ျပည္ေထာင္စု တိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖဳိးေရး ဒီဂရီေကာလိပ္တြင္ တက္ေရာက္ႏိုင္ရန္ ၀င္ခြင့္ ေလွ်ာက္လႊာမ်ား ေခၚယူ

ျပည္ေထာင္စု တိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖဳိးေရး ဒီဂရီေကာလိပ္တြင္ တက္ေရာက္ႏိုင္ရန္ ၀င္ခြင့္ ေလွ်ာက္လႊာမ်ား ေခၚယူ
သြဂုတ် 28, 2016
By Tachileik News Agency

ရန္ကုန္ ႏွင့္ စစ္ကိုင္းတို႔ရွိ ျပည္ေထာင္စု တိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖဳိးေရးဒီဂရီေကာလိပ္တြင္ တက္ေရာက္ႏိုင္ရန္ ပထမႏွစ္ ၀ိဇၨာ/ သိပၸံ ႏွင့္ AGTI ပထမႏွစ္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း ေဒသအတြင္းမွ တကၠသိုလ္၀င္တန္းေအာင္ျမင္ၿပီးသူ  ေက်ာင္းသား၊ ေက်ာင္းသူ (၁၀)ဦးအား ေခၚယူမည္ျဖစ္ရာ ၀င္ခြင့္ ေလွ်ာက္လႊာမ်ားကို ရွမ္းျပည္နယ္အေရွ႕ပိုင္း ေဒသအတြင္းရွိ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးမ်ားတြင္ ရယူၿပီး စက္တင္ဘာလ(၁၅)ရက္ေန႔ ေနာက္ဆံုးထားကာ ေလွ်ာက္ထားရမွာ ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးမွ သိရသည္။

"တာခ်ီလိတ္ခရိုင္ထဲမွာေတာ့ ေလွ်ာက္လႊာေတြကို တာခ်ီလိတ္၊ မိုင္းျဖတ္၊ မိုင္းေယာင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးေတြမွာ ယူလို႔ရပါတယ္၊ စက္တင္ဘာလ (၁၅)ရက္ေန႔ ေနာက္ဆံုးထားၿပီး ေလွ်ာက္လႊာေတြ လာတင္ရမွာပါ၊ ေရးေျဖကေတာ့ စက္တင္ဘာလ(၂၉)ရက္ေန႔မွာ က်ဳိင္းတံုမွာ သြားေျဖရမွာ ဆိုေတာ့ က်ဳိင္းတံုကို စက္တင္ဘာလ(၂၈)ရက္ေန႔ အေရာက္သြားရမွာပါ။ အေသးစိတ္ကိုေတာ့ သက္ဆိုင္ရာ ၿမိဳ႕နယ္ေထြ/အုပ္ရံုးေတြမွာ စံုစမ္းလို႔ရပါတယ္"ဟု တာခ်ီလိတ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

အဆိုပါ ေကာလိပ္တြင္ ၀င္ခြင့္ရရွိေရးအတြက္ ေရးေျဖစာေမးပြဲ ႏွင့္ ႏႈတ္ေျဖစာေမးပြဲမ်ားကို က်ဳိင္းတံုၿမိဳ႕ရွိ ျပည္နယ္ခြဲ ေဒသဖြံ႕ၿဖဳိးမႈႀကီးၾကပ္ေရးရံုးတြင္ ျပဳလုပ္မွာ ျဖစ္ၿပီး စက္တင္ဘာလ(၂၉)ရက္ေန႔ နံနက္ပိုင္းတြင္ အဂၤလိပ္စာ၊ ေန႔လယ္ပိုင္းတြင္ သခ်ၤာဘာသာ တို႔ကို ေရးေျဖေျဖဆိုရမွာ ျဖစ္ေၾကာင္း သိရသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ က်ဳိင္းတံုၿမိဳ႕ရွိ ျပည္နယ္ခြဲေဒသဖြံ႕ၿဖဳိးမႈႀကီးၾကပ္ေရးရံုးသို႔ သြားေရာက္၍ လည္းေကာင္း၊  ( ဖုန္း - 084.21626 )ဖုန္းျဖင့္ ဆက္သြယ္၍ လည္းေကာင္း ေမးျမန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ေကာလိပ္တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၁၃)ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၁၀)ဦး ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၁၀)ဦး စုစုေပါင္း ရွမ္းျပည္နယ္အတြင္းမွ (၂၃)ဦး တက္ေရာက္ခြင့္ရမွာျဖစ္ၿပီး ရွမ္းျပည္နယ္ အပါအ၀င္ ျပည္နယ္(၇)ခု၊ တိုင္းေဒသႀကီး(၃)ခုႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၅)ခု အျပင္ "၀"ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း အပါအ၀င္ စုစုေပါင္း ေက်ာင္းသား၊ ေက်ာင္းသူ (၂၆၇)ဦး တက္ေရာက္ခြင့္ရမွာ ျဖစ္ေၾကာင္း သိရွိရသည္။
************

ရန်ကုန် နှင့် စစ်ကိုင်းတို့ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် တက်ရောက်နိုင်ရန် ပထမနှစ် ဝိဇ္ဇာ/ သိပ္ပံ နှင့် ဗွဿ ပထမနှစ်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးအား ခေါ်ယူမည်ဖြစ်ရာ ဝင်ခွင့် လျှောက်လွှာများကို ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်းရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် ရယူပြီး စက်တင်ဘာလ(၁၅)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားရမှာ ဖြစ်ကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

"တာချီလိတ်ခရိုင်ထဲမှာတော့ လျှောက်လွှာတွေကို တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွေမှာ ယူလို့ရပါတယ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာတွေ လာတင်ရမှာပါ၊ ရေးဖြေကတော့ စက်တင်ဘာလ(၂၉)ရက်နေ့မှာ ကျိုင်းတုံမှာ သွားဖြေရမှာ ဆိုတော့ ကျိုင်းတုံကို စက်တင်ဘာလ(၂၈)ရက်နေ့ အရောက်သွားရမှာပါ။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးတွေမှာ စုံစမ်းလို့ရပါတယ်"ဟု တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကောလိပ်တွင် ဝင်ခွင့်ရရှိရေးအတွက် ရေးဖြေစာမေးပွဲ နှင့် နှုတ်ဖြေစာမေးပွဲများကို ကျိုင်းတုံမြို့ရှိ ပြည်နယ်ခွဲ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် ပြုလုပ်မှာ ဖြစ်ပြီး စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် အင်္ဂလိပ်စာ၊ နေ့လယ်ပိုင်းတွင် သင်္ချာဘာသာ တို့ကို ရေးဖြေဖြေဆိုရမှာ ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ပြည်နယ်ခွဲဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ လည်းကောင်း၊ ( ဖုန်း - ဝ၈၄.၂၁၆၂၆ )ဖုန်းဖြင့် ဆက်သွယ်၍ လည်းကောင်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကောလိပ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ (၁၃)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁၀)ဦး နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၁၀)ဦး စုစုပေါင်း ရှမ်းပြည်နယ်အတွင်းမှ (၂၃)ဦး တက်ရောက်ခွင့်ရမှာဖြစ်ပြီး ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၃)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅)ခု အပြင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အပါအဝင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၆၇)ဦး တက်ရောက်ခွင့်ရမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~