က်ဳိင္းတံုမွ အျခားၿမိဳ႕မ်ားသို႔ ေျပးဆြဲေနသည့္ ယာဥ္လုိင္းမ်ား အစီးေရေလွ်ာ့ခ် ေျပးဆြဲေနရ

က်ဳိင္းတံုမွ အျခားၿမိဳ႕မ်ားသို႔ ေျပးဆြဲေနသည့္ ယာဥ္လုိင္းမ်ား အစီးေရေလွ်ာ့ခ် ေျပးဆြဲေနရ
ဇူလိုင် 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္းေဒသ၊ က်ိဳင္းတုံၿမိဳ႕မွ ေတာင္ႀကီးၿမိဳ႕အပါအဝင္ အျခားၿမိဳ႕မ်ားသို ့ ေျပးဆြဲေပးေနသည့္ ယာဥ္လိုင္းမ်ားမွာ ၀ါတြင္းကာလအတြင္း ခရီးသည္ ေလ်ာ့က်လာသည့္အတြက္ အေခါက္ေရေလွ်ာ့ ေျပးဆြဲေနရေၾကာင္း သိရသည္။

"မိုးတြင္းျဖစ္တဲ့အတြက္ ေတာင္ႀကီးသြားတဲ့ ခရီးသည္ေတြက ပါးတယ္။ အခုလက္ရွိ တစ္ရက္ကို တစ္စီးေလာက္ပဲ ထြက္ေနရတယ္။ သၾကၤန္တုိ ့ဘာတို ့ဆိုရင္ေတာ့ တစ္ရက္ကို (၃)စီးေလာက္ေတာ့ ထြက္ျဖစ္ပါတယ္။"လို႔ ခ်မ္းသာေအာင္ဂိတ္မွ ဂိတ္မွဴးဦးေမာ္က ေျပာသည္။

ဇူလိုင္လ အေစာပိုင္းမွ စတင္ကာ ခရီးသြားေလ်ာ့နည္းလာသည့္အတြက္ တစ္ရက္လွ်င္ တစ္စီးႏႈန္းသာ ေျပးဆြဲေနရေၾကာင္း သိရသည္။

"၀ါတြင္းကေတာ့ ႏွစ္တိုင္းခရီးသြား ပါးပါတယ္။ အခုလက္ရိွေတာင္ တစ္ရက္ကို တစ္စီးပဲ ထြက္ေနရတယ္။ တစ္စီးမွာေတာင္ သတ္မွတ္ထားတဲ့ ခရီးသည္(၁၄)ေယာက္ မျပည့္ဘဲနဲ ့ (၆)ေယာက္ေလာက္နဲ ့လည္း ထြက္ေနရတာပါပဲ။ အခုလို ခရီးသြားေတြနည္းလာတာ သၾကၤန္ၿပီးကတည္းကပဲ။"ဟု မိုးကုတ္မန္းဂိတ္မွ ဂိတ္မွဴး မယြိက ဆိုသည္။

က်ိဳင္းတုံမွ တာခ်ီလိတ္၊ မိုင္းဆတ္၊ေတာင္ႀကီးႏွင့္ အျခားၿမိဳ႕မ်ားသို႔ ယာဥ္လိုင္းေပါင္း(၁၈)ခုျဖင့္ ေျပးဆြဲေပးေနျခင္းျဖစ္ၿပီး ပံုမွန္အားျဖင့္ ယာဥ္တစ္စီးမွာ ခရီးသည္ (၁၅) ဦးအထိ ပံုမွန္ တင္ေဆာင္တာျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္
.......................

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့အပါအဝင် အခြားမြို့များသို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများမှာ ဝါတွင်းကာလအတွင်း ခရီးသည် လျော့ကျလာသည့်အတွက် အခေါက်ရေလျှော့ ပြေးဆွဲနေရကြောင်း သိရသည်။

"မိုးတွင်းဖြစ်တဲ့အတွက် တောင်ကြီးသွားတဲ့ ခရီးသည်တွေက ပါးတယ်။ အခုလက်ရှိ တစ်ရက်ကို တစ်စီးလောက်ပဲ ထွက်နေရတယ်။ သင်္ကြန်တို့ဘာတို့ဆိုရင်တော့ တစ်ရက်ကို (၃)စီးလောက်တော့ ထွက်ဖြစ်ပါတယ်။"လို့ ချမ်းသာအောင်ဂိတ်မှ ဂိတ်မှူးဦးမော်က ပြောသည်။

ဇူလိုင်လ အစောပိုင်းမှ စတင်ကာ ခရီးသွားလျော့နည်းလာသည့်အတွက် တစ်ရက်လျှင် တစ်စီးနှုန်းသာ ပြေးဆွဲနေရကြောင်း သိရသည်။

"ဝါတွင်းကတော့ နှစ်တိုင်းခရီးသွား ပါးပါတယ်။ အခုလက်ရှိတောင် တစ်ရက်ကို တစ်စီးပဲ ထွက်နေရတယ်။ တစ်စီးမှာတောင် သတ်မှတ်ထားတဲ့ ခရီးသည်(၁၄)ယောက် မပြည့်ဘဲနဲ့ (၆)ယောက်လောက်နဲ့လည်း ထွက်နေရတာပါပဲ။ အခုလို ခရီးသွားတွေနည်းလာတာ သင်္ကြန်ပြီးကတည်းကပဲ။"ဟု မိုးကုတ်မန်းဂိတ်မှ ဂိတ်မှူး မယွိက ဆိုသည်။

ကျိုင်းတုံမှ တာချီလိတ်၊ မိုင်းဆတ်၊တောင်ကြီးနှင့် အခြားမြို့များသို့ ယာဉ်လိုင်းပေါင်း(၁၈)ခုဖြင့် ပြေးဆွဲပေးနခြေင်းဖြစ်ပြီး ပုံမှန်အားဖြင့် ယာဉ်တစ်စီးမှာ ခရီးသည် (၁၅) ဦးအထိ ပုံမှန် တင်ဆောင်တာဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~