Update News

မေကြး ရွစ္ေလးလံုး ပံုရိပ္


မေကြး ရွစ္ေလးလံုး ပံုရိပ္ ။  ။ ဖီးနစ္

၂၆ႏွစ္ၾကာ ဖိႏွိပ္မႈမ်ားေအာက္မွ တစ္ႏိုင္ငံလံုးရိွ ရဟန္းရွင္လူ ေက်ာင္းသားျပည္သူမ်ား ညီညြတ္စြာ ရုန္းထခဲ့ၾကသည့္ ေန႔ရက္တစ္ရက္၊ ျမန္မာ့သမိုင္းတြင္ ထင္က်န္ရစ္ေစမည့္ ရွစ္ေလးလံုးအေရးေတာ္ပံုႀကီး သက္ဝင္လႈပ္ရွားခဲ႔ေသာ ၁၉၈၈ခု ၾသဂုတ္လ(၈)ရက္၊ ျမန္မာ့ႏိုင္ငံေရးအလွည့္အေျပာင္း၏ ျမစ္ဖ်ားခံရာဟု ဆိုပါလွ်င္ အျငင္းပြားဖြယ္မရိွေသာ ထိုေန႔ရက္…

ေငြရတုကာလမွ သံုးႏွစ္စြန္းေျမာက္၍ ၂၈ႏွစ္အတြင္းသို႔ ခ်င္းနင္းဝင္ေရာက္ခဲ့ၿပီျဖစ္ေသာ “၈၈၈၈” အေရးေတာ္ပံုႀကီးသည္ကား အတိတ္ကို အတိတ္မွာခ်န္ခဲ့၍ က်န္ခဲ့သည္မ်ားရိွသည္ဆိုေသာ္ျငား ယင္း၏ ပံုရိပ္မ်ားမွာမူ ခ်န္ခဲ့၍ မရစေကာင္းေသာ အတိတ္ေၾကာင္းတစ္ခုပင္ျဖစ္ေပသည္။ အဆိုပါအတိတ္ေဟာင္း ကို ျပန္ေျပာင္း၍ ငဲ့ေစာင္းၾကည္႔မိေသာအခါ…
တကယ္ေတာ့ မေကြးၿမိဳ႕၏ “၈၈၈၈” ပံုရိပ္အစပိုင္းသည္ သိပ္ၿပီးၾကည္လင္ျပတ္သားလွသည္ေတာ့ မဟုတ္ေခ်။ကိုယ္႔ေပါင္ကို ကိုယ္လွန္ေထာင္းမွသာ အနာသက္သာဖြယ္ရိွ၍ ဝန္ခံေျဖာင့္ခ်က္ေပးရေခ်မည္။
အရာရာခ်င့္ခ်ိန္သည့္စိတ္ျဖင့္ ဆႏၵမေစာတတ္ေသာ၊ အသာစီးမယူ အေၾကာေပးတတ္ေသာ မေကြးသူ၊ မေကြးသား၊ မေကြးေကာလိပ္ေက်ာင္းသား၊ေက်ာင္းသူတို႔သည္ “၈၈၈၈” ေန႔က လမ္းမမ်ားေပၚသို႔ ထြက္ျခင္းမျပဳ ခဲ့ၾကေပ။


ေစာင့္ၾကည့္ခ်ိန္ၾကာျမင္႔လာသည္ႏွင္႔အမွ် စိတ္မရွည္သူတို႔က ေကာလိပ္ေက်ာင္းဝန္းထဲသို႔ ထမီထုပ္ ႏွင္႔ ေက်ာက္ပ်ဥ္မ်ား ပစ္ခ်ေတာ႔မည္ဟု သတင္းမ်ားထြက္ေပၚလာမွ လမ္းေပၚထြက္၍ “ဒို႔အေရး”လုပ္ၾကေတာ႔ သည္ဟု ဆိုႏိုင္ေပသည္။

မေကြးသားတို႔ အထေႏွးတတ္ေသာ္လည္း မရေသးသည္႔ဒီမိုကေရစီရရိွေရး၊ တစ္ပါတီစနစ္ျပဳတ္က် ေရး စသည္႔အေရးတို႔အတြက္တိုက္ပဲြဝင္ရာတြင္မူ ျပင္းထန္ခဲ့သေလာက္ စည္းကမ္းတက်ရိွခဲ့၏။
“၈၈၈၈” အေရးအခင္းတြင္ အစျပဳ၍ တက္ၾကြစြာလႈပ္ရွားခဲ႔ၾကသူမ်ားထဲမွ ဦးရဲထြဋ္၊ဦးတာ၊ေဒၚရွမ္းမတို႔ ၏ ရင္တြင္းစကားသံမ်ားကို ေကာက္ႏွဳတ္ေဖာ္ျပရေသာ္…

မေကြးၿမိဳ႕၌ လူသိမ်ားထင္ရွားသူတစ္ဦးျဖစ္ေသာ အသက္(၇၅)ႏွစ္အရြယ္သို႔ ေရာက္ရိွေနၿပီျဖစ္သည္႔ ေရွ႕ေနႀကီးဦးရဲထြဋ္ထံသြားေရာက္၍ ၎၏ရင္တြင္းစကားသံကိုရယူခဲ႔ရာ….

“ေက်ာင္းသားနဲ႔ လူထုလူတန္းစားေပါင္းစံု ပါဝင္ဆင္ႏႊဲခဲ႔လို႔ေအာင္ျမင္ခဲ႔တာပါ။မေကြးမွာ ၾသဂုတ္လ (၁၃)ရက္ေန႔မွ မဲထီးလမ္းက ကံထူး လဘက္ရည္ဆိုင္နားကစၿပီး ေတာထြက္ဘုန္းႀကီးတစ္ပါးကို ကုလားထိုင္ ကို ေဝါလုပ္ပင္႔ၿပီး လူဆယ္႔ေလးငါးေယာက္ေလာက္နဲ႔ စထြက္ခဲ့ၾကတာ”

“အဲဒီအခ်ိန္ ေခ်ာက္၊ေရနံေခ်ာင္းနဲ႔ မင္းဘူးတို႔မွာက စၿပီးေနၾကၿပီ။အင္အားေထာင္ခ်ီလာတဲ႔အခါ မဲထီး လမ္းက ေအာင္ဓမၼာရံုမွာ သပိတ္စခန္းဖြင္႔ၿပီး က်ဳပ္တို႔ တရားေဟာၾကေတာ႔တာပဲ။သပိတ္ကဦးေဆာင္ၿပီး ပထမဆံုးခ်ီတက္ဆႏၵျပပဲြမွာ လမ္းေဘးမွာေရာင္းသည္႔ဒံေပါက္ျဖစ္၍ ေလးဘမ္းဒံေပါက္ အမည္ျဖင့္ ေရာင္း ခ်သူ ကိုခင္ေမာင္လတ္(ကြယ္လြန္)က ထူးထူးျခားျခား ျမင္းႀကီးစီးၿပီး ေရွ႕ဆံုးကလိုက္ပါခဲ့တယ္”

“က်ဳပ္တို႔က မဆလ ပါတီရံုးကိုသြားၿပီး ေရွ႕မွာ တရားေဟာဖို႔လုပ္ေတာ႔ ေက်ာင္းသားေလးေတြက သူတို႔ေက်ာကုန္းေပၚတက္ၿပီးေဟာပါလို႔ေတာင္ေျပာၾကတယ္။ေနာက္မွ စားပဲြခံုတစ္လံုး ရွာယူလာၾကလို႔ စားပဲြ ေပၚတက္ေဟာခဲ႔ရတယ္”


“ပါတီကိုသိမ္းယူႏိုင္ခဲ႔ၿပီး အဲဒီမွာလည္း သပိတ္တပ္စဲြလိုက္တယ္။ ဦးဇနိႏၵဆိုတဲ့ဘုန္းႀကီးတစ္ပါး ေရာက္လာၿပီး လူငယ္ေတြကို ကိုယ္ခံပညာသင္ေပးတာတို႔၊နငယ္ကြင္းပိတ္ေတြထိုးေပးၿပီး ရဲေဆးတင္ေပးခဲ႔ တယ္”

“ေနာက္ပိုင္းမွာ သစၥာေဖာက္၊သူလွ်ဳိဆိုတဲ႔စဲြခ်က္ေတြနဲ႔ ျပႆနာေပၚလာတာေတြရိွတယ္။ တရားစီရင္ ဖို႔ေတြအထိလုပ္လာၾကေတာ႔ မလုပ္ၾကနဲ႔ ငါတို႔မွာ ဘာအာဏာမွ မရိွဘူး၊ We are not the government  လို႔ သေဘာေပါက္ေအာင္ေျပာၿပီး ထိန္းခဲ႔ရတယ္”

“ေခ်ာက္မွာ ရဲကပစ္လို႔ ေကာင္ေလးတစ္ေယာက္ေသတဲ႔ ကိစၥနဲ႔ပတ္သက္ၿပီး ဘုန္းႀကီးဦးဇနိႏၵနဲ႔ က်ဳပ္တို႔ သြားခဲ႔ၾကၿပီးအျပန္မွာ ေရနံေခ်ာင္းကိုေရာက္ေတာ႔ ေရနံေခ်ာင္းသပိတ္ကတားၿပီး သူလွ်ိဳေတြျဖစ္မယ္ ဆိုၿပီး စစ္ေဆးခံခဲ့ရေသးတယ္။ ေခၚသြားတဲ့ ေက်ာင္းက သပိတ္အစပိုင္းတုန္းက ကိုျမင့္ဦးနဲ႔အတူ အစည္းအေဝး တက္ခဲ့တဲ့ ေက်ာင္းျဖစ္ေနလို႔ ျပန္လႊတ္ေပးလိုက္ၾကတယ္”
“ပါတီရံုးရဲ႕ေရွ႕မွာ စင္ႀကီးထိုးၿပီး ေန႔တိုင္းေလာက္ တရားေတြေဟာခဲ႔ရတယ္။ေနာက္ဆံုး ခ်ီတက္ ဆႏၵျပပဲြမွာ ေက်ာင္းသားနဲ႔ အရပ္သား၊လူတန္းစားေပါင္းစံုသာမကေတာ႔ဘဲ ရဲတပ္ဖဲြ႔ဝင္ေတြ၊ ဌာနဆိုင္ရာေတြပါ ပါလာၿပီး လူတန္းႀကီးက ေအာင္ဓမၼာရံုကေန ေဘာလံုးကြင္းအထိ မဆံုးေတာ႔ဘူး”

မႏၱေလးတကၠသိုလ္ေက်ာင္းသားျဖစ္ခဲ႔သူ ဦးတာထံသြားေရာက္၍ ၎၏ရင္တြင္းစကားသံမ်ားကိုရယူ ခဲ႔ရာ..

“ကိုယ္ကေတာ႔ ၾသဂုတ္ ၁၀ရက္ေန႔စတယ္လို႔ပဲမွတ္ထားတယ္။မဲထီးလမ္းကစထြက္လာတဲ႔ လူဆယ္႔ ေလးငါးေယာက္ေလာက္ ကိုယ္႔အိမ္နားေရာက္လာေတာ႔ ပါလာတဲ႔ ဦးစိုးသိန္းႀကီးက ေဟ႔ေကာင္ေမာင္တာ လာ ဆိုၿပီးေတာ႔ေခၚတယ္။ခင္ဗ်ားတို႔ကလည္းဗ်ာ ၁၀ရက္ေန႔ေတာင္ေရာက္ေနၿပီ ေနာက္က်လိုက္တာေပါ႔။ သူမ်ားေတြ ၈ ရက္ေန႔မတိုင္ခင္ကတည္းကေတာင္ ခ်ေနၾကၿပီလို႔ ေျပာၿပီးလိုက္သြားတာ။ စသံုးလံုးေရွ႕ ေရာက္ေတာ့ ဓာတ္ပံုေတြလွမ္းရိုက္ၾကလို႔ ပုဆိုးေတြနဲ႔မ်က္ႏွာကိုစည္းၿပီး ရုပ္ဖ်က္ၾကရေသးတယ္”

“သပိတ္ဖဲြ႔ၿပီးေတာ႔ ကိုတာ တရားေဟာေပးပါ။ေဟာေနၾကတာ အၿမီးအေမာက္မတည္႔ၾကဘူးဆိုၿပီး ေတာင္းဆိုတာေၾကာင္႔ မန္းတကၠသိုလ္ေက်ာင္းသားအမည္နဲ႔ေဟာေတာ႔ မေကြးတင္မဟုတ္ေတာ႔ဘူး မင္းဘူး ဘက္ပါသြားေဟာရတယ္။တစ္ခါ ပါတီသိမ္းၿပီးေတာ႔လည္း ပါတီေရွ႕ကစင္မွာ ေဟာရတယ္”

“သပိတ္ကာလမွာ ထိန္းသိမ္းမႈေကာင္းေကာင္းနဲ႔ စိတ္ေရာကိုယ္ပါေဆာင္ရြက္ခဲ႔သူေတြထဲမွာ ကြယ္ လြန္သြားၿပီျဖစ္တဲ႔ ဦးဆင္႔ဟာ ထိပ္ဆံုးကပါပဲ။သရက္ေလးပင္က ဦးခင္ေမာင္ဆန္း(ပမညတ)လည္း သိပ္ေတာ္ တဲ႔ပုဂၢိဳလ္ပါ။ ဦးေအာင္ေက်ာ္စိုးရဲ႕အိမ္မွာ သပိတ္စခန္းကလူေတြကိုေခၚေျပာတာ။လူေလးတို႔ အခုလုပ္ေနတဲ႔ သပိတ္က ၾကာလာရင္ ျပည္သူအားကိုးရတဲ႔ပံုစံကေန မင္းမဲ႔စရိုက္ပံုစံျဖစ္လာမယ္။ သတိထားၿပီးလုပ္ၾကဖို႔လိုမယ္တဲ႔”

“ဟုတ္တယ္ ေထာင္ေတြေဖာက္လႊတ္လိုက္ေတာ႔ ေထာင္သားေတြေရာက္လာတယ္။သူတို႔ကို ထိန္း သိမ္းေကၽြးေမြးၿပီး သြားလိုတဲ႔ေနရာကိုသြားႏိုင္ဖို႔ စီစဥ္ေပးရတယ္။အဲလိုမလုပ္ရင္ ၿမိဳ႕ပ်က္သြားမယ္ေလ။ ထမင္းေကၽြးဖို႔တာဝန္ယူထားတဲ႔ ဦးခ်စ္မွိန္ဆို နားတယ္ကိုမရိွရဘူး”

“ဓာတ္ဆီဆိုင္သိမ္းမယ္၊ကုန္သြယ္ေရးသိမ္းမယ္လုပ္ျပန္ေတာ႔လည္း စည္းကမ္းထိန္းသိမ္းေရး ေကာ္မ တီဖဲြ႔ၿပီး မလုပ္ၾကဖို႔တားရတယ္။မဆလ အတြက္ဆို မေရာင္းနဲ႔၊ေရာင္းရမယ္႔သူေတြကိုလည္း စနစ္တက်နဲ႔ ေရာင္းေပးဖို႔ ေျပာရတယ္။အဲသလိုမွ မလုပ္ႏိုင္ရင္ ေနာက္ပိုင္း ျပႆနာေတြ အေတာ္ရွင္းယူရမယ္”

“အဲလိုစည္းကမ္းတက်ထိန္းႏိုင္ခဲ႔လို႔ ဘာကိစၥမွ မေကြးမွာ လြန္လြန္က်ဴးက်ဴးမျဖစ္ခဲ႔ဘူး။ မေကြးသမိုင္း က အဲသေလာက္ေကာင္းခဲ႔တယ္။ သတ္တာျဖတ္တာ ဘာမွ မရိွခဲ႔ဘူး။သပိတ္အစမွာ ေက်ာင္းသားေတြ ခ်ီတက္တဲ႔ အခါကိုင္ဖို႔ ခြပ္ေဒါင္းအလံကို တိုင္းဆက္သြယ္ေရးမန္ေနဂ်ာ ဦးရဲျမင္႔ရဲ႕ ဇနီးကထုတ္ေပးခဲ႔တာ”

“စိတ္မေကာင္းစရာေကာင္းတာက သပိတ္တုန္းက ထမင္းပို႔တဲ႔သူေတြကိုေတာင္ စာရင္းလိုက္မွတ္ၿပီး သတင္းပို႔ခဲ႔တဲ႔သူေတြက အခု အဖဲြ႔အစည္းမွာေခါင္းေဆာင္လုပ္ၿပီး ေနရာယူေနတာ ရယ္ဖို႔ေကာင္းတယ္။ ဦးတာကေတာ႔ သပိတ္မွာ တရားေဟာစည္းရံုးတာနဲ႔ စည္းကမ္းထိန္းသိမ္းေရးအတြက္ပဲ ေဆာင္ရြက္ခဲ႔တာပါ”

NDF ေက်ာင္းသားအဖဲြ႔ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ေဒၚရွမ္းမ(ေရာင္ေပစူး)ထံ သြားေရာက္၍ ၎၏ ရင္တြင္းစကားသံကိုရယူခဲ႔ရာတြင္လည္း..

“ကၽြန္မအဓိကတာဝန္ယူခဲ႔တာက က်န္းမာေရးေစာင္႔ေရွာက္မႈနဲ႔ စည္းရံုးေရးပါ။အစာငတ္ခံဆႏၵျပသူ ေတြရဲ႕ က်န္းမာေရးကို အထူးျပဳစုေစာင္႔ေရွာက္ခဲ႔ရပါတယ္။ကိုေအာင္ခိုင္ၿငိမ္းတို႔ ကိုေဇာ္မင္းခိုင္တို႔ရဲ႕ ဦးေဆာင္မႈနဲ႔ လႈပ္ရွားခဲ႔ၾကတာပါ”

“မေကြးပတ္ဝန္းက်င္ေက်းရြာေတြနဲ႔ နတ္ေမာက္တို႔ ေတာင္တြင္းတို႔မွာသြားၿပီး စည္းရံုးေရးဆင္းတဲ႔အခါ အစာငတ္၊ေရငတ္ခံၿပီး ခက္ခက္ခဲခဲသြားခဲ႔ၾကရပါတယ္။ယာခင္းေတြက ဦးႀကီးေတြေကၽြးတဲ႔ ထမင္းၾကမ္းနဲ႔ လဘက္သုပ္ကို တစ္သက္ေမ႔လို႔ရမွာမဟုတ္ပါဘူး”

“ကၽြန္မတို႔ NDF က ေတာင္စာသင္တိုက္နားမွာ ရံုးခန္းဖြင္႔ခဲ႔ၿပီး ၿမိဳ႕လယ္ဘုရားမွာ တပ္စဲြခဲ႔ပါတယ္။ မေကြးက “၈၈၈၈” လႈပ္ရွားမႈေနာက္က်ခဲ႔ပါတယ္။ေရနံေခ်ာင္းတို႔ ေခ်ာက္တို႔မွာေတာင္ က်မတို႔ထက္ေစာပါတယ္။ မေကြး “၈၈၈၈” အစ မဲထီးလမ္းက လို႔ ဆိုရမွာပါ။ဘုန္းေတာ္ႀကီးတစ္ပါးကို ကုလားထိုင္ကိုေဝါလုပ္ ပင္႔ၿပီး စထြက္ခဲ႔ၾကတာ၊စထြက္တုန္းက အေယာက္၂၀ ေလာက္ပဲရိွေပမယ္႔ တျဖည္းျဖည္းနဲ႔ ၂၀၀ေက်ာ္သံုးရာ ေလာက္ျဖစ္သြားတယ္”

“ဒီမိုကေရစီရခ်င္လို႔လုပ္ခဲ႔ၾကတာပါ။အခုမွ အရိွန္အဝါေတြ ဂုဏ္ေတြနဲ႔ ေနရာယူသူေတြထက္ အေရး အခင္းတုန္းက အနာခံေရွ႕တန္းထြက္ခဲ႔ၾကတဲ႔ ေက်ာင္းသားေဟာင္းေတြကို အသိအမွတ္ျပဳၿပီး ေနရာရေစခ်င္ပါတယ္။ေခါင္းေဆာင္ပိုင္းေနရာေတြမွာ ေဒါင္းေယာင္ေဆာင္ေသာ က်ီးေတြေရာက္မေနေစခ်င္ဘူး”

“၈၈၈၈” အေရးအခင္းတြင္ စိတ္အားထက္သန္စြာ ဦးေဆာင္လႈပ္ရွားခဲ႔သူမ်ားႏွင္႔ အကုန္ေတြ႔ဆံုေမးျမန္းရန္ အခက္အခဲရိွ၍ က်န္ရိွခဲ႔မႈအေပၚ နားလည္ခြင္႔လႊတ္ေပးႏိုင္ပါရန္ ….။

မေကြးၿမိဳ႕သမိုင္း ေသြးစြန္းျခင္းမရိွခဲ႔ေသာ “၈၈၈၈” သပိတ္ႀကီးမွာ ၁၉၈၈ ခု စက္တင္ဘာ (၁၈)ရက္ ေန႔တြင္ စစ္တပ္မွ အာဏာသိမ္းၿဖိဳခဲြမႈေၾကာင္႔ မေကြးေျမ၌ မေကြးသားအခ်ိဳ႕ ေသြးေျမက် အသက္ စေတးခဲ့ၾကရျခင္းမ်ားရိွခဲ႔ကာ တပ္မေတာ္သားတစ္ဦးလည္း ေသဆံံုးခဲ႔ရသည္ဟု သိရသည္။

စစ္တပ္အာဏာသိမ္းျခင္းႏွင္႔ ယဥ္ပါးမႈမရိွခဲ႔ေသာ မေကြးသားတခ်ိဳ႕ စစ္တပ္ဆင္းလာရာလမ္း ေၾကာင္းတစ္ေလွ်ာက္၌ အရဲကိုးကာ လမ္းေၾကာင္းပိတ္ဆို႔ျခင္းမ်ား ျပဳလုပ္ၾကသျဖင္႔ စစ္ေျမျပင္ မဟုတ္ပါဘဲႏွင္႔ ေသနတ္က်ည္ထိမွန္ခံခဲ႔ရသူမ်ားရိွခဲ့ၿပီး အသက္ ေသဆံုးရမႈမ်ားနွင္႔ႀကံဳေတြ႔ခဲ႔ၾကရသည္။

ေကာလာဟလ သတင္းမ်ားအေနျဖင္႔ ဆယ္ဂဏန္းထက္မနည္း ေသဆံုးခဲ႔ရသည္ဟု ၾကားသိခဲ႔ရ ေသာ္လည္း ဝါးေတာမီးေလာင္သကဲ႔သို႔ ပစ္ခတ္မႈမ်ားျပဳလုပ္ခဲ႔ေသာည အလြန္ ေနာက္တစ္ေန႔ မနက္ပိုင္းတြင္ စာေရးသူ ကိုယ္တိုင္ ၿမိဳ႕တြင္းသို႔ အရဲစြန္႔၍ သြားေရာက္ၾကည္႔ရႈခဲ႔ရာတြင္မူ ဗိုလ္ခ်ဳပ္လမ္းႏွင္႔ မဲထီးလမ္း ေထာင္႔တြင္ အေလာင္း(၁)ေလာင္း၊ခရစ္ယာန္ေက်ာင္းအနီး အထက ၂ လမ္းေပၚမွ အေလာင္း(၁)ေလာင္းကိုသာေတြ႔ရိွရၿပီး လမ္းျဖတ္အေျပးတြင္ ပစ္ခတ္ခံရသျဖင့္ ေမးရိုးအမွန္ခံလိုက္ရသူတစ္ဦး ရိွေၾကာင္းသ္ိရ၏။

ထိုေန႔ညက စာေရးသူကိုယ္တိုင္လည္း အေတြ႔အႀကံဳရိွသူ၏ တားျမစ္မႈေၾကာင္႔သာ ခ်မ္းသာရာရရိွခဲ႔ ျခင္းျဖစ္သည္ဟု ဆိုရေခ်မည္။ရြာသစ္ရပ္ကြက္မွ ထိုစဥ္က ကာလသားေခါင္းေဆာင္ ဦးစိန္ျမ၏ေနအိမ္သို႔ စာေရးသူႏွင္႔လူငယ္အဖဲြ႔တို႔ သြားေရာက္ကာ လမ္းပိတ္ဆို႔တားဆီးၾကရန္ အသိေပးေျပာၾကားခဲ႔ရာတြင္ “ဟေကာင္ေလးေတြ..ေသခ်င္ၾကလို႔လား..စစ္ဘီလူးတဲ႔ဟ..သြားၾက ကိုယ္႔အိမ္မွာကို ေအးေအးေနၾက”ဟု ေငါက္ငမ္းတားဆီးခဲ႔၍ျဖစ္သည္။

ဖီးနစ္
.........................











၂၆နှစ်ကြာ ဖိနှိပ်မှုများအောက်မှ တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ညီညွတ်စွာ ရုန်းထခဲ့ကြသည့် နေ့ရက်တစ်ရက်၊ မြန်မာ့သမိုင်းတွင် ထင်ကျန်ရစ်စေမည့် ရှစ်လေးလုံးအရေးတော်ပုံကြီး သက်ဝင်လှုပ်ရှားခဲ့သော ၁၉၈၈ခု သြဂုတ်လ(၈)ရက်၊ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်း၏ မြစ်ဖျားခံရာဟု ဆိုပါလျှင် အငြင်းပွားဖွယ်မရှိသော ထိုနေ့ရက်…

ငွေရတုကာလမှ သုံးနှစ်စွန်းမြောက်၍ ၂၈နှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သော “၈၈၈၈” အရေးတော်ပုံကြီးသည်ကား အတိတ်ကို အတိတ်မှာချန်ခဲ့၍ ကျန်ခဲ့သည်များရှိသည်ဆိုသော်ငြား ယင်း၏ ပုံရိပ်များမှာမူ ချန်ခဲ့၍ မရစကောင်းသော အတိတ်ကြောင်းတစ်ခုပင်ဖြစ်ပေသည်။ အဆိုပါအတိတ်ဟောင်း ကို ပြန်ပြောင်း၍ ငဲ့စောင်းကြည့်မိသောအခါ…

တကယ်တော့ မကွေးမြို့၏ “၈၈၈၈” ပုံရိပ်အစပိုင်းသည် သိပ်ပြီးကြည်လင်ပြတ်သားလှသည်တော့ မဟုတ်ချေ။ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းမှသာ အနာသက်သာဖွယ်ရှိ၍ ဝန်ခံဖြောင့်ချက်ပေးရချေမည်။
အရာရာချင့်ချိန်သည့်စိတ်ဖြင့် ဆန္ဒမစောတတ်သော၊ အသာစီးမယူ အကြောပေးတတ်သော မကွေးသူ၊ မကွေးသား၊ မကွေးကောလိပ်ကျောင်းသား၊ကျောင်းသူတို့သည် “၈၈၈၈” နေ့က လမ်းမများပေါ်သို့ ထွက်ခြင်းမပြု ခဲ့ကြပေ။



စောင့်ကြည့်ချိန်ကြာမြင့်လာသည်နှင့်အမျှ စိတ်မရှည်သူတို့က ကောလိပ်ကျောင်းဝန်းထဲသို့ ထမီထုပ် နှင့် ကျောက်ပျဉ်များ ပစ်ချတော့မည်ဟု သတင်းများထွက်ပေါ်လာမှ လမ်းပေါ်ထွက်၍ “ဒို့အရေး”လုပ်ကြတော့ သည်ဟု ဆိုနိုင်ပေသည်။

မကွေးသားတို့ အထနှေးတတ်သော်လည်း မရသေးသည့်ဒီမိုကရေစီရရှိရေး၊ တစ်ပါတီစနစ်ပြုတ်ကျ ရေး စသည့်အရေးတို့အတွက်တိုက်ပွဲဝင်ရာတွင်မူ ပြင်းထန်ခဲ့သလောက် စည်းကမ်းတကျရှိခဲ့၏။
“၈၈၈၈” အရေးအခင်းတွင် အစပြု၍ တက်ကြွစွာလှုပ်ရှားခဲ့ကြသူများထဲမှ ဦးရဲထွဋ်၊ဦးတာ၊ဒေါ်ရှမ်းမတို့၏ ရင်တွင်းစကားသံများကို ကောက်နှုတ်ဖော်ပြရသော်…

မကွေးမြို့၌ လူသိများထင်ရှားသူတစ်ဦးဖြစ်သော အသက်(၇၅)နှစ်အရွယ်သို့ ရောက်ရှိနပြေီဖြစ်သည့် ရှေ့နကြေီးဦးရဲထွဋ်ထံသွားရောက်၍၎င်း၏ရင်တွင်းစကားသံကိုရယူခဲ့ရာ….

“ကျောင်းသားနဲ့ လူထုလူတန်းစားပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့လို့အောင်မြင်ခဲ့တာပါ။မကွေးမှာ သြဂုတ်လ (၁၃)ရက်နေ့မှ မဲထီးလမ်းက ကံထူး လဘက်ရည်ဆိုင်နားကစပြီး တောထွက်ဘုန်းကြီးတစ်ပါးကို ကုလားထိုင် ကို ဝေါလုပ်ပင့်ပြီး လူဆယ့်လေးငါးယောက်လောက်နဲ့ စထွက်ခဲ့ကြတာ”

“အဲဒီအချိန် ချောက်၊ရေနံချောင်းနဲ့ မင်းဘူးတို့မှာက စပြီးနကြပြေီ။အင်အားထောင်ချီလာတဲ့အခါ မဲထီး လမ်းက အောင်ဓမ္မာရုံမှာ သပိတ်စခန်းဖွင့်ပြီး ကျုပ်တို့ တရားဟောကြတော့တာပဲ။သပိတ်ကဦးဆောင်ပြီး ပထမဆုံးချီတက်ဆန္ဒပြပွဲမှာ လမ်းဘေးမှာရောင်းသည့်ဒံပေါက်ဖြစ်၍ လေးဘမ်းဒံပေါက် အမည်ဖြင့် ရောင်း ချသူ ကိုခင်မောင်လတ်(ကွယ်လွန်)က ထူးထူးခြားခြား မြင်းကြီးစီးပြီး ရှေ့ဆုံးကလိုက်ပါခဲ့တယ်”

“ကျုပ်တို့က မဆလ ပါတီရုံးကိုသွားပြီး ရှေ့မှာ တရားဟောဖို့လုပ်တော့ ကျောင်းသားလေးတွေက သူတို့ကျောကုန်းပေါ်တက်ပြီးဟောပါလို့တောင်ပြောကြတယ်။နောက်မှ စားပွဲခုံတစ်လုံး ရှာယူလာကြလို့ စားပွဲ ပေါ်တက်ဟောခဲ့ရတယ်”



“ပါတီကိုသိမ်းယူနိုင်ခဲ့ပြီး အဲဒီမှာလည်း သပိတ်တပ်စွဲလိုက်တယ်။ ဦးဇနိန္ဒဆိုတဲ့ဘုန်းကြီးတစ်ပါး ရောက်လာပြီး လူငယ်တွေကို ကိုယ်ခံပညာသင်ပေးတာတို့၊နငယ်ကွင်းပိတ်တွေထိုးပေးပြီး ရဲဆေးတင်ပေးခဲ့ တယ်”

“နောက်ပိုင်းမှာ သစ္စာဖောက်၊သူလျှိုဆိုတဲ့စွဲချက်တွေနဲ့ ပြဿနာပေါ်လာတာတွေရှိတယ်။ တရားစီရင် ဖို့တွေအထိလုပ်လာကြတော့ မလုပ်ကြနဲ့ ငါတို့မှာ ဘာအာဏာမှ မရှိဘူး၊ We are not the government လို့ သဘောပေါက်အောင်ပြောပြီး ထိန်းခဲ့ရတယ်”

“ချောက်မှာ ရဲကပစ်လို့ ကောင်လေးတစ်ယောက်သေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘုန်းကြီးဦးဇနိန္ဒနဲ့ ကျုပ်တို့ သွားခဲ့ကြပြီးအပြန်မှာ ရေနံချောင်းကိုရောက်တော့ ရေနံချောင်းသပိတ်ကတားပြီး သူလျှိုတွဖြေစ်မယ် ဆိုပြီး စစ်ဆေးခံခဲ့ရသေးတယ်။ ခေါ်သွားတဲ့ ကျောင်းက သပိတ်အစပိုင်းတုန်းက ကိုမြင့်ဦးနဲ့အတူ အစည်းအဝေး တက်ခဲ့တဲ့ ကျောင်းဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်ကြတယ်”

“ပါတီရုံးရဲ့ရှေ့မှာ စင်ကြီးထိုးပြီး နေ့တိုင်းလောက် တရားတွေဟောခဲ့ရတယ်။နောက်ဆုံး ချီတက် ဆန္ဒပြပွဲမှာ ကျောင်းသားနဲ့ အရပ်သား၊လူတန်းစားပေါင်းစုံသာမကတော့ဘဲ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေပါ ပါလာပြီး လူတန်းကြီးက အောင်ဓမ္မာရုံကနေ ဘောလုံးကွင်းအထိ မဆုံးတော့ဘူး”

မန္တလေးတက္ကသိုလ်ကျောင်းသားဖြစ်ခဲ့သူ ဦးတာထံသွားရောက်၍၎င်း၏ရင်တွင်းစကားသံများကိုရယူ ခဲ့ရာ..

“ကိုယ်ကတော့ သြဂုတ် ၁၀ရက်နေ့စတယ်လို့ပဲမှတ်ထားတယ်။မဲထီးလမ်းကစထွက်လာတဲ့ လူဆယ့် လေးငါးယောက်လောက် ကိုယ့်အိမ်နားရောက်လာတော့ ပါလာတဲ့ ဦးစိုးသိန်းကြီးက ဟေ့ကောင်မောင်တာ လာ ဆိုပြီးတော့ခေါ်တယ်။ခင်ဗျားတို့ကလည်းဗျာ ၁၀ရက်နေ့တောင်ရောက်နပြေီ နောက်ကျလိုက်တာပေါ့။ သူများတွေ ၈ ရက်နေ့မတိုင်ခင်ကတည်းကတောင် ချနကြပြေီလို့ ပြောပြီးလိုက်သွားတာ။ စသုံးလုံးရှေ့ ရောက်တော့ ဓာတ်ပုံတွေလှမ်းရိုက်ကြလို့ ပုဆိုးတွေနဲ့မျက်နှာကိုစည်းပြီး ရုပ်ဖျက်ကြရသေးတယ်”

“သပိတ်ဖွဲ့ပြီးတော့ ကိုတာ တရားဟောပေးပါ။ဟောနကြေတာ အမြီးအမောက်မတည့်ကြဘူးဆိုပြီး တောင်းဆိုတာကြောင့် မန်းတက္ကသိုလ်ကျောင်းသားအမည်နဲ့ဟောတော့ မကွေးတင်မဟုတ်တော့ဘူး မင်းဘူး ဘက်ပါသွားဟောရတယ်။တစ်ခါ ပါတီသိမ်းပြီးတော့လည်း ပါတီရှေ့ကစင်မှာ ဟောရတယ်”

“သပိတ်ကာလမှာ ထိန်းသိမ်းမှုကောင်းကောင်းနဲ့ စိတ်ရောကိုယ်ပါဆောင်ရွက်ခဲ့သူတွေထဲမှာ ကွယ် လွန်သွားပြီဖြစ်တဲ့ ဦးဆင့်ဟာ ထိပ်ဆုံးကပါပဲ။သရက်လေးပင်က ဦးခင်မောင်ဆန်း(ပမညတ)လည်း သိပ်တော် တဲ့ပုဂ္ဂိုလ်ပါ။ ဦးအောင်ကျော်စိုးရဲ့အိမ်မှာ သပိတ်စခန်းကလူတွေကိုခေါ်ပြောတာ။လူလေးတို့ အခုလုပ်နေတဲ့ သပိတ်က ကြာလာရင် ပြည်သူအားကိုးရတဲ့ပုံစံကနေ မင်းမဲ့စရိုက်ပုံစံဖြစ်လာမယ်။ သတိထားပြီးလုပ်ကြဖို့လိုမယ်တဲ့”

“ဟုတ်တယ် ထောင်တွေဖောက်လွှတ်လိုက်တော့ ထောင်သားတွေရောက်လာတယ်။သူတို့ကို ထိန်း သိမ်းကျွေးမွေးပြီး သွားလိုတဲ့နေရာကိုသွားနိုင်ဖို့ စီစဉ်ပေးရတယ်။အဲလိုမလုပ်ရင် မြို့ပျက်သွားမယ်လေ။ ထမင်းကျွေးဖို့တာဝန်ယူထားတဲ့ ဦးချစ်မှိန်ဆို နားတယ်ကိုမရှိရဘူး”

“ဓာတ်ဆီဆိုင်သိမ်းမယ်၊ကုန်သွယ်ရေးသိမ်းမယ်လုပ်ပြန်တော့လည်း စည်းကမ်းထိန်းသိမ်းရေး ကော်မ တီဖွဲ့ပြီး မလုပ်ကြဖို့တားရတယ်။မဆလ အတွက်ဆို မရောင်းနဲ့၊ရောင်းရမယ့်သူတွေကိုလည်း စနစ်တကျနဲ့ ရောင်းပေးဖို့ ပြောရတယ်။အဲသလိုမှ မလုပ်နိုင်ရင် နောက်ပိုင်း ပြဿနာတွေ အတော်ရှင်းယူရမယ်”

“အဲလိုစည်းကမ်းတကျထိန်းနိုင်ခဲ့လို့ ဘာကိစ္စမှ မကွေးမှာ လွန်လွန်ကျူးကျူးမဖြစ်ခဲ့ဘူး။ မကွေးသမိုင်း က အဲသလောက်ကောင်းခဲ့တယ်။ သတ်တာဖြတ်တာ ဘာမှ မရှိခဲ့ဘူး။သပိတ်အစမှာ ကျောင်းသားတွေ ချီတက်တဲ့ အခါကိုင်ဖို့ ခွပ်ဒေါင်းအလံကို တိုင်းဆက်သွယ်ရေးမန်နေဂျာ ဦးရဲမြင့်ရဲ့ ဇနီးကထုတ်ပေးခဲ့တာ”

“စိတ်မကောင်းစရာကောင်းတာက သပိတ်တုန်းက ထမင်းပို့တဲ့သူတွေကိုတောင် စာရင်းလိုက်မှတ်ပြီး သတင်းပို့ခဲ့တဲ့သူတွေက အခု အဖွဲ့အစည်းမှာခေါင်းဆောင်လုပ်ပြီး နေရာယူနေတာ ရယ်ဖို့ကောင်းတယ်။ ဦးတာကတော့ သပိတ်မှာ တရားဟောစည်းရုံးတာနဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက်ပဲ ဆောင်ရွက်ခဲ့တာပါ”

NDF ကျောင်းသားအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်ရှမ်းမ(ရောင်ပေစူး)ထံ သွားရောက်၍၎င်း၏ ရင်တွင်းစကားသံကိုရယူခဲ့ရာတွင်လည်း..

“ကျွန်မအဓိကတာဝန်ယူခဲ့တာက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စည်းရုံးရေးပါ။အစာငတ်ခံဆန္ဒပြသူ တွေရဲ့ ကျန်းမာရေးကို အထူးပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ကိုအောင်ခိုင်ငြိမ်းတို့ ကိုဇော်မင်းခိုင်တို့ရဲ့ ဦးဆောင်မှုနဲ့ လှုပ်ရှားခဲ့ကြတာပါ”

“မကွေးပတ်ဝန်းကျင်ကျေးရွာတွေနဲ့ နတ်မောက်တို့ တောင်တွင်းတို့မှာသွားပြီး စည်းရုံးရေးဆင်းတဲ့အခါ အစာငတ်၊ရေငတ်ခံပြီး ခက်ခက်ခဲခဲသွားခဲ့ကြရပါတယ်။ယာခင်းတွေက ဦးကြီးတွေကျွေးတဲ့ ထမင်းကြမ်းနဲ့ လဘက်သုပ်ကို တစ်သက်မေ့လို့ရမှာမဟုတ်ပါဘူး”

“ကျွန်မတို့ NDF က တောင်စာသင်တိုက်နားမှာ ရုံးခန်းဖွင့်ခဲ့ပြီး မြို့လယ်ဘုရားမှာ တပ်စွဲခဲ့ပါတယ်။ မကွေးက “၈၈၈၈” လှုပ်ရှားမှုနောက်ကျခဲ့ပါတယ်။ရေနံချောင်းတို့ ချောက်တို့မှာတောင် ကျမတို့ထက်စောပါတယ်။ မကွေး “၈၈၈၈” အစ မဲထီးလမ်းက လို့ ဆိုရမှာပါ။ဘုန်းတော်ကြီးတစ်ပါးကို ကုလားထိုင်ကိုဝေါလုပ် ပင့်ပြီး စထွက်ခဲ့ကြတာ၊စထွက်တုန်းက အယောက်၂၀ လောက်ပဲရှိပေမယ့် တဖြည်းဖြည်းနဲ့ ၂၀၀ကျော်သုံးရာ လောက်ဖြစ်သွားတယ်”

“ဒီမိုကရေစီရချင်လို့လုပ်ခဲ့ကြတာပါ။အခုမှ အရှိန်အဝါတွေ ဂုဏ်တွေနဲ့ နေရာယူသူတွေထက် အရေး အခင်းတုန်းက အနာခံရှေ့တန်းထွက်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေကို အသိအမှတ်ပြုပြီး နေရာရစေချင်ပါတယ်။ခေါင်းဆောင်ပိုင်းနေရာတွေမှာ ဒေါင်းယောင်ဆောင်သော ကျီးတွေရောက်မနေစေချင်ဘူး”

“၈၈၈၈” အရေးအခင်းတွင် စိတ်အားထက်သန်စွာ ဦးဆောင်လှုပ်ရှားခဲ့သူများနှင့် အကုန်တွေ့ဆုံမေးမြန်းရန် အခက်အခဲရှိ၍ ကျန်ရှိခဲ့မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် ….။

မကွေးမြို့သမိုင်း သွေးစွန်းခြင်းမရှိခဲ့သော “၈၈၈၈” သပိတ်ကြီးမှာ ၁၉၈၈ ခု စက်တင်ဘာ (၁၈)ရက် နေ့တွင် စစ်တပ်မှ အာဏာသိမ်းဖြိုခွဲမှုကြောင့် မကွေးမြေ၌ မကွေးသားအချို့ သွေးမြေကျ အသက် စတေးခဲ့ကြရခြင်းများရှိခဲ့ကာ တပ်မတော်သားတစ်ဦးလည်း သေဆုံးခဲ့ရသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းခြင်းနှင့် ယဉ်ပါးမှုမရှိခဲ့သော မကွေးသားတချို့ စစ်တပ်ဆင်းလာရာလမ်း ကြောင်းတစ်လျှောက်၌ အရဲကိုးကာ လမ်းကြောင်းပိတ်ဆို့ခြင်းများ ပြုလုပ်ကြသဖြင့် စစ်မြပြေင် မဟုတ်ပါဘဲနှင့် သေနတ်ကျည်ထိမှန်ခံခဲ့ရသူများရှိခဲ့ပြီး အသက် သေဆုံးရမှုများနှင့်ကြုံတွေ့ခဲ့ကြရသည်။

ကောလာဟလ သတင်းများအနဖြေင့် ဆယ်ဂဏန်းထက်မနည်း သေဆုံးခဲ့ရသည်ဟု ကြားသိခဲ့ရ သော်လည်း ဝါးတောမီးလောင်သကဲ့သို့ ပစ်ခတ်မှုများပြုလုပ်ခဲ့သောည အလွန် နောက်တစ်နေ့ မနက်ပိုင်းတွင် စာရေးသူ ကိုယ်တိုင် မြို့တွင်းသို့ အရဲစွန့်၍ သွားရောက်ကြည့်ရှုခဲ့ရာတွင်မူ ဗိုလ်ချုပ်လမ်းနှင့် မဲထီးလမ်း ထောင့်တွင် အလောင်း(၁)လောင်း၊ခရစ်ယာန်ကျောင်းအနီး အထက ၂ လမ်းပေါ်မှ အလောင်း(၁)လောင်းကိုသာတွေ့ရှိရပြီး လမ်းဖြတ်အပြေးတွင် ပစ်ခတ်ခံရသဖြင့် မေးရိုးအမှန်ခံလိုက်ရသူတစ်ဦး ရှိကြောင်းသိ်ရ၏။

ထိုနေ့ညက စာရေးသူကိုယ်တိုင်လည်း အတွေ့အကြုံရှိသူ၏ တားမြစ်မှုကြောင့်သာ ချမ်းသာရာရရှိခဲ့ ခြင်းဖြစ်သည်ဟု ဆိုရချေမည်။ရွာသစ်ရပ်ကွက်မှ ထိုစဉ်က ကာလသားခေါင်းဆောင် ဦးစိန်မြ၏နေအိမ်သို့ စာရေးသူနှင့်လူငယ်အဖွဲ့တို့ သွားရောက်ကာ လမ်းပိတ်ဆို့တားဆီးကြရန် အသိပေးပြောကြားခဲ့ရာတွင် “ဟကောင်လေးတွေ..သေချင်ကြလို့လား..စစ်ဘီလူးတဲ့ဟ..သွားကြ ကိုယ့်အိမ်မှာကို အေးအေးနကြေ”ဟု ငေါက်ငမ်းတားဆီးခဲ့၍ဖြစ်သည်။

ဖီးနစ်


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
« PREV
NEXT »