ေတာင္ႀကီးတြင္ ေဘာလံုးနည္းျပသင္တန္းဆင္းပြဲ က်င္းပ

ေတာင္ႀကီးတြင္ ေဘာလံုးနည္းျပသင္တန္းဆင္းပြဲ က်င္းပ
သြဂုတ် 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ AFC "C" Certificate Coaching Course ေဘာလုံးနည္းျပ သင္တန္းဆင္းပြဲအား ၾသဂုတ္ (၂၂) ရက္ေန႔တြင္ ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အားကစားေလ့က်င့္႐ုံ၌ က်င္းပေၾကာင္း သိရသည္။

အဆိုပါသင္တန္းအား အာရွေဘာလုံးအဖြဲ႕ခ်ဳပ္(AFC)၊ ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၊ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနတို႔ ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုသင္တန္းကို ရွမ္းျပည္နယ္အတြက္ အထူးလိုအပ္ေနတဲ့ ေဘာလုံးနည္းျပ ဆရာေကာင္းေတြ ေပၚထြက္လာဖို႔ စည္းမ်ဥ္း၊ နည္းဥပေဒမ်ား အတိုင္း အသင္းနဲ႔အားကစားၿပိဳင္ပြဲေတြကို ကိုင္တြယ္ အုပ္ခ်ဳပ္နိုင္ဖို႔ နည္းျပဆရာေကာင္းေတြ ေပၚထြက္လာေအာင္ ဖြင့္လွစ္ေပးရျခင္းျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္က အခမ္းအနား၏ အဖြင့္အမွာစကားတြင္ ေျပာၾကားသည္။

အဆိုပါ သင္တန္းတြင္ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားမွ သင္တန္းသား (၂၁) ဦး၊ သင္တန္းသူ(၃)ဦး တက္ေရာက္ခြင့္ ရရွိခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုသိန္း၊ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန ျပည္နယ္မွဴး ဦးထန္အိတ္၊ ျမန္မာနိုင္ငံေဘာလုံး အဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုသိန္း၊ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ သင္တန္းနည္းျပဆရာ ဦးဝင္းသူမိုးတို႔ႏွင့္ သင္တန္းသား၊ သင္တန္းသူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏုိႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် AFC "C" Certificate Coaching Course ဘောလုံးနည်းပြ သင်တန်းဆင်းပွဲအား သြဂုတ် (၂၂) ရက်နေ့တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါသင်တန်းအား အာရှဘောလုံးအဖွဲ့ချုပ်(AFC)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

"အခုသင်တန်းကို ရှမ်းပြည်နယ်အတွက် အထူးလိုအပ်နေတဲ့ ဘောလုံးနည်းပြ ဆရာကောင်းတွေ ပေါ်ထွက်လာဖို့ စည်းမျဉ်း၊ နည်းဥပဒေများ အတိုင်း အသင်းနဲ့အားကစားပြိုင်ပွဲတွေကို ကိုင်တွယ် အုပ်ချုပ်နိုင်ဖို့ နည်းပြဆရာကောင်းတွေ ပေါ်ထွက်လာအောင် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က အခမ်းအနား၏ အဖွင့်အမှာစကားတွင် ပြောကြားသည်။

အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၂၁) ဦး၊ သင်တန်းသူ(၃)ဦး တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်မှူး ဦးထန်အိတ်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အာရှဘောလုံးအဖွဲ့ချုပ် သင်တန်းနည်းပြဆရာ ဦးဝင်းသူမိုးတို့နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~