ေတာင္ႀကီးၿမိဳ႕မွ (၃)ေလာင္းၿပိဳင္ လူသတ္မႈရဲ႕ တရားခံကို ဖမ္းမိၿပီ

ေတာင္ႀကီးၿမိဳ႕မွ (၃)ေလာင္းၿပိဳင္ လူသတ္မႈရဲ႕ တရားခံကို ဖမ္းမိၿပီ
သြဂုတ် 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္နီေက်းရြာတြင္ ၾသဂုတ္လ(၁၉)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့သည့္ (၃)ေလာင္းၿပိဳင္လူသတ္မႈ၏ အဓိက ျဖစ္စဥ္မွာ လက္ထပ္ရန္ ျငင္းဆန္သျဖင့္ လူသတ္မႈအထိ ျဖစ္သြားရျခင္း ျဖစ္ေၾကာင္း လူသတ္မႈက်ဴးလြန္ခဲ့သူက ထြက္ဆို၀န္ခံလိုက္သည္ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

"အသတ္ခံရတဲ့ ေလာက္ရႊင္(ခ)ေဒၚေရႊရည္မ်ိဳးက လက္ထပ္ဖို႔ျငင္းဆန္ၿပီး တျခားတစ္ေယာက္ကို လက္ထပ္မယ္ ေျပာလို႔ သတ္ခဲ့တာ။ တစ္ခ်ိန္တည္းမွာ ဘဲ အိမ္မွာရွိတဲ့ ကေလးေတြကိုပါ သတ္သြားတာပါ" ဟု ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ေအာင္ေအာင္က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕နယ္ အေရွ႕မိုင္းေသာ္ေက်းရြာအုပ္စု၊ ေတာင္နီေက်းရြာမွ (၃)ေလာင္းၿပိဳင္ လူသတ္မႈႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုးတြင္ ၾသဂုတ္လ(၂၃)ရက္ေန႔ ညေနပိုင္းက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

လူသတ္မႈက်ဴးလြန္ခဲ့သည္ဟုဆိုေသာ ရွိဳစိန္(ခ)အိုက္ေမာင္(ခ)လံုးေမာင္က ေဒၚေရႊရည္မ်ိဳးအား လက္ထပ္ခြင့္ေတာင္းသည္ကို ျငင္းဆန္သျဖင့္ ဓါးျဖင့္ခုတ္သတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဒၚေရႊရည္မ်ိဳးအား ဓါးျဖင့္ခုတ္သည္ကို ျမင္ရသည့္ အတူေန အသက္(၁၂)ႏွစ္အရြယ္ သမီးျဖစ္သူႏွင့္ အသက္ (၁၀)ႏွစ္အရြယ္ တူျဖစ္သူတို႔က ေအာ္ဟစ္သျဖင့္ ၎တို႔အားလည္း ဓါးျဖင့္ ခုတ္သတ္လိုက္ျခင္းျဖစ္သည္ဟု အစစ္ခံေၾကာင္း သိရသည္။

ရွိဳစိန္(ခ)အိုက္ေမာင္(ခ)လံုးေမာင္အား ေရႊေညာင္ ရဲစခန္းတြင္ (ပ) ၈၂/၂၀၁၆ ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၃၇၆ ျဖင့္ အမႈဖြင့္လွစ္အေရးယူထားေၾကာင္းသိရသည္။

သတင္း - ‪#‎ႏုိႏို‬

---------------------

ရှမ်းပြည်နယ်တောင်ပိုင်း တောင်နီကျေးရွာတွင် သြဂုတ်လ(၁၉)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် (၃)လောင်းပြိုင်လူသတ်မှု၏ အဓိက ဖြစ်စဉ်မှာ လက်ထပ်ရန် ငြင်းဆန်သဖြင့် လူသတ်မှုအထိ ဖြစ်သွားရခြင်း ဖြစ်ကြောင်း လူသတ်မှုကျူးလွန်ခဲ့သူက ထွက်ဆိုဝန်ခံလိုက်သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"အသတ်ခံရတဲ့ လောက်ရွှင်(ခ)ဒေါ်ရွှေရည်မျိုးက လက်ထပ်ဖို့ငြင်းဆန်ပြီး တခြားတစ်ယောက်ကို လက်ထပ်မယ် ပြောလို့ သတ်ခဲ့တာ။ တစ်ချိန်တည်းမှာ ဘဲ အိမ်မှာရှိတဲ့ ကလေးတွေကိုပါ သတ်သွားတာပါ" ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်အောင်အောင်က ပြောသည်။

တောင်ကြီးမြို့နယ် အရှေ့မိုင်းသော်ကျေးရွာအုပ်စု၊ တောင်နီကျေးရွာမှ (၃)လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သြဂုတ်လ(၂၃)ရက်နေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သည်ဟုဆိုသော ရှိုစိန်(ခ)အိုက်မောင်(ခ)လုံးမောင်က ဒေါ်ရွှေရည်မျိုးအား လက်ထပ်ခွင့်တောင်းသည်ကို ငြင်းဆန်သဖြင့် ဓားဖြင့်ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်ရွှေရည်မျိုးအား ဓားဖြင့်ခုတ်သည်ကို မြင်ရသည့် အတူနေ အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် (၁၀)နှစ်အရွယ် တူဖြစ်သူတို့က အော်ဟစ်သဖြင့်၎င်းတို့အားလည်း ဓားဖြင့် ခုတ်သတ်လိုက်ခြင်းဖြစ်သည်ဟု အစစ်ခံကြောင်း သိရသည်။

ရှိုစိန်(ခ)အိုက်မောင်(ခ)လုံးမောင်အား ရွှေညောင် ရဲစခန်းတွင် (ပ) ၈၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်းသိရသည်။

သတင်း - ‪#‎နိုနို‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~