ်လ (၇) ရက်က ဖဲကြိုးပြာလှုပ်ရှားမှုဖြင့် တောင်းဆိုလိုက်သည်။ 
ကျန်းမာရေးပညာရပ်များကို သင်ယူခဲ့ခြင်းမရှိသည့်အပြင် ကျန်းမာရေးနှင့် သက်ဆိုင်သော ဘွဲ့ရလက်မှတ်များလည်း မရှိဘဲ လစာ စကေးတူသည့် အကြောင်းပြချက်ဖြင့် အခြားဌာနများမှ ဝန်ထမ်းများကို ကျန်းမာရေးမှူးအဖြစ် ခန့်အပ်ထားခြင်းမှာ မဖြစ်သင့်သလို ကျန်းမာရေးဝန်ထမ်းများ၏ ခံစားခွင့်၊ ရပိုင်ခွင့်များ ကို ပိတ်ဆို့ထားခြင်းဖြစ်စေသဖြင့် ယင်းကဲ့သို့ခန့်အပ်ထားခြင်းများအား ရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဘောလခဲမြို့နယ် ကျန်းမာရေးမှူးထံမှ သိရသည်။
"ကျွန်တော်တို့ အစက ရာထူးတက်လမ်းမျှော်မှန်းချက်တွေမှာလည်း ခံစားချက်တွေရှိတယ်။ မြို့နယ်ကျန်းမာရေးမှူးဆိုတဲ့ နေရာမှာ ပိတ်လိုက်တယ်။ မတက်တော့ဘူး။ နှစ်ပေါင်းကြာပြီ ခံစားရတာ။ ကျွန်တော်တို့ကို အဓိကဆွလိုက်တာက ကျန်းမာရေးမှူးဆိုတဲ့ အမည်နာမဟာ ဘာမှမဟုတ်ပါဘူး လို့ပြောလိုက်တာနဲ့ အတူတူပဲ။ ကျောင်းလူမှုဆက်ဆံရေးမှူးတွေကို ကျန်းမာရေးမှူး အဆင့်(၂)ဆိုပြီး နာမည်ပေးလိုက်တာပဲ။ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဖူး၊ မသင်ဖူးတဲ့ သူတွေကို ကျန်းမာရေးမှူး ပေးတာ လုံးဝမဖြစ်သင့်တာပေါ့″ဟု ဘောလခဲမြို့နယ် ကျန်းမာရေးမှူးက ပြောသည်။ 
မြန်မာနိုင်ငံတွင် ကျန်းမာရေးဘွဲ့ရ (၈၀၀)ကျော်ရှိပြီး ယခုချိန်ထိ အလုပ်အကိုင် ရရှိမှုမရှိသေးသူများ၊ ရာထူးနေရာ ရပိုင်ခွင့်များမရှိဘဲ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ရာထူးတက်လမ်းနေရာတွင် ကုသရေးအပိုင်းမှ ဝင်ရောက် စီမံနခြေင်းမှာ မဖြစ်သင့်ဟု ကျန်းမာရေးမှူးတစ်ဦး ဖြစ်သည့် ကိုမျိုးချစ် ကပြောသည်။ 
"ကျွန်တော်တို့ရဲ့ ရာထူးတက်လမ်းတွေကို ကုသရေးပိုင်းကသူတွေက ထိပ်က ပိတ်ထားတယ်။ သူတို့က ဝင်ရောက် စီမံနေတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ အခြေခံကျန်းမာရေးရဲ့တကယ့် ပြည်သူ့ ပညာရှင်တွေက နေရာ မရတော့ဘူး။ ဒါမျို်းကို ကျွန်တော်တို့ နှစ်ပေါင်းများစွာခံနေရတာ ″ဟု ကျန်းမာရေးမှူးတစ်ဦး ဖြစ်သည့် ကိုမျိုးချစ်က ပြောသည်။
 အသက်မွေးဝမ်းကြောင်း ပညာရပ်အဖြစ် ကျန်းမာရေး ဘွဲ့ရသည်အထိ တက်ခဲ့သော်လည်း အလုပ်အကိုင် ရရှိရန် ရုန်းကန်နေရသည့် ကျန်းမာရေး ဘွဲ့ရများရှိနေသည်ဟု လွန်ခဲ့သည့် (၇)နှစ်က ကျန်းမာရေး ဘွဲ့ရခဲ့ပြီး အလုပ်အကိုင်ရရန် ကြိုးစားနေဆဲဖြစ်သူ မရည်မွန်သန့်က ပြောသည်။ 
"ကျွန်မတို့ဒီကျောင်းကို အသက်မွေးဝမ်းကြောင်း ပညာရပ်အဖြစ် တက်ခဲ့တာ။ အခုကျောင်းပြီးတာ (၇)နှစ်ရှိပြီ။ အလုပ်မချပေးသေးဘူးပေါ့။ ကျွန်မတို့ရဲ့ ပညာရပ်တွေက နေရာမရတော့ဘဲ တခြားအပြင် ဆေးဆိုင်တွေမှာ အလုပ်ဝင်ရတယ်။ အားလုံးက အချည်းနှီးဖြစ်ကုန်တယ်။ ခုအစိုးရက တခြားဌာနကသူတွေကို ကျန်းမာရေးမှူး ခန့်တယ်။ ဒီနေရာတွေအတွက်စောင့်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရှိတယ်။ ပြီးတော့ အလုပ်ဝင်ဖို့ စောင့်နေတဲ့ ကျွန်မတို့ရှိတယ်။ ဒါကိုမပေးဘူး။ မဆိုင်တာကိုပေးတယ်။ လုံးဝမဖြစ်သင့်တာပေါ့ ″ဟု မရည်မွန်သန့်က ပြောသည်။ 
ကျန်းမာရေးမှူး များအတွက် ရပိုင်ခွင့်များ၊တန်းတူညီမျှခွင့်၊လူမှန်နေရာမှန် ထားပေးရန် တောင်းဆိုလိုက်ပြီး ယခုကဲ့သို့ ခွဲခြားနေသည့် လုပ်ရပ်များကြောင့် နိုင်ငံအဝန်းရှိပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှာ လုပ်ငန်းခွင်အတွင်း မပျော်ပိုက်မှုများ၊ လုပ်ငန်းပိုင်းများတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရှိခြင်းများကြောင့် လုပ်ငန်းခွင် အောင်မြင်မှုနည်းကာ အလုပ်ထွက်သူများလာသည်ဟု ဘောလခဲမြို့နယ် ကျန်းမာရေးမှူး ကပြောသည်။ 
ကျန်းမာရေးမှူးများ၏ ဖဲကြိုးပြာလှုပ်ရှားမှုကို သြဂုတ်လ( ၇)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ်ပေါင်းစုံမှ ကျန်းမာရေးမှူးများ၊ အငြိမ်းစား ကျန်းမာရေးမှူးများပါ တတ်ရောက်ခဲ့ကြကာ ဖဲကြိုပြာ လှုပ်ရှားမှုအပေါ် အားလုံးထောက်ခံ လက်မှတ် ရေးထိုးမှုများပြုလုပ်ခဲ့ကြသည်။
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~