တာချီလိတ်၌ ဂိမ်းခုံနှင့်လောင်းကစားများအား သြဂုတ်လ(၇)ရက်နေ့ အလွန်တွင် အရေးယူ ဆောင်ရွက်မည်
တာချီလိတ်၌ ဂိမ်းခုံနှင့်လောင်းကစားများအား သြဂုတ်လ(၇)ရက်နေ့ အလွန်တွင် အရေးယူ ဆောင်ရွက်မည်
ဇူလိုငျ 29, 2016
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း လောင်းကစားမှုကင်းစင်ရေးနှင့် ပတ်သက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တွေ့ဆုံဆွေးနွေးမှုအဖြစ် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိုးလွင်တို့ ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချီလိတ်မြို့နယ်အတွင်း လောင်းကစား ကင်းစင်ရေး အတွက် ရှေ့ပြေး စီမံချက်အနေဖြင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားဆိုသည်။
.............
တာချီလိတ်မြို့နယ်အတွင်း လောင်းကစားမှုကင်းစင်ရေးနှင့် ပတ်သက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တွေ့ဆုံဆွေးနွေးမှုအဖြစ် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအေဝးသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိုးလွင်တို့ ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချီလိတ်မြို့နယ်အတွင်း လောင်းကစား ကင်းစင်ရေး အတွက် ရှေ့ပြေး စီမံချက်အနဖြေင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားဆိုသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုက တာချီလိတ်မြို့နယ်အတွင်း လောင်းကစားမှု ကင်းစင်ရေး အတွက် အသိပညာပေးခြင်းနှင့် ဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ထားသည့် မူဝါဒများ၊ ရာဇသတ်ကြီးပြစ်မှု လောင်းကစား ဥပဒေဆိုင်ရာ ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ရှင်းလင်းဆွေးနွေးမှုများ အပြီးတွင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးမှ ညဉ့်ဦးပိုင်းတွင် ဗိုလ်ချုပ်လမ်းမပေါ် မော်တော်ဆိုင်ကယ်များ အိတ်ဇောဖြုတ်ကာ ဆူညံစွာ အုပ်စုလိုက် မောင်းနှင်မှုများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့် ညဉ့်ဦးပိုင်း လှည့်ကင်း၊ ပတ်ကင်း၊ ဝတ်ကင်းများနှင့် အရေးယူဆောင်ရွက်မှု အစီအစဉ်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြောင်း သိရှိရသည်။
"အစည်းေဝးမှာကတော့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါတယ်၊ သြဂုတ်လထဲမှာ ရပ်ကွက်အတွင်းမှာ ရှိတဲ့ လောင်းကစားတွေ၊ ဂိမ်းခုံတွေကို ဖမ်းဆီးသွားဖို့အတွက် လောလောဆယ်မှာ ရှေ့ပြေးအနေနဲ့ ပညာပေးမှုတွေ လုပ်သွားမယ်၊ သြဂုတ်လ(၇)ရက်နေ့အထိ အချိန်ပေးထားပြီးတော့။ ကျော်လွန်သွားရင်တော့ ဖမ်းဆီးမှုတွေလုပ်မယ်လို့ ပြောပါတယ်။ အဓိက ကတော့ ရပ်ကွက်ထဲက ဂိမ်းခုံတွေ၊ လောင်းကစားနေရာတွေက အဓိက ကပါပဲ။ အဲ့ဒီမှာက လူငယ်တွေ လက်ထဲ ငွေ(၁၀၀)လောက် ပါနေရင် သွားတတ်ကြတာဆိုတော့လေ"ဟု အဆိုပါ အစည်းအေဝးသို့ တက်ရောက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပြသည်။
"ပညာပေးကာလအနေနဲ့ သြဂုတ်(၇)ရက်နေ့အထိ သတ်မှတ်ထားပါတယ် နောက်ပိုင်းတော့ ဥပဒေအရ အရေးယူသွားမှာပါ၊"ဟု တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း လောင်းကစားနှင့်မူးယစ်ဆေးဝါးများ ကင်းစင်ရေးအတွက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၏ ဇူလိုင်လ(၂၆)ရက်နေ့ တာချီလိတ်လူထုတွေ့ဆုံပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် ဒေသခံများမှ တင်ပြခဲ့ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~