တာခ်ီလိတ္ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔မွ အထက(ဆန္ဆိုင္း)အတြင္း ေဟာေျပာပြဲ ျပဳလုပ္

တာခ်ီလိတ္ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔မွ အထက(ဆန္ဆိုင္း)အတြင္း ေဟာေျပာပြဲ ျပဳလုပ္
သြဂုတ် 17, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္အမ်ိဳးသမီးေရးရာမွႀကီးမွဴး၍ တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္း ႏွင့္  ျမိဳ႕နယ္ပညာေရးမွဴးတို႔မွ ကေလးငယ္မ်ားအား ျမန္မာ့ယဥ္ေက်းမႈ မေပ်ာက္ကြယ္ေစေရးႏွင့္ မ်ိဳးခ်စ္စိတ္ဓာတ္ ရွင္သန္ထက္ျမက္ေစေရး အတြက္ တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)တြင္ ၾသဂုတ္လ (၁၇)ရက္ေန႔က အသိပညာေပးေဟာေျပာပြဲမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေဟာေျပာပြဲတြင္ တာခ်ီလိတ္ခရို္င္အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔မွ အဖြင့္အမွာစကားေျပာၾကားၿပီးေနာက္၊ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား "ျမန္မာ့ယဥ္ေက်းမႈတန္းဖိုးကို ၿခိမ္းေျခာက္လာေသာ အႏၱရာယ္မ်ား"ေခါင္းစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚမာမာဦးမွ ေဟာေျပာၿပီး၊ "မ်ိဳးခ်စ္စိတ္ဓါတ္ရွင္သန္ထက္ျမက္ေစေရး"ေခါင္းစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာအသင္း နာယက၊ ASG ဥကၠဌ ေဒါက္တာ ျမင့္ေအာင္က ေဟာေျပာသည္။

ဆက္လက္ၿပီး အထက(ဆိုင္ဆန္း)မွ ေက်ာင္းအုပ္ႀကီးက သက္ငယ္အမ်ိဳးသမီးေရးရာအဖြဲ႕၀င္ အဆိုျပဳလႊာမ်ားကို ခရိုင္အမ်ိဳးသမီးေရးရာအဖြဲ႕သို႔ေပးအပ္ျခင္းႏွင့္ ခရိုင္အမ်ိဳးသမီးေရးရာအဖြဲ႕ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ႏွင့္ အဖြဲ႔၀င္မ်ားမွ အဖြဲ႕၀င္ အသိမွတ္ျပဳ ရင္ထိုးတံဆိပ္မ်ား တပ္ဆင္ေပးျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေဟာေျပာပြဲျပဳလုပ္ၿပီးေနာက္ ခရိုင္အမ်ိဳးသမီးေရးရာအဖြဲ႕မွ အထက(ဆန္ဆိုင္း)ရွိ  ေက်ာင္းစာၾကည္တိုက္၌ ေက်ာင္းသား၊ေက်ာင္းသူမ်ား စာဖတ္ေလ့လာေနမႈအားကို ၾကည့္ရႈၿပီး ေက်ာင္းစာၾကည္တိုက္အတြက္ လိုအပ္သည့္ စာအုပ္၊ စာေစာင္မ်ားေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်ခရိုင်အမျိုးသမီးရေးရာမှကြီးမှူး၍ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း နှင့် မြို့နယ်ပညာရေးမှူးတို့မှ ကလေးငယ်များအား မြန်မာ့ယဉ်ကျေးမှု မပျောက်ကွယ်စေရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး အတွက် တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် သြဂုတ်လ (၁၇)ရက်နေ့က အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တာချီလိတ်ခရို်င်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်မှ အဖွင့်အမှာစကားပြောကြားပြီးနောက်၊ ကျောင်းသား၊ကျောင်းသူများအား "မြန်မာ့ယဉ်ကျေးမှုတန်းဖိုးကို ခြိမ်းခြောက်လာသော အန္တရာယ်များ"ခေါင်းစဉ်ဖြင့် တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးမှ ဟောပြောပြီး၊ "မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး"ခေါင်းစဉ်ဖြင့် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း နာယက၊ ASG ဥက္ကဌ ဒေါက်တာ မြင့်အောင်က ဟောပြောသည်။

ဆက်လက်ပြီး အထက(ဆိုင်ဆန်း)မှ ကျောင်းအုပ်ကြီးက သက်ငယ်အမျိုးသမီးရေးရာအဖွဲ့ဝင် အဆိုပြုလွှာများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့သို့ပေးအပ်ခြင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်နှင့် အဖွဲ့ဝင်များမှ အဖွဲ့ဝင် အသိမှတ်ပြု ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲပြုလုပ်ပြီးနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အထက(ဆန်ဆိုင်း)ရှိ ကျောင်းစာကြည်တိုက်၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်လေ့လာနေမှုအားကို ကြည့်ရှုပြီး ကျောင်းစာကြည်တိုက်အတွက် လိုအပ်သည့် စာအုပ်၊ စာစောင်များပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~