ယာဥ္/လမ္းစည္းကမ္း သိရွိနားလည္ေရး တာခ်ီလိတ္၌ ဆက္လက္ ပညာေပး

ယာဥ္/လမ္းစည္းကမ္း သိရွိနားလည္ေရး တာခ်ီလိတ္၌ ဆက္လက္ ပညာေပး
ဇူလိုင် 16, 2016
By Tachileik News Agency

ယာဥ္အႏၱရာယ္ ကင္းရွင္းေရးႏွင့္ ယာဥ္/လမ္းစည္းကမ္းထိန္းသိမ္းေရးအတြက္ တာခ်ီလိတ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ အသိပညာေပးမႈမ်ားအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေဆာင္ရြက္ေနလွ်က္ ရွိေၾကာင္း သိရသည္။

အမွတ္(၁၉)ယာဥ္ထိန္းရဲဒု-တပ္ဖြဲ႔ခြဲ(ရွမ္း/အေရွ႕)လက္ေအာက္ရွိ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ တပ္ဖြဲ႔စုမွဴး ဒု-ရဲမွဴး ေအာင္ကိုကို ဦးစီးသည့္ ယာဥ္ထိန္းတပ္ဖြဲ႔၀င္မ်ားမွ ယေန႔ ဇူလိုင္လ(၁၆)ရက္ေန႔ နံနက္ပိုင္းတြင္ ကညန၊ ပို႔/ဆက္၊ မထသ၊ မီးသတ္ႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႔တို႔ ပါ၀င္သည့္ ပူးေပါင္း အဖြဲ႔ျဖင့္ တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းမတစ္ေလွ်ာက္ ႏွင့္ ရွမ္းရိုးမကြင္းတို႔တြင္ ယာဥ္/လမ္း စည္းကမ္းလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ၾကျခင္း ျဖစ္သည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ဗိုလ္ခ်ဳပ္လမ္းမတစ္ေလွ်ာက္ ႏွင့္ ရွမ္းရိုးမကြင္းတို႔တြင္ ယာဥ္ေမာင္းသူမ်ားအား ဆိုင္ကယ္စီးလွ်င္ ဆိုင္ကယ္စီးဦးထုပ္ေဆာင္း၍ ေမးသိုင္းႀကိဳးတပ္ရန္၊ ဆိုင္ကယ္အား ႏွစ္ဦးထက္ပိုမစီးရန္၊ ၿမိဳ႕တြင္းယာဥ္ေၾကာပိတ္ဆို႔မႈ မရွိေစေရးအတြက္ အသိေပးေျပာၾကားျခင္း၊ ယာဥ္ႏွစ္ထပ္ရပ္ျခင္း၊ ျဖဴ/နီၾကားႏွင့္ လူကူးမ်ဥ္းၾကားတို႔တြင္ ယာဥ္မ်ားရပ္တန္႔ျခင္း မရွိေစရန္၊ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္စဥ္ ထိုင္ခံုခါးပတ္ႀကိဳး တပ္ဆင္ရန္၊ အမ်ားျပည္သူ ယာဥ္အႏၱရာယ္ကင္းရွင္းေရးအတြက္ ယာဥ္မ်ား စနစ္တက် ရပ္တန္႔ေစေရးႏွင့္ အခ်ိန္ၾကာျမင့္စြာ မရပ္တန္႔ေစေရး၊ အမွတ္(၁)တံတားထိပ္ရွိ အ၀ိုင္းပတ္တြင္ ယာဥ္မ်ား မရပ္တန္႔ေစေရးႏွင့္ လမ္းေျပာင္းျပန္ ရပ္တန္႔ျခင္းမ်ား မရွိေစေရးအတြက္ အသိပညာေပးမႈမ်ား ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

​ယာဥ္အႏၱရာယ္ကင္းရွင္းေရးႏွင့္ ယာဥ္/လမ္းစည္းကမ္းထိန္းသိမ္းေရး အသိပညာေပးမႈမ်ားကို ၾသဂုတ္လ(၁၅)ရက္ေန႔အထိ ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

 ..................

ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးအတွက် တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသိပညာပေးမှုများအဖြစ် တာချီလိတ်မြို့နယ်အတွင်း ဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။

အမှတ်(၁၉)ယာဉ်ထိန်းရဲဒု-တပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့)လက်အောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒု-ရဲမှူး အောင်ကိုကို ဦးစီးသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ယနေ့ ဇူလိုင်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ကညန၊ ပို့/ဆက်၊ မထသ၊ မီးသတ်နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမတစ်လျှောက် နှင့် ရှမ်းရိုးမကွင်းတို့တွင် ယာဉ်/လမ်း စည်းကမ်းလုပ်ငန်းစဉ်များ ဆောင်ရွက်ကြခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ဗိုလ်ချုပ်လမ်းမတစ်လျှောက် နှင့် ရှမ်းရိုးမကွင်းတို့တွင် ယာဉ်မောင်းသူများအား ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရန်၊ ဆိုင်ကယ်အား နှစ်ဦးထက်ပိုမစီးရန်၊ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် အသိပေးပြောကြားခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ဖြူ/နီကြားနှင့် လူကူးမျဉ်းကြားတို့တွင် ယာဉ်များရပ်တန့်ခြင်း မရှိစေရန်၊ မော်တော်ယာဉ်မောင်းနှင်စဉ် ထိုင်ခုံခါးပတ်ကြိုး တပ်ဆင်ရန်၊ အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်များ စနစ်တကျ ရပ်တန့်စေရေးနှင့် အချိန်ကြာမြင့်စွာ မရပ်တန့်စေရေး၊ အမှတ်(၁)တံတားထိပ်ရှိ အဝိုင်းပတ်တွင် ယာဉ်များ မရပ်တန့်စေရေးနှင့် လမ်းပြောင်းပြန် ရပ်တန့်ခြင်းများ မရှိစေရေးအတွက် အသိပညာပေးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

​ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေး အသိပညာပေးမှုများကို သြဂုတ်လ(၁၅)ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~