ထေနာင္းပင္ေပၚက ႀကိဳးဆြဲခ် ေသဆံုးသူ၊ မည္သူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔မွ စံုစမ္းေန

ထေနာင္းပင္ေပၚက ႀကိဳးဆြဲခ် ေသဆံုးသူ၊ မည္သူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔မွ စံုစမ္းေန
ဇူလိုင် 22, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ေက်းရြာသံုးရြာအနီး ထေနာင္းပင္တြင္ အမည္မသိ ေနရပ္မသိသူ အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈအား စံုစမ္းေနေၾကာင္း ေညာင္အုပ္ဖီးေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

ခင္ပန္းေက်းရြာ အေရွ႕ေတာင္ဘက္ ၅ ဖာလုံခန္႔အကြာတြင္ အသက္ (၃၀) အရြယ္ဝန္းက်င္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း  သတင္းအရ ဝမ္းတြင္းၿမိဳ႕နယ္ ရဲစခန္းမွ တာဝန္မွဴး ရဲအရာရိွႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ားက အခင္းျဖစ္ပြားရာသို႔ သြားေရာက္စစ္ေဆးၿပီး အနီးဝန္းက်င္ ေက်းရြာမ်ား ျဖစ္သည့္ ဆုပန္းေက်းရြာ၊ ခင္ပန္းေက်းရြာ၊ ေညာင္အုပ္ဖီးေက်းရြာမ်ား၏ အုပ္ခ်ဳပ္ေရးမႈးမ်ားႏွင့္ အတူ ေဒသခံမ်ားထံ စံုစမ္းခဲ့ေသာ္လည္း ေသဆံုးသူအား အတည္မျပဳႏိုင္ေသးေၾကာင္း သိရသည္။

အဆိုပါ ႀကိဳးဆြဲခ်ေသဆံုးမႈအား ဇူလုိင္လ (၂၁) ရက္ နံနက္ ဆယ္နာရီခြဲခန္႔တြင္ ေညာင္အုပ္ဖီးေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ဝမ္းတြင္းၿမိဳ႕နယ္ရဲစခန္းသို႔ အေၾကာင္းၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈအား ဝမ္းတြင္းၿမိဳ႕နယ္ ရဲစခန္းတြင္ ဇူလိုင္လ (၂၁) ရက္က ေသမႈေသခင္းအမွတ္ ၂/၂၀၁၆ ျဖင့္ အမႈဖြင့္ထားၿပီး ေသဆံုးသူ၏ အမည္ႏွင့္ ေနရပ္လိပ္စာ စံုစမ္းျခင္းႏွင့္ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္မဟုတ္တို႔ကို စစ္ေဆးျခင္းတို႔အား ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း(၀မ္းတြင္း)
.................

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကျေးရွာသုံးရွာအနီး ထနောင်းပင်တွင် အမည်မသိ နေရပ်မသိသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုအား စုံစမ်းနေကြောင်း ညောင်အုပ်ဖီးကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ခင်ပန်းကျေးရွာ အရှေ့တောင်ဘက် ၅ ဖာလုံခန့်အကွာတွင် အသက် (၃၀) အရွယ်ဝန်းကျင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ဝမ်းတွင်းမြို့နယ် ရဲစခန်းမှ တာဝန်မှူး ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးပြီး အနီးဝန်းကျင် ကျေးရွာများ ဖြစ်သည့် ဆုပန်းကျေးရွာ၊ ခင်ပန်းကျေးရွာ၊ ညောင်အုပ်ဖီးကျေးရွာများ၏ အုပ်ချုပ်ရေးမှုးများနှင့် အတူ ဒေသခံများထံ စုံစမ်းခဲ့သော်လည်း သေဆုံးသူအား အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးမှုအား ဇူလိုင်လ (၂၁) ရက် နံနက် ဆယ်နာရီခွဲခန့်တွင် ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူးက ဝမ်းတွင်းမြို့နယ်ရဲစခန်းသို့ အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား ဝမ်းတွင်းမြို့နယ် ရဲစခန်းတွင် ဇူလိုင်လ (၂၁) ရက်က သေမှုသေခင်းအမှတ် ၂/၂၀၁၆ ဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာ စုံစမ်းခြင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်တို့ကို စစ်ဆေးခြင်းတို့အား ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~