ေတာင္ႀကီးၿမိဳ႕မွ သံုးျမႊာပူးမိန္းကေလးမ်ားအား လူမႈဝန္ထမ္းဦးစီးဌာနက က်ပ္ငါးသိန္းေထာက္ပံ့

ေတာင္ႀကီးၿမိဳ႕မွ သံုးျမႊာပူးမိန္းကေလးမ်ားအား လူမႈဝန္ထမ္းဦးစီးဌာနက က်ပ္ငါးသိန္းေထာက္ပံ့
သြဂုတ် 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ အမ်ိဳးသမီးႏွင့္ကေလးေဆးရံုႀကီးတြင္ ေမြးဖြားသည့္ မိန္းကေလး (၃)ျမႊာပူးအတြက္ ရွမ္းျပည္နယ္ လူမႈ၀န္ထမ္းဦးစီးဌာနမွ ၾသဂုတ္လ(၁၀)ရက္ေန႔က က်ပ္(၅)သိန္း ေထာက္ပံ့ လိုက္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ လူမႈ၀န္ထမ္းဦးစီးဌာနက ေစတနာရွင္ လူမႈအဖြဲ႕အစည္းေတြလို လွဴဒါန္း ေထာက္ပံ့မႈေတြလည္း ပါ ပါတယ္။ အဲဒါေၾကာင့္ရယ္ (၃)ျမႊာပူးနဲ႔အထက္ ကေလးငယ္ ေမြးဖြားတာရွိရင္ ႏိုင္ငံေတာ္အစိုးရ အေနနဲ႔ လည္း လူမႈ၀န္ထမ္းဦးစီးဌာနက က်ပ္(၅)သိန္း ေထာက္ပံ့ေပးရပါတယ္။ ဒါေၾကာင့္ လာေရာက္ၿပီး ေထာက္ပ့ံမႈ ေပးတာပါ"ဟု ႐ွမ္းျပည္နယ္၊ ျပည္နယ္လူမူဝန္ထမ္းဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး ဦးထြန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္နယ္လူမႈ၀န္ထမ္းဦးစီးဌာနအေနျဖင့္  ၾသဂုတ္လ(၉)ရက္ေန႔တြင္လည္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)နမၼတူၿမိဳ႕မွ (၃)ျမႊာပူးအား ေထာက္ပံ့မႈေပးခဲ့ၿပီးျဖစ္ေႀကာင္း ႏွင့္ ယခု ထပ္မံ၍ ေတာင္ႀကီးၿမိဳ႕မွ (၃)ျမႊာပူးအား ထပ္မံ ေထာက္ပံ့လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕မွ အျမႊာမ်ားကို ၾသဂုတ္လ(၄)ရက္ေန႔တြင္ တစ္ဦးႏွင့္တစ္ဦး ဆယ္မိနစ္ျခား၍ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး မိခင္မွာ အသက္(၂၁)ႏွစ္အရြယ္ ေက်ာင္းဆရာမတစ္ဦးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ႏိုႏို
.....................

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် မွေးဖွားသည့် မိန်းကလေး (၃)မြွှာပူးအတွက် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သြဂုတ်လ(၁၀)ရက်နေ့က ကျပ်(၅)သိန်း ထောက်ပံ့ လိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာနက စေတနာရှင် လူမှုအဖွဲ့အစည်းတွေလို လှူဒါန်း ထောက်ပံ့မှုတွေလည်း ပါ ပါတယ်။ အဲဒါကြောင့်ရယ် (၃)မြွှာပူးနဲ့အထက် ကလေးငယ် မွေးဖွားတာရှိရင် နိုင်ငံတော်အစိုးရ အနေနဲ့ လည်း လူမှုဝန်ထမ်းဦးစီးဌာနက ကျပ်(၅)သိန်း ထောက်ပံ့ပေးရပါတယ်။ ဒါကြောင့် လာရောက်ပြီး ထောက်ပံ့မှု ပေးတာပါ"ဟု ရှမ်းပြည်နယ်၊ ပြည်နယ်လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနအနဖြေင့် သြဂုတ်လ(၉)ရက်နေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ္မတူမြို့မှ (၃)မြွှာပူးအား ထောက်ပံ့မှုပေးခဲ့ပြီးဖြစ်ကြောင်း နှင့် ယခု ထပ်မံ၍ တောင်ကြီးမြို့မှ (၃)မြွှာပူးအား ထပ်မံ ထောက်ပံ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့မှ အမြွှာများကို သြဂုတ်လ(၄)ရက်နေ့တွင် တစ်ဦးနှင့်တစ်ဦး ဆယ်မိနစ်ခြား၍ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မိခင်မှာ အသက်(၂၁)နှစ်အရွယ် ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #နိုနို

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~