မိုင္းျဖတ္၌ စိတ္ၾကြေဆးျပား (၃၀၀၀)ေက်ာ္ ဖမ္းဆီးရမိ

မိုင္းျဖတ္၌ စိတ္ၾကြေဆးျပား (၃၀၀၀)ေက်ာ္ ဖမ္းဆီးရမိ
ဇူလိုင် 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ဟိုနား(လားဟူ)ေက်းရြာတြင္ ဇူလိုင္လ (၁၀) ရက္ေန႔၊ ေန႔လယ္(၂)နာရီအခ်ိန္က ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး ျမင့္လြင္ ႏွင့္ အဖြဲ႔သည္ သတင္းအရ ေယာလွ၊ ေပတရုတို႔၏ ေနအိမ္မ်ားသို႔ မိုင္းျဖတ္ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာမွ Wy စာတမ္းပါ စိတ္ၾကြေဆးမ်ားအား ေရာင္းသူႏွင့္ သံုးစြဲသူမ်ား အပါအ၀င္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဟိုနား(လားဟူ)ရြာေန အသက္ (၁၈)ႏွစ္အရြယ္ ေမာင္ေယာလွႏွင့္ အသက္ (၁၇)ႏွစ္အရြယ္ ဇနီးျဖစ္သူ မယာေခလွတို႔ ေနအိမ္မွ ကာလတန္ဖိုး (၇၅၈၇၅၀၀)က်ပ္ရွိသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း(၃၀၃၅)ျပား  ႏွင့္အတူ ေဆးျပားမ်ား ေရာင္းခ်ေငြဟု ယူဆရသည့္ ေငြစကၠဴေရာရာ (၁၂၀,၀၀၀)က်ပ္၊ ထုပ္ပိုး ပစၥည္းအိတ္ႏွစ္မ်ဳိးတို႔အား သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္တြင္ မူးယစ္ေဆးသံုးစြဲရန္ ေရာက္ရွိေနေသာ ေမာင္ေအာင္သိဒၶိ၏ ေဘာင္းဘီ အိတ္အတြင္းမွ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ေဆးျပားႏွစ္ျပားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဟိုနား(လားဟူ)ရြာ ဦးေပတရုေနအိမ္ သို႔ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ၾကမ္းခင္းေပၚမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား (၅) ျပား ကာလတန္ဖိုး (၁၂၅၀၀) က်ပ္အား ဖမ္းဆီးရမိသည္။

မူးယစ္ေဆးဝါးမ်ားအား လက္ဝယ္ေတြ႔ရွိသူ ေမာင္ေယာလွႏွင့္ မယာေခလွတို႔အား မိုင္းျဖတ္ရဲစခန္းမွ မယ(ပ) ၆/၂၀၁၆ ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ဥပေဒပုဒ္မ ၁၅/၁၉ (က)/၂၁ အရ လည္းေကာင္း ေဆးသံုးစြဲရန္ ေရာက္ရွိေနသူ ေမာင္ေအာင္သိဒၶိအား မယ(ပ)၇/၂၀၁၆ ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ဥပေဒ ပုဒ္မ ၁၅/၁၆ (ဂ) တို႔ျဖင့္ လည္းေကာင္း၊ မူးယစ္ေဆးဝါးသံုးစြဲရန္ လက္ဝယ္ထားရွိသူ ဦးေပတ႐ု အား မယ(ပ)၈/၂၀၁၆ ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ဥပေဒပုဒ္မ ၁၅/၁၆(ဂ) တို႔ျဖင့္ အသီးသီးအမႈဖြင့္ အေရးယူထားေၾကာင္းသိရွိရသည္။

သတင္း။  ။ ကိုသာ
......................

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဟိုနား(လားဟူ)ကျေးရွာတွင် ဇူလိုင်လ (၁၀) ရက်နေ့၊ နေ့လယ်(၂)နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင် နှင့် အဖွဲ့သည် သတင်းအရ ယောလှ၊ ပေတရုတို့၏ နေအိမ်များသို့ မိုင်းဖြတ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှ Wy စာတမ်းပါ စိတ်ကြွဆေးများအား ရောင်းသူနှင့် သုံးစွဲသူများ အပါအဝင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဟိုနား(လားဟူ)ရွာနေ အသက် (၁၈)နှစ်အရွယ် မောင်ယောလှနှင့် အသက် (၁၇)နှစ်အရွယ် ဇနီးဖြစ်သူ မယာခေလှတို့ နေအိမ်မှ ကာလတန်ဖိုး (၇၅၈၇၅၀၀)ကျပ်ရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း(၃၀၃၅)ပြား နှင့်အတူ ဆေးပြားများ ရောင်းချငွေဟု ယူဆရသည့် ငွေစက္ကူရောရာ (၁၂၀,ဝဝဝ)ကျပ်၊ ထုပ်ပိုး ပစ္စည်းအိတ်နှစ်မျိုးတို့အား သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် မူးယစ်ဆေးသုံးစွဲရန် ရောက်ရှိနေသော မောင်အောင်သိဒ္ဓိ၏ ဘောင်းဘီ အိတ်အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားနှစ်ပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဟိုနား(လားဟူ)ရွာ ဦးပေတရုနေအိမ် သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ကြမ်းခင်းပေါ်မှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅) ပြား ကာလတန်ဖိုး (၁၂၅၀၀) ကျပ်အား ဖမ်းဆီးရမိသည်။

မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူ မောင်ယောလှနှင့် မယာခေလှတို့အား မိုင်းဖြတ်ရဲစခန်းမှ မယ(ပ) ၆/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ အရ လည်းကောင်း ဆေးသုံးစွဲရန် ရောက်ရှိနေသူ မောင်အောင်သိဒ္ဓိအား မယ(ပ)၇/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ) တို့ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရန် လက်ဝယ်ထားရှိသူ ဦးပေတရု အား မယ(ပ)၈/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၆(ဂ) တို့ဖြင့် အသီးသီးအမှုဖွင့် အရေးယူထားကြောင်းသိရှိရသည်။

သတင်း။ ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~