
သွဂုတျ 13, 2016
By Tachileik News Agency

မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်သွယ်မှု ဗဟိုဌာနများ ဖွင့်လှစ်လျှက်ရှိရာ ပြည်နယ်(၃)ခုတွင် ကုန်သွယ်မှုဗဟိုဌာနသစ်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။



ကုန်သွယ်မှုဗဟိုဌာနများ ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးနှင့်ကုန်သွယ်ရေး သတင်း အချက်အလက်များဖြန့်ဝေပေးရန်နှင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် ကုန်သွယ်မှု ဗဟိုဌာန (၉) ခု ကိုဖွင့်လှစ်ပေးခဲ့ပြီး ယင်းကုန်သွယ်မှုဗဟိုဌာန များမှာ ရန်ကုန်မြို့၊ မြန်မာ့ကုန်သွယ် မှုဗဟိုဌာန(MTC) ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်ရတနာပုံ ကုန်သွယ်မှုဗဟိုဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မနောမြေကုန်သွယ်မှုဗဟိုဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇေယျကုန်သွယ်မှု ဗဟိုဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာကုန်သွယ်မှုဗဟိုဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဖန်ခါးမြေ ကုန်သွယ်မှုဗဟိုဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကန္ဒရ၀တီ ကုန်သွယ်မှု ဗဟိုဌာနနှင့် မူဆယ်မြို့တွင် မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနတို့ဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲလာသည့်ခေတ်စနစ်နဲ့ လိုက်လျော ညီထွေဖြစ်စေရန်နှင့် ကုန်သည်လုပ်ငန်းရှင်များ၊ လုပ်သာကိုင်သာရှိစေရန်အတွက် ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း များဖြေလျှော့ပေးခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ် ညှိနှိုင်းရေးနှင့် ကုန်သွယ်မှုဆိုင်ရာပညာပေးရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ထိုက်ထိုက်
..............
မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အနဖြေင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်သွယ်မှု ဗဟိုဌာနများ ဖွင့်လှစ်လျှက်ရှိရာ ပြည်နယ်(၃)ခုတွင် ကုန်သွယ်မှုဗဟိုဌာနသစ်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
ကုန်သွယ်မှုဗဟိုဌာနများမှာ ရခိုင်ပြည်နယ် သဇင်မြေ ကုန်သွယ်မှုဗဟိုဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာနနှင့် ချင်းပြည်နယ် တောင်ဇလပ် ကုန်သွယ်မှု ဗဟိုဌာနတို့ဖြစ်ကြောင်း သိရသည်။
“ကုန်သွယ်မှုဗဟိုဌာနတွေကို ထပ်ပြီးဖွင့်ဖို့ ရှိတယ်။ နိုင်ငံတော်က ဘတ်ဂျက်ကျလာရင် တိုင်းနှင့်ပြည်နယ် အသီးသီးမှာ ဖွင့်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဖွင့်တယ်ဆိုတာက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရကို အကြောင်းကြားပြီးတော့ အဲဒီဒေသတွေမှာ ဖွင့်လို့ရနိုင်တဲ့ အခြေအနေကို တွက်ချက်ပြီးမှ ဖွင့်သွားမှာပါ“ ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်ဝင်းက ပြောသည်။
ကုန်သွယ်မှုဗဟိုဌာနများ ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးနှင့်ကုန်သွယ်ရေး သတင်း အချက်အလက်များဖြနေ့်ဝပေးရန်နှင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အနဖြေင့် တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် ကုန်သွယ်မှု ဗဟိုဌာန (၉) ခု ကိုဖွင့်လှစ်ပေးခဲ့ပြီး ယင်းကုန်သွယ်မှုဗဟိုဌာန များမှာ ရန်ကုန်မြို့၊ မြန်မာ့ကုန်သွယ် မှုဗဟိုဌာန(MTC)၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်ရတနာပုံ ကုန်သွယ်မှုဗဟိုဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မနောမြေကုန်သွယ်မှုဗဟိုဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇေယျကုန်သွယ်မှု ဗဟိုဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာကုန်သွယ်မှုဗဟိုဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဖန်ခါးမြေ ကုန်သွယ်မှုဗဟိုဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကန္ဒရဝတီ ကုန်သွယ်မှု ဗဟိုဌာနနှင့် မူဆယ်မြို့တွင် မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနတို့ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနဖြေင့် ပြောင်းလဲလာသည့်ခေတ်စနစ်နဲ့ လိုက်လျော ညီထွဖြေစ်စေရန်နှင့် ကုန်သည်လုပ်ငန်းရှင်များ၊ လုပ်သာကိုင်သာရှိစေရန်အတွက် ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း များဖြေလျှော့ပေးခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ် ညှိနှိုင်းရေးနှင့် ကုန်သွယ်မှုဆိုင်ရာပညာပေးရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ထိုက်ထိုက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~