အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲရေးမှူးဖလား ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ မိုင်းဖြတ်၌ ကျင်းပ

အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲရေးမှူးဖလား ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ မိုင်းဖြတ်၌ ကျင်းပ
သွဂုတျ 10, 2016
By Tachileik News Agency
သတင်း/ဓာတ်ပုံ- ကိုသာ
************
မိုင်းဖြတ်မြို့နယ် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲရေးမှူးဖလား ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲအား စကခ(၁၈)မိုးလုံလေလုံအားကစားခန်းမ၌ သြဂုတ်လ(၁၀)ရက်နေ့တွင် ကျင်းပရာ တပ်ရင်း/တပ်ဖွဲ့များမှ အသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲရေးမှူးဖလားပြိုင်ပွဲအား ညနေ(၃)နာရီတွင် ဖွင့်ပွဲအဖြစ် စတင်ကျင်းပရာ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အဖွင့်ပွဲစဉ်အဖြစ် ဘော်လီဘောပြိုင်ပွဲအား စကခ(၁၈)အသင်းနှင့် ဆေးလက်ရုံးတပ်ခွဲတို့ ယှဉ်ပြိုင်ခဲ့ပြီး စကခ(၁၈)အသင်းမှ (၂)ပွဲ(၁)ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ တပ်ရင်း/တပ်ဖွဲ့များမှ စစ်သည်များနှင့် မိသားစုဝင်များ အားကစားသမားများ စုစုပေါင်း(၃၅၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~