Update News

တာခ်ီလိတ္ေဆးရံုေဟာင္းမွ ကုသေရးပိုင္းအားလံုး ကုတင္(၁၀၀)ဆံ့ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီး(ဓမၼသီရိ)သို႔ ေျပာင္းေရႊ႕

တာခ်ီလိတ္ၿမိဳ႕နယ္၊ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ ျပည္သူ႔ေဆးရံုႀကီးမွ ကုသေရးဌာနမ်ား အားလံုးကို ရီဂ်ီးနားေဂါက္ကြင္းလမ္းရွိ ကုတင္(၁၀၀)ဆံ့ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီး(ဓမၼသီရိ)သို႔ ၾသဂုတ္လ(၃၀)ရက္ေန႔မွ စ၍ ေျပာင္းေရႊ႕လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေျပာင္းေရႊ႕ရာတြင္ က်န္းမာေရး၀န္ထမ္းမ်ား အပါအ၀င္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ လူမႈေရး အသင္းအဖြဲ႔မ်ား ႏွင့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၀င္မ်ားအျပင္ တာ၀န္သိျပည္သူမ်ားမွလည္း ၀င္ေရာက္ကူညီၾကကာ ေျပာင္းေရႊ႕ေပးခဲ့ၾကသည္။

ေဆးရံုေဟာင္းတြင္ က်န္ရွိခဲ့မည့္ ဌာနမ်ားႏွင့္ ပတ္သက္၍ "ဒီေဆးရံုအေဟာင္းမွာက တီဘီေရာဂါ တိုက္ဖ်က္ေရးဌာန၊ ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေရးဌာန၊ HIV/AIDS တိုက္ဖ်က္ေရးဌာန၊ အနာႀကီးေရာဂါ တိုက္ဖ်က္ေရးဌာန စတဲ့ ေရာဂါတိုက္ဖ်က္ေရးဌာနေတြ အျပင္ မိခင္ႏွင့္ကေလးက်န္းမာေရးဌာန၊ ကိုယ္၀န္ေဆာင္ျပင္ပလူနာဌာန၊ ၿမိဳ႕မက်န္းမာေရးဌာန နဲ႔ မက္သဒုန္းေဆးကုဌာန အဲ့ဒါေတြ က်န္ပါမယ္"ဟု 
တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္က ေျပာသည္။

ေမြး/ေသစာရင္း ႏွင့္ က်န္းမာေရးႏွင့္ သက္ဆိုင္သည့္ ေထာက္ခံစာမ်ားကို ေဆးရံုေဟာင္းတြင္ က်န္ရွိမည့္  ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴးရံုးတြင္ ရယူ ရမွာျဖစ္ေၾကာင္း သိရသည္။ 

"ကုတင္(၁၀၀)ဆံ့ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီး(ဓမၼသီရိ)မွာေတာ့ အတြင္းလူနာ၊ ျပင္ပလူနာ၊ ခြဲစိတ္ေဆာင္၊ လူနာေဆာင္၊ ဖ်ားနာေဆာင္၊ ေသြးလွဴဌာန၊ သားဖြားမီးယပ္ေဆာင္၊ ဓာတ္မွန္/ဓာတ္ခြဲခန္းစတ့ဲ ကုသေရးေတြ အကုန္လံုး ေရာက္သြားမွာပါ၊ ေသြးလွဴမယ္ဆိုရင္လည္း အဲ့ဒီမွာဘဲ သြားလွဴရမွာပါ"ဟု ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္က  ဆက္လက္ေျပာျပသည္။

ရီဂ်ီးနားေဂါက္ကြင္းလမ္းရွိ ကုတင္(၁၀၀)ဆံ့ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီး(ဓမၼသီရိ)တြင္ ကုသေရးပိုင္းကို ေဆာင္ရြက္ၿပီး၊ ေဆးရံုေဟာင္းတြင္ က်န္းမာေရးႏွင့္ပတ္သက္၍ ရံုးပိုင္းဆိုင္ရာမ်ားကို ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - ေဇာင္းညီ

 ~~~~~~⊰❂ unicode  ~~~~~~

တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ပြည်သူ့ဆေးရုံကြီးမှ ကုသရေးဌာနများ အားလုံးကို ရီဂျီးနားဂေါက်ကွင်းလမ်းရှိ ကုတင်(၁၀၀)ဆံ့ တာချီလိတ်ခရိုင်ဆေးရုံကြီး(ဓမ္မသီရိ)သို့ သြဂုတ်လ(၃၀)ရက်နေ့မှ စ၍ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ရာတွင် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့များ နှင့် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များအပြင် တာဝန်သိပြည်သူများမှလည်း ဝင်ရောက်ကူညီကြကာ ပြောင်းရွှေ့ပေးခဲ့ကြသည်။

ဆေးရုံဟောင်းတွင် ကျန်ရှိခဲ့မည့် ဌာနများနှင့် ပတ်သက်၍ "ဒီဆေးရုံအဟောင်းမှာက တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာန၊ HIV/AIDS တိုက်ဖျက်ရေးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာန စတဲ့ ရောဂါတိုက်ဖျက်ရေးဌာနတွေ အပြင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကိုယ်ဝန်ဆောင်ပြင်ပလူနာဌာန၊ မြို့မကျန်းမာရေးဌာန နဲ့ မက်သဒုန်းဆေးကုဌာန အဲ့ဒါတွေ ကျန်ပါမယ်"ဟု 
တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က ပြောသည်။

မွေး/သေစာရင်း နှင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ထောက်ခံစာများကို ဆေးရုံဟောင်းတွင် ကျန်ရှိမည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ရယူ ရမှာဖြစ်ကြောင်း သိရသည်။ 

"ကုတင်(၁၀၀)ဆံ့ တာချီလိတ်ခရိုင်ဆေးရုံကြီး(ဓမ္မသီရိ)မှာတော့ အတွင်းလူနာ၊ ပြင်ပလူနာ၊ ခွဲစိတ်ဆောင်၊ လူနာဆောင်၊ ဖျားနာဆောင်၊ သွေးလှူဌာန၊ သားဖွားမီးယပ်ဆောင်၊ ဓာတ်မှန်/ဓာတ်ခွဲခန်းစတဲ့ ကုသရေးတွေ အကုန်လုံး ရောက်သွားမှာပါ၊ သွေးလှူမယ်ဆိုရင်လည်း အဲ့ဒီမှာဘဲ သွားလှူရမှာပါ"ဟု ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က ဆက်လက်ပြောပြသည်။

ရီဂျီးနားဂေါက်ကွင်းလမ်းရှိ ကုတင်(၁၀၀)ဆံ့ တာချီလိတ်ခရိုင်ဆေးရုံကြီး(ဓမ္မသီရိ)တွင် ကုသရေးပိုင်းကို ဆောင်ရွက်ပြီး၊ ဆေးရုံဟောင်းတွင် ကျန်းမာရေးနှင့်ပတ်သက်၍ ရုံးပိုင်းဆိုင်ရာများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။



ဓာတ်ပုံ - ဇောင်းညီ









 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »