ေက်ာင္းသားေလး ႏွစ္ဦးအား အဓမၼက်င့္သူကို အမႈဖြင့္ အေရးယူ

ေက်ာင္းသားေလး ႏွစ္ဦးအား အဓမၼက်င့္သူကို အမႈဖြင့္ အေရးယူ
ဇူလိုင် 4, 2016
By Tachileik News Agency

ဝမ္းတြင္း၊ ဇူလုိင္(၄)
မႏၱေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ပဲခင္းေက်ာ္ေက်းရြာအုပ္စု တမာကုန္းေက်းရြာတြင္ ဓမၼတာ မဟုတ္ေသာ မုဒိမ္းမႈႏွစ္ခုအား က်ဴးလြန္သူကို ဝမ္းတြင္းၿမိဳ႕မရဲစခန္း၌ ဇူလိုင္လပထမပတ္အတြင္း လာေရာက္ အမႈဖြင့္ထားေၾကာင္း သိရသည္။

တမာကုန္းေက်းရြာတြင္ အသက္ (၆)ႏွစ္အရြယ္ သားျဖစ္သူအား အသက္ (၃၂)ႏွစ္အရြယ္ မ်ိဳးလြင္ဦး ဆိုသူက ေစ်းကြင္းျပင္တြင္ ဇြန္လ (၃၀) ရက္ေန႔က က်ဴးလြန္ေနသည္ကို ေတြ႔ရသျဖင့္ အေရးယူေပးပါရန္ ဝမ္းတြင္းၿမိဳ႕မရဲစခန္းသို႔ အဆိုပါ ကေလးျဖစ္သူ၏ဖခင္က ဇူလုိင္လ (၁) ရက္တြင္ လာေရာက္ တိုင္တန္းသျဖင့္ (ပ)၁၂၀/၂၀၁၆ ျပစ္မႈပုုဒ္မ ၃၇၇  ျဖင့္ အမွဳဖြင့္ဖမ္းဆီး အေရးယူထားေၾကာင္း ဝမ္းတြင္းၿမိဳ႕မ ရဲစခန္းမွ သိရသည္။

အဆိုပါေန႔တြင္ပင္ တမာကုန္းေက်းရြာမွ ပဥၥမတန္းေက်ာင္းသားတစ္ဦး၏ ဖခင္ျဖစ္သူကလည္း လြန္ခဲ့သည့္ (၁၅) ရက္ခန္႔က ၎၏သားျဖစ္သူအား အသက္(၃၂)ႏွစ္အရြယ္ မ်ိဳးလြင္ဦးဆိုသူကပင္ ဓမၼတာမဟုတ္ေသာ မုဒိမ္းမႈက်ဳးလြန္ေၾကာင္း လာေရာက္တိုင္တန္းသျဖင့္ ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ အမႈအမွတ္ (ပ) ၁၂၁/၂၀၁၆ ျပစ္မႈပုဒ္မ ၃၇၇ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း။  ။ ကိုလင္း
..................

ဝမ်းတွင်း၊ ဇူလိုင်(၄)
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပဲခင်းကျော်ကျေးရွာအုပ်စု တမာကုန်းကျေးရွာတွင် ဓမ္မတာ မဟုတ်သော မုဒိမ်းမှုနှစ်ခုအား ကျူးလွန်သူကို ဝမ်းတွင်းမြို့မရဲစခန်း၌ ဇူလိုင်လပထမပတ်အတွင်း လာရောက် အမှုဖွင့်ထားကြောင်း သိရသည်။

တမာကုန်းကျေးရွာတွင် အသက် (၆)နှစ်အရွယ် သားဖြစ်သူအား အသက် (၃၂)နှစ်အရွယ် မျိုးလွင်ဦး ဆိုသူက ဈေးကွင်းပြင်တွင် ဇွန်လ (၃၀) ရက်နေ့က ကျူးလွန်နေသည်ကို တွေ့ရသဖြင့် အရေးယူပေးပါရန် ဝမ်းတွင်းမြို့မရဲစခန်းသို့ အဆိုပါ ကလေးဖြစ်သူ၏ဖခင်က ဇူလိုင်လ (၁) ရက်တွင် လာရောက် တိုင်တန်းသဖြင့် (ပ)၁၂၀/၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း ဝမ်းတွင်းမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါနေ့တွင်ပင် တမာကုန်းကျေးရွာမှ ပဉ္စမတန်းကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူကလည်း လွန်ခဲ့သည့် (၁၅) ရက်ခန့်က၎င်း၏သားဖြစ်သူအား အသက်(၃၂)နှစ်အရွယ် မျိုးလွင်ဦးဆိုသူကပင် ဓမ္မတာမဟုတ်သော မုဒိမ်းမှုကျုးလွန်ကြောင်း လာရောက်တိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မရဲစခန်းတွင် အမှုအမှတ် (ပ) ၁၂၁/၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း။ ကိုလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~