မိုင္းတံုၿမိဳ႕နယ္ရွိ နယ္စပ္ဂိတ္အား ဖြင့္ေပးရန္ ရွမ္းျပည္နယ္အစိုးရထံ ေဒသခံမ်ားေတာင္းဆိုထား

မိုင္းတံုၿမိဳ႕နယ္ရွိ နယ္စပ္ဂိတ္အား ဖြင့္ေပးရန္ ရွမ္းျပည္နယ္အစိုးရထံ ေဒသခံမ်ားေတာင္းဆိုထား
သြဂုတ် 21, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕နယ္မွ ထုိင္းႏိုင္ငံႏွင့္ တိုက္ရိုက္ကုန္သြယ္မႈျပဳႏိုင္ရန္ ျမန္မာ - ထိုင္း နယ္စပ္ဂိတ္ ျဖစ္သည့္ ဘီဘီ၀မ္းနယ္စပ္ဂိတ္အားဖြင့္လွစ္ေပးရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၏ မိုင္းတံုခရီးစဥ္တြင္ ေဒသတြင္းလုပ္ငန္းရွင္မ်ားက ေတာင္းဆိုလိုက္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ေဒသက အဓိက ၾကက္သြန္ျဖဴနဲ႔ စပါးကို စိုက္ပ်ိဳးပါတယ္။ ထိုင္းကို တင္ပို႔တဲ့ေနရာမွာ တာခ်ီလိတ္ ကေနတစ္ဆင့္ ပို႔ေနရတဲ့အတြက္ ခရီးလမ္းေ၀းတာေၾကာင့္ ကုန္စည္ပို႔ေဆာင္ခေတြ  နစ္နာဆံုးရွံဳး ေနပါတယ္။ အခြန္အေကာက္ေတြနဲ႔ ကုန္စည္ပို႔ေဆာင္ခကို တစ္တန္ တစ္သိန္းနဲ႔တြက္ရင္ ကၽြန္ေတာ္တို႔ေဒသက တန္ခ်ိန္ (၅၀၀၀) ေလာက္ထြက္ေတာ့ က်ပ္သိန္း(၅၀၀၀) ေလာက္ ဆံုးရွံဳးေနတယ္။ ဒါေၾကာင့္ ဘီဘီ၀မ္း ဂိတ္ကို ဖြင့္ေပးေစခ်င္တာပါ"ဟု မိုင္းတံုၿမိဳ႕နယ္ ပံုပါက်င္ၿမိဳ႕မွ ဦးစိုင္း၀င္းျမတ္ဦးက ေျပာသည္။

မိုင္းတံုၿမိဳ႕နယ္အတြင္းမွ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားကို ထိုင္းႏုိင္ငံတင္ပို႔ရာတြင္ မိုင္းတံုၿမိဳ႕မွ (၁၀၄)မိုင္ခန္႔ ကြာေဝးသည့္ တာခ်ီလိတ္မွတဆင့္ တင္ပို႔ေနရၿပီး မိုင္းတံုၿမိဳ႕နယ္အတြင္းရွိ ဘီဘီ၀မ္း နယ္စပ္ဂိတ္မွ ခ်င္းမိုင္သို႔ အကြာအေဝးမွာ (၁၁၈)ကီလိုမီတာသာရိွသျဖင့္ တရား၀င္ကုန္သြယ္ခြင့္ျပဳပါက ေဒသ ထြက္ကုန္မ်ား လ်င္ျမန္စြာပို႔ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း ေဒသတြင္း လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

ယခုလက္ရွိတြင္ ထိုင္းႏိုင္ငံမွ စားေသာက္ကုန္၊ ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းမ်ားအား တာခ်ီလိတ္မွ တဆင့္ ၀ယ္ယူရျခင္းျဖစ္သည့္အတြက္ ကုန္ေစ်းႏွဳန္းႀကီးျမင့္ေနေၾကာင္း သိရသည္။

" ဘီဘီဝမ္းဂိတ္နဲ႔ ပတ္သက္ၿပီး ညိႇႏိွဳင္းတိုင္ပင္ေဆြးေႏြးၾကည့္ပါမယ္။ နယ္လံုဝန္ႀကီးနဲ႔လည္း သက္ဆိုင္ေနတ့ဲအတြက္ ညိႇႏိွဳင္းၿပီး ျပည္ေထာင္စုအစုိးရကုိ တင္ျပအတည္ျပဳခ်က္ ေတာင္းခံ ေဆာင္ရြက္ေပးပါ့မယ္"ဟု ႐ွမ္းျပည္နယ္အစုိးရအဖြဲ႔မွ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစုိးၫြန္႔လြင္က ေျပာသည္။

႐ွမ္းျပည္နယ္အစုိးရအဖြဲ႔မွ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစုိးၫြန္႔လြင္ႏွင့္ ဘဏၰာေရးဝန္ႀကီး ဦးစုိင္းရဲွန္တစ္လံု တို႔သည္ မိုင္းတုံၿမိဳ႕တြင္ ေဒသခံမ်ား၊ ဌာနဆိုင္ရာမ်ားႏွင့္ ၾသဂုတ္လ ဒုတိယပတ္တြင္းက
ေတြ႔ဆံုစဥ္ ရွမ္းျပည္နယ္အတြင္း အက်င့္ပ်က္ျခစားမႈမ်ား တုိက္ဖ်က္ေရးနွင့္ ျပည္သူမ်ား အခြန္စနစ္အား နားလည္ရန္ လုပ္ေဆာင္ေရးကိုလည္း တိုက္တြန္းလိုက္သည္။

“တကယ္လည္း အလုပ္ လုပ္ၾကပါ။ ႐ုိးသားစြာ အလုပ္ လုပ္ၾကဖို႔လိုပါတယ္။ ျပည္သူေတြအတြက္ ႏိုင္ငံတကာ ရင္းႏီွးျမဳပ္ႏံွမွဳပဲျဖစ္ျဖစ္ ျပည္တြင္းကုန္စည္စီးဆင္းမွဳပဲျဖစ္ျဖစ္ ပြင့္လင္းျမင္သာမွဳရိွဖို႔
အေရးႀကီးတယ္။ ေဒသခံေတြမွာ အခက္အခဲျဖစ္ေနတာေတြ႔ရတယ္။ ဆင့္ကဲဆင့္ကဲ ေပးလိုက္ရတာေတြ ျဖစ္ေနတယ္။ ျပည္သူနစ္နာေနၾကရတယ္။ ႐ွမ္းျပည္နယ္က ယုိေပါက္အားလံုး အက်င့္ပ်က္ျခစားမွဳအားလံုး လိုက္ပိတ္ပါ့မယ္။ ေဒသခံမ်ားအတြက္ အခြန္ျဖတ္တ့ဲစနစ္ ခ်က္ခ်င္းျပဳျပင္ေပးပါမယ္။”ဟု စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစုိးၫြန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီးႏွင့္ ဘ႑ာေရး၀န္ႀကီးတို႔သည္ လုပ္ငန္းရွင္မ်ား အခြန္ေငြ မွန္ကန္စြာေပးေဆာင္ရန္ႏွင့္ ကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္ ရွမ္းျပည္နယ္အတြင္း
နယ္စပ္ကုန္သြယ္ေရး စခန္းမ်ားသို႔႔ လိုက္လံစိစစ္ေနျခင္းျဖစ္သည္။

သတင္း - ေအာင္၀င္းေဌး(မိုင္းတံု)

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှ ထိုင်းနိုင်ငံနှင့် တိုက်ရိုက်ကုန်သွယ်မှုပြုနိုင်ရန် မြန်မာ - ထိုင်း နယ်စပ်ဂိတ် ဖြစ်သည့် ဘီဘီဝမ်းနယ်စပ်ဂိတ်အားဖွင့်လှစ်ပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ မိုင်းတုံခရီးစဉ်တွင် ဒေသတွင်းလုပ်ငန်းရှင်များက တောင်းဆိုလိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒေသက အဓိက ကြက်သွန်ဖြူနဲ့ စပါးကို စိုက်ပျိုးပါတယ်။ ထိုင်းကို တင်ပို့တဲ့နေရာမှာ တာချီလိတ် ကနေတစ်ဆင့် ပို့နေရတဲ့အတွက် ခရီးလမ်းေဝးတာကြောင့် ကုန်စည်ပို့ဆောင်ခတွေ နစ်နာဆုံးရှုံး နေပါတယ်။ အခွန်အကောက်တွေနဲ့ ကုန်စည်ပို့ဆောင်ခကို တစ်တန် တစ်သိန်းနဲ့တွက်ရင် ကျွန်တော်တို့ဒေသက တန်ချိန် (၅၀၀၀) လောက်ထွက်တော့ ကျပ်သိန်း(၅၀၀၀) လောက် ဆုံးရှုံးနေတယ်။ ဒါကြောင့် ဘီဘီဝမ်း ဂိတ်ကို ဖွင့်ပေးစေချင်တာပါ"ဟု မိုင်းတုံမြို့နယ် ပုံပါကျင်မြို့မှ ဦးစိုင်းဝင်းမြတ်ဦးက ပြောသည်။

မိုင်းတုံမြို့နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များကို ထိုင်းနိုင်ငံတင်ပို့ရာတွင် မိုင်းတုံမြို့မှ (၁၀၄)မိုင်ခန့် ကွာဝေးသည့် တာချီလိတ်မှတဆင့် တင်ပို့နေရပြီး မိုင်းတုံမြို့နယ်အတွင်းရှိ ဘီဘီဝမ်း နယ်စပ်ဂိတ်မှ ချင်းမိုင်သို့ အကွာအဝေးမှာ (၁၁၈)ကီလိုမီတာသာရှိသဖြင့် တရားဝင်ကုန်သွယ်ခွင့်ပြုပါက ဒေသ ထွက်ကုန်များ လျင်မြန်စွာပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ဒေသတွင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ယခုလက်ရှိတွင် ထိုင်းနိုင်ငံမှ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား တာချီလိတ်မှ တဆင့် ဝယ်ယူရခြင်းဖြစ်သည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်နေကြောင်း သိရသည်။

" ဘီဘီဝမ်းဂိတ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြည့်ပါမယ်။ နယ်လုံဝန်ကြီးနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရကို တင်ပြအတည်ပြုချက် တောင်းခံ ဆောင်ရွက်ပေးပါ့မယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ဘဏ္ဏာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ တို့သည် မိုင်းတုံမြို့တွင် ဒေသခံများ၊ ဌာနဆိုင်ရာများနှင့် သြဂုတ်လ ဒုတိယပတ်တွင်းက
တွေ့ဆုံစဉ် ရှမ်းပြည်နယ်အတွင်း အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေးနှင့် ပြည်သူများ အခွန်စနစ်အား နားလည်ရန် လုပ်ဆောင်ရေးကိုလည်း တိုက်တွန်းလိုက်သည်။

“တကယ်လည်း အလုပ် လုပ်ကြပါ။ ရိုးသားစွာ အလုပ် လုပ်ကြဖို့လိုပါတယ်။ ပြည်သူတွေအတွက် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုပဲဖြစ်ဖြစ် ပြည်တွင်းကုန်စည်စီးဆင်းမှုပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုရှိဖို့
အရေးကြီးတယ်။ ဒေသခံတွေမှာ အခက်အခဲဖြစ်နေတာတွေ့ရတယ်။ ဆင့်ကဲဆင့်ကဲ ပေးလိုက်ရတာတွေ ဖြစ်နေတယ်။ ပြည်သူနစ်နာနကြေရတယ်။ ရှမ်းပြည်နယ်က ယိုပေါက်အားလုံး အကျင့်ပျက်ခြစားမှုအားလုံး လိုက်ပိတ်ပါ့မယ်။ ဒေသခံများအတွက် အခွန်ဖြတ်တဲ့စနစ် ချက်ချင်းပြုပြင်ပေးပါမယ်။”ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့သည် လုပ်ငန်းရှင်များ အခွန်ငွေ မှန်ကန်စွာပေးဆောင်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရှမ်းပြည်နယ်အတွင်း
နယ်စပ်ကုန်သွယ်ရေး စခန်းများသို့ လိုက်လံစိစစ်နခြေင်းဖြစ်သည်။

သတင်း - အောင်ဝင်းဌေး(မိုင်းတုံ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~