IC ေတးဂီတအဖြဲ႕ကို ငွားရမ္းထားျခင္း မရိွပါဟု IC ၀ိုင္းေတာ္သားမ်ား Facebook ေပၚတြင္ ေၾကျငာထားသည့္ တာခ်ီလိတ္ၿမိဳ႕ 1G1 7 Hotel မွ IC Show ပြဲမွာ ၾကားခံလူ၏ စီစဥ္မႈလြဲေခ်ာ္ျခင္းဟုဆို

IC ေတးဂီတအဖြဲ႕ကို ငွားရမ္းထားျခင္း မရိွပါဟု IC ၀ိုင္းေတာ္သားမ်ား Facebook ေပၚတြင္ ေၾကျငာထားသည့္ တာခ်ီလိတ္ၿမိဳ႕ 1G1 7 Hotel မွ IC Show ပြဲမွာ ၾကားခံလူ၏ စီစဥ္မႈလြဲေခ်ာ္ျခင္းဟုဆို
သြဂုတ် 12, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ 1G1 7 Hotel ၌ ၾသဂုတ္လ(၂၅)ရက္ေန႔တြင္ IC ေတးဂီတေဖ်ာ္ေျဖပြဲအတြက္ ႀကိဳတင္ လက္မွတ္မ်ား ေရာင္းခ်ထားမႈႏွင့္ ပတ္သက္၍ IC ေတးဂီတအဖြဲ႔ကို ငွားရမ္းထားျခင္း၊ အေၾကာင္းၾကားျခင္း အသိေပးျခင္း လံုး၀ မရွိေသးေၾကာင္း လူမႈကြန္ရက္မ်ားေပၚတြင္ IC ၀ိုင္းေတာ္သားမ်ားမွ အသိေပးထားသည့္ ကိစၥႏွင့္ ပတ္သက္၍ အဆိုပါ ဟိုတယ္ဘက္မွ ၎တို႔အေနျဖင့္ လိမ္လည္ျခင္း မဟုတ္ေၾကာင္း ႏွင့္ ၾကားခံလူ၏ လြဲမွားမႈေၾကာင့္သာ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔အေနနဲ႔ ဟိုတယ္မွာ ေလးျဖဴ၊ မ်ဳိးႀကီး၊ ၀ိုင္၀ိုင္းတို႔ကိုေခၚယူၿပီး ေဖ်ာ္ေျဖဖို႔အတြက္ ၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔ နဲ႔ မတ္လ(၁)ရက္ေန႔မွာ ၾကားကေန ဆက္သြယ္ေပးတဲ့လူကို ေငြလႊဲ ေပးလိုက္ပါတယ္။ ကြ်န္ေတာ္တို႔အေနနဲ႔က အဆိုေတာ္ကို တိုက္ရိုက္ဆက္သြယ္ဖို႔ မသိေတာ့၊ ၾကားခံလူနဲ႔ ခ်ိတ္ဆက္ၿပီးလုပ္တာပါ။ ၾကားကေန ဆက္သြယ္ေပးတဲ့လူကလည္း အဆင္ေျပတယ္ဆိုတာနဲ႔ ကြ်န္ေတာ္တို႔လည္း ဒီလထဲမွာ ႀကိဳတင္လက္မွတ္ေတြ ေရာင္းခ်ေပးလိုက္ပါတယ္။ အခု မေန႔ကမွ သိရတာက IC ဘက္ကို အေၾကာင္းထားၾကားျခင္း၊ ငွားရမ္းျခင္း မရွိဘူးဆိုတာကို IC ၀ိုင္းေတာ္သားေတြ Facebook ေပၚမွာ ေရးလာမွ သိရေတာ့ ကြ်န္ေတာ္တို႔လည္း တကယ္ကို မစဥ္းစားတတ္မိေအာင္ ျဖစ္ခဲ့ပါတယ္။ "ဟု 1G1 7 Hotel မွ မန္းေနဂ်င္းဒါ႐ိုက္တာ ဦးေအာင္ႏိုင္က ေျပာသည္။

အဆိုပါ ေဖ်ာ္ေျဖပြဲအတြက္ ႀကိဳတင္လက္မွတ္မ်ား ေရာင္းခ်ထားျခင္းျဖစ္ေသာ္လည္း အဆိုေတာ္ မ်ဳိးႀကီး၏ Facebook အေကာင့္ျဖစ္သည့္ Myo Min Htay တြင္ "တာခ်ီလိတ္ၿမိဳ႕မွ IC ပရိသတ္မ်ား သိေစရန္ တာခ်ီလိတ္ 1G1 Hotel မွာ IC Show ရွိတယ္ဆိုၿပီး လက္မွတ္ေတြေရာင္းေနပါတယ္၊ IC Band ကို ငွားရမ္းျခင္း၊ အေၾကာင္းၾကားျခင္း၊ အသိေပးျခင္း လံုး၀ လံုး၀ မရွိပါဘူး။ အလိမ္ခံရမွာ စိုးလို႔ပါ"ဟု ၾသဂုတ္လ(၁၀)ရက္ေန႔က ေရးသားကာ အသိေပးထားျခင္းႏွင့္ ပတ္သက္၍ အဆိုပါဟိုတယ္မွ တာဝန္ရိွသူက ျငင္းလိုက္ျခင္းျဖစ္သည္။

"IC ၀ိုင္းေတာ္သားမ်ားကေရာ ကိုမ်ဳိးႀကီးကပါ ကြ်န္ေတာ္တို႔ဘက္ကို လက္မွတ္လိမ္ေရာင္းေနတယ္လို႔ ထင္ေနၾကပါတယ္။ တကယ္တမ္းက ကြ်န္ေတာ္တို႔ဘက္က မလိမ္ရပါဘူး။ ကြ်န္ေတာ္တို႔ ဟိုတယ္ စဖြင့္ကတည္းက ျမန္မာဘက္က နာမည္ႀကီး အဆိုေတာ္ေတြ ေတာ္ေတာ္မ်ားမ်ား ေခၚခဲ့ဖူးပါတယ္။ Rဇာနည္၊ ဘန္နီၿဖဳိး၊ ဆိုေတး၊ ၀ုိင္းစုခိုင္သိန္း၊ နီနီခင္ေဇာ္၊ မိစႏၵီ စတဲ့ အဆိုေတာ္ ေတာ္ေတာ္မ်ားကိုလည္း ေခၚခဲ့ဖူးပါတယ္။ အခုက ၾကားကေန ခ်ိတ္ဆက္ေပးတဲ့လူရဲ႕ လြဲမွားမႈေၾကာင့္ ျဖစ္သြားတာပါ။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ၾကားခံလူကိုလည္း ကြ်န္ေတာ္တို႔ ဆက္သြယ္ေနဆဲျဖစ္ပါတယ္၊"ဟု ၎ကဆိုသည္။

IC ႏွင့္ အနီးစပ္ဆံုးျဖစ္သူ Tin Htun Lwin ၏ facebook ေပၚတြင္ " အခုလာမည့္ ၂၅ရက္ေန႔တြင္ တာခ်ီလိတ္ရွိ 1G1-7 Hotel တြင္ IC Show ရွိသည္ဟု ေၾကညာျပီး လက္မွတ္မ်ားကို တစ္၀ိုင္းလွ်င္ Baht 10000 (လူ ၆ေယာက္ႏွဳန္း) မွ စ၍ ၆၀၀၀၊ ၄၀၀၀က်ပ္မ်ား သတ္မွတ္ကာ လိမ္လည္ ေရာင္းခ်ေနပါသည္ ဟု သတင္းရရွိပါသည္။ ဝယ္ျပီးသူမ်ားလည္း ၀ယ္ျပီးေနပါျပီ။ တကယ္ေတာ့ တာခ်ီလိတ္မွာ သူတို႔ေၾကာ္ျငာထားသည့္အတိုင္း ၎ဟိုတယ္မွာ IC Show လံုး၀မရွိပါဘူးခင္ဗ်ာ။ IC အဖြဲ႕ကို ကၽြန္ေတာ္ကိုယ္တိုင္ ေမးျပီးပါျပီ။ ဒါေၾကာင့္ လက္မွတ္မ၀ယ္ၾကဖို႔နဲ႔ IC Show ရွိသည္ဆိုျခင္းမွာ လံုး၀ မဟုတ္ေၾကာင္း တာခ်ီလိတ္မွ အမ်ိဳးေတြ သိေအာင္ ေျပာျပေပးၾကပါခင္ဗ်ာ။"ဟု ၾသဂုတ္လ(၁၀)ရက္ေန႔က ေရးသားထားသည္ကိုလည္း ေတြ႕ရွိရသည္။

တာခ်ီလိတ္ၿမိဳ႕ 1G1 7 Hotel တြင္ ျမန္မာ - ထိုင္း ဘက္မွ နာမည္ႀကီးအဆိုေတာ္မ်ားကို ေခၚယူ၍ ေဖ်ာ္ေျဖပြဲမ်ား ျပဳလုပ္ရာတြင္ အႏုပညာရွင္မ်ားအား တိုက္ရိုက္ခ်ိတ္ဆက္ရာ၌ အခက္အခဲမ်ားရွိသည့္ အတြက္ ၾကားခံလူျဖင့္သာ ခ်ိတ္ဆက္၍ ေဖ်ာ္ေျဖပြဲမ်ား ျပဳလုပ္ေလ့ရိွေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
....................

တာချီလိတ်မြို့ 1G1 7 Hotel၌ သြဂုတ်လ(၂၅)ရက်နေ့တွင် IC တေးဂီတဖျော်ဖြေပွဲအတွက် ကြိုတင် လက်မှတ်များ ရောင်းချထားမှုနှင့် ပတ်သက်၍ IC တေးဂီတအဖွဲ့ကို ငှါးရမ်းထားခြင်း၊ အကြောင်းကြားခြင်း အသိပေးခြင်း လုံးဝ မရှိသေးကြောင်း လူမှုကွန်ရက်များပေါ်တွင် IC ဝိုင်းတော်သားများမှ အသိပေးထားသည့် ကိစ္စနှင့် ပတ်သက်၍ အဆိုပါ ဟိုတယ်ဘက်မှ၎င်းတို့အနဖြေင့် လိမ်လည်ခြင်း မဟုတ်ကြောင်း နှင့် ကြားခံလူ၏ လွဲမှားမှုကြောင့်သာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ဟိုတယ်မှာ လေးဖြူ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ကိုခေါ်ယူပြီး ဖျော်ဖြေဖို့အတွက် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နဲ့ မတ်လ(၁)ရက်နေ့မှာ ကြားကနေ ဆက်သွယ်ပေးတဲ့လူကို ငွေလွှဲ ပေးလိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့က အဆိုတော်ကို တိုက်ရိုက်ဆက်သွယ်ဖို့ မသိတော့၊ ကြားခံလူနဲ့ ချိတ်ဆက်ပြီးလုပ်တာပါ။ ကြားကနေ ဆက်သွယ်ပေးတဲ့လူကလည်း အဆင်ပြေတယ်ဆိုတာနဲ့ ကျွန်တော်တို့လည်း ဒီလထဲမှာ ကြိုတင်လက်မှတ်တွေ ရောင်းချပေးလိုက်ပါတယ်။ အခု မနေ့ကမှ သိရတာက IC ဘက်ကို အကြောင်းထားကြားခြင်း၊ ငှါးရမ်းခြင်း မရှိဘူးဆိုတာကို IC ဝိုင်းတော်သားတွေ Facebook ပေါ်မှာ ရေးလာမှ သိရတော့ ကျွန်တော်တို့လည်း တကယ်ကို မစဉ်းစားတတ်မိအောင် ဖြစ်ခဲ့ပါတယ်။ "ဟု 1G1 7 Hotel မှ မန်းနေဂျင်းဒါရိုက်တာ ဦးအောင်နိုင်က ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချထားခြင်းဖြစ်သော်လည်း အဆိုတော် မျိုးကြီး၏ Facebook အကောင့်ဖြစ်သည့် Myo Min Htay တွင် "တာချီလိတ်မြို့မှ IC ပရိသတ်များ သိစေရန် တာချီလိတ် 1G1 Hotel မှာ IC Show ရှိတယ်ဆိုပြီး လက်မှတ်တွေရောင်းနေပါတယ်၊ IC Band ကို ငှါးရမ်းခြင်း၊ အကြောင်းကြားခြင်း၊ အသိပေးခြင်း လုံးဝ လုံးဝ မရှိပါဘူး။ အလိမ်ခံရမှာ စိုးလို့ပါ"ဟု သြဂုတ်လ(၁၀)ရက်နေ့က ရေးသားကာ အသိပေးထားခြင်းနှင့် ပတ်သက်၍ အဆိုပါဟိုတယ်မှ တာဝန်ရှိသူက ငြင်းလိုက်ခြင်းဖြစ်သည်။

"IC ဝိုင်းတော်သားများကရော ကိုမျိုးကြီးကပါ ကျွန်တော်တို့ဘက်ကို လက်မှတ်လိမ်ရောင်းနေတယ်လို့ ထင်နကြေပါတယ်။ တကယ်တမ်းက ကျွန်တော်တို့ဘက်က မလိမ်ရပါဘူး။ ကျွန်တော်တို့ ဟိုတယ် စဖွင့်ကတည်းက မြန်မာဘက်က နာမည်ကြီး အဆိုတော်တွေ တော်တော်များများ ခေါ်ခဲ့ဖူးပါတယ်။ Rဇာနည်၊ ဘန်နီဖြိုး၊ ဆိုတေး၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ မိစန္ဒီ စတဲ့ အဆိုတော် တော်တော်များကိုလည်း ခေါ်ခဲ့ဖူးပါတယ်။ အခုက ကြားကနေ ချိတ်ဆက်ပေးတဲ့လူရဲ့ လွဲမှားမှုကြောင့် ဖြစ်သွားတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြားခံလူကိုလည်း ကျွန်တော်တို့ ဆက်သွယ်နေဆဲဖြစ်ပါတယ်၊"ဟု၎င်းကဆိုသည်။

IC နှင့် အနီးစပ်ဆုံးဖြစ်သူ Tin Htun Lwin၏ facebook ပေါ်တွင် " အခုလာမည့် ၂၅ရက်နေ့တွင် တာချီလိတ်ရှိ 1G1-7 Hotel တွင် IC Show ရှိသည်ဟု ကြေညာပြီး လက်မှတ်များကို တစ်ဝိုင်းလျှင် Baht 10000 (လူ ၆ယောက်နှုန်း) မှ စ၍ ၆၀၀၀၊ ၄၀၀၀ကျပ်များ သတ်မှတ်ကာ လိမ်လည် ရောင်းချနေပါသည် ဟု သတင်းရရှိပါသည်။ ဝယ်ပြီးသူများလည်း ဝယ်ပြီးနေပါပြီ။ တကယ်တော့ တာချီလိတ်မှာ သူတို့ကြော်ငြာထားသည့်အတိုင်း၎င်းဟိုတယ်မှာ IC Show လုံးဝမရှိပါဘူးခင်ဗျာ။ IC အဖွဲ့ကို ကျွန်တော်ကိုယ်တိုင် မေးပြီးပါပြီ။ ဒါကြောင့် လက်မှတ်မဝယ်ကြဖို့နဲ့ IC Show ရှိသည်ဆိုခြင်းမှာ လုံးဝ မဟုတ်ကြောင်း တာချီလိတ်မှ အမျိုးတွေ သိအောင် ပြောပြပေးကြပါခင်ဗျာ။"ဟု သြဂုတ်လ(၁၀)ရက်နေ့က ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။

တာချီလိတ်မြို့ 1G1 7 Hotel တွင် မြန်မာ - ထိုင်း ဘက်မှ နာမည်ကြီးအဆိုတော်များကို ခေါ်ယူ၍ ဖျော်ဖြေပွဲများ ပြုလုပ်ရာတွင် အနုပညာရှင်များအား တိုက်ရိုက်ချိတ်ဆက်ရာ၌ အခက်အခဲများရှိသည့် အတွက် ကြားခံလူဖြင့်သာ ချိတ်ဆက်၍ ဖျော်ဖြေပွဲများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~