တာချီလိတ်ရှိ စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ်၌ ယာဉ်ဖြတ်သန်းခ မပေးနိုင်၍ မယ်ယန်းဖြတ်လမ်းမှ သွားသည့် ဆရာမတစ်စု လမ်းတွင် နှောက်ယှက်ခံရ

တာချီလိတ်ရှိ စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ်၌ ယာဉ်ဖြတ်သန်းခ မပေးနိုင်၍ မယ်ယန်းဖြတ်လမ်းမှ သွားသည့် ဆရာမတစ်စု လမ်းတွင် နှောက်ယှက်ခံရ
ဇူလိုငျ 20, 2016
By Tachileik News Agency



"ကျွန်မတို့လည်း မတတ်နိုင်လို့ ဖြတ်သန်းခွင့်ပြုဖို့ ပြောတာလည်း မရတော့၊ တော်တော်ဝေးတဲ့ မယ်ယန်းဖြတ်လမ်းကနေ သွားတာ၊ လေယာဉ်ပျက်ကျလို့ စေတီတည်ထားတဲ့ နေရာကနေ ကျော်လာပြီး ၀မ်ဆောက်ခုန်ရောက်ခါနီး အကွေ့နားမှာ လူတစ်ယောက်က လမ်းအလယ်တည့်တည့်ကနေ ကားကိုတားတာ၊ ရှေ့က ဆရာမ မောင်းလာတဲ့ ကားကို ရပ်လိုက်တော့၊ အဲ့ဒီ ကားတံခါးကို အကုန်လိုက်ဖွင့်တာ၊ တော်သေးတယ်၊ တံခါးလော့ချထားလို့"ဟု အတူသွားသည့် ဆရာမတစ်ဦးက ပြောပြသည်။

"ကျွန်မတို့က ကား(၂)စီးသွားတာ၊ ယောက်ျားလေးတွေလည်း မပါဘူး၊ အားလုံးက ဆရာမတွေပါပဲ၊ အခု ကားနှစ်စီးလာတာတောင် အခုလို လုပ်တယ်ဆိုတော့ ကားတစ်စီးတည်း တစ်ယောက်တည်း သွားတဲ့အခါဆို အခုလို ကြုံရင်တော့ ဘယ်လိုလုပ်ရမလဲမသိဘူး၊ ကားပေါ်မှာ ပါလာတဲ့ ဆရာမတွေလည်း အားလုံးကြောက်နေကြတယ်"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ်သည် ယခင်က ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများအပါအ၀င် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ဆိုင်ကယ်ဖြင့် ဖြစ်စေ၊ မော်တော်ယာဉ်ဖြင့် ဖြစ်စေ ဖြတ်သန်းသွားပါက ဂိတ်ဖြတ်ကြေးကောက်ခံခြင်းမပြုခဲ့ပဲ ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့က စတင်၍ ကောက်ခံနေခြင်းဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအတွက် အခက်တွေ့နေကြောင်း သိရသည်။


အဆိုပါ ဂိတ်တွင် ဇူလိုင်လ(၁၅)ရက် မတိုင်မီက မော်တော်ဆိုင်ကယ်အား (၂၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ် နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ဇူလိုင်လ(၁၅)ရက်နေ့ကစ၍ မော်တော်ဆိုင်ကယ် အား (၁၀)ဘတ်နှင့် မော်တော်ယာဉ်များအား မူလနှုန်းထားအတိုင်း ကောက်ခံနေပြီး ယခင်က အခမဲ့ ဖြတ်သန်း သွားလာခွင့်ပြုထားသော နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ဇူလိုင်လ(၁၅)ရက်နေ့မှစ၍ ကောက်ခံလိုက်ခြင်းဖြစ်သည်။


စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ရွှေတြိဂံတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသဖွံ့ဖြိုးရေး စီမံချက်ဖြင့် လုပ်ပိုင်ခွင့် အနှစ် (၂၀)ပေးခဲ့ခြင်းဖြစ်ရာ ဂိတ်ကြေးကောက်ခံပိုင်ခွင့်မှာ ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
...................

တာချီလိတ်မြို့ထဲမှ မိုင်းဖုန်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းသို့ သွားရောက်၍ စာသင်ပေးသော ဆရာမများသည် မော်တော်ယာဉ်တစ်စီးလျှင် ဂိတ်ဖြတ်ကြေး ဘတ်(၅၀)မပေးနိုင်၍ ရှောင်ကွင်းလမ်း ဖြစ်သည့် မယ်ယန်းမှသွားရာ လမ်းတွင် အမည်မသိသူ အမျိုးသားတစ်ဦး၏ နှောက်ယှက်မှုကို ခံရကြောင်း သိရသည်။

ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၈း၅၀)နာရီဝန်းကျင်က တာချီလိတ်မြို့တွင်းမှ စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ်မှ တစ်ဆင့် စာသင်ကျောင်းသို့ သွားရန်အတွက် အဆိုပါ ဂိတ်သို့ ရောက်ရှိနေသော ဆရာမများ မောင်းနှင်လာသည့် ယာဉ်(၂)စီးအား တစ်စီးလျှင် လမ်းဖြတ်ကြေး ဘတ်(၅၀)ပေးရမည် ဖြစ်ကြောင်း ဂိတ်တာဝန်ရှိသူများမှ ပြောလာသဖြင့် ဂိတ်ကြေး(၅၀)မပေးနိုင်၍ အခမဲ့ဖြတ်သန်းခွင့်ရရေး ညှိနှိုင်းရာ မရသည့်အတွက် မယ်ယန်းဖြတ်လမ်းမှ သွားရောက်ရာ ဝမ်ဆောက်ခုန်ကျေးရွာအနီး လူသူပြတ်လပ်သည့်နေရာ အရောက်တွင် အမျိုးသားတစ်ဦး၏ နှောက်ယှက်မှုကို ခံရတာဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့လည်း မတတ်နိုင်လို့ ဖြတ်သန်းခွင့်ပြုဖို့ ပြောတာလည်း မရတော့၊ တော်တော်ဝးတဲ့ မယ်ယန်းဖြတ်လမ်းကနေ သွားတာ၊ လေယာဉ်ပျက်ကျလို့ စေတီတည်ထားတဲ့ နေရာကနေ ကျော်လာပြီး ဝမ်ဆောက်ခုန်ရောက်ခါနီး အကွေ့နားမှာ လူတစ်ယောက်က လမ်းအလယ်တည့်တည့်ကနေ ကားကိုတားတာ၊ ရှေ့က ဆရာမ မောင်းလာတဲ့ ကားကို ရပ်လိုက်တော့၊ အဲ့ဒီ ကားတံခါးကို အကုန်လိုက်ဖွင့်တာ၊ တော်သေးတယ်၊ တံခါးလော့ချထားလို့"ဟု အတူသွားသည့် ဆရာမတစ်ဦးက ပြောပြသည်။

"ကျွန်မတို့က ကား(၂)စီးသွားတာ၊ ယောကျာ်းလေးတွေလည်း မပါဘူး၊ အားလုံးက ဆရာမတွေပါပဲ၊ အခု ကားနှစ်စီးလာတာတောင် အခုလို လုပ်တယ်ဆိုတော့ ကားတစ်စီးတည်း တစ်ယောက်တည်း သွားတဲ့အခါဆို အခုလို ကြုံရင်တော့ ဘယ်လိုလုပ်ရမလဲမသိဘူး၊ ကားပေါ်မှာ ပါလာတဲ့ ဆရာမတွေလည်း အားလုံးကြောက်နကြေတယ်"ဟု၎င်းမှ ဆက်လက်ပြောပြသည်။

စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ်သည် ယခင်က ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ဆိုင်ကယ်ဖြင့် ဖြစ်စေ၊ မော်တော်ယာဉ်ဖြင့် ဖြစ်စေ ဖြတ်သန်းသွားပါက ဂိတ်ဖြတ်ကြေးကောက်ခံခြင်းမပြုခဲ့ပဲ ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့က စတင်၍ ကောက်ခံနခြေင်းဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအတွက် အခက်တွေ့နေကြောင်း သိရသည်။

"ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်းတွေဆိုတော့ အခုလို ဂိတ်ကြေးပေးရမယ်ဆို အဆင်မပြေပါဘူး၊ တာဝန်အရ ဖြတ်သန်းသွားလို့ ဂိတ်ကြေးပေးရတဲ့အခါ ဌာနကို ဂိတ်ကြေးပြန်တောင်းလို့မရဘူး၊ ကျွန်တော်တို့ အိတ်ထဲကပဲ စိုက်ရတာ၊ ကြာလာရင်တော့ တကယ်အဆင်မပြေပါဘူး၊ ကိုယ်ရေးကိုယ်တာအတွက်ဆို ပေးလို့ရပါတယ်။ အခုက တာဝန်နဲ့သွားနေတာဆိုတော့လေ"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဂိတ်တွင် ဇူလိုင်လ(၁၅)ရက် မတိုင်မီက မော်တော်ဆိုင်ကယ်အား (၂၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ် နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ဇူလိုင်လ(၁၅)ရက်နေ့ကစ၍ မော်တော်ဆိုင်ကယ် အား (၁၀)ဘတ်နှင့် မော်တော်ယာဉ်များအား မူလနှုန်းထားအတိုင်း ကောက်ခံနပြေီး ယခင်က အခမဲ့ ဖြတ်သန်း သွားလာခွင့်ပြုထားသော နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ဇူလိုင်လ(၁၅)ရက်နေ့မှစ၍ ကောက်ခံလိုက်ခြင်းဖြစ်သည်။

"ဂိတ်ကြေးကောက်တာ ကောက်ပါ၊ ဂိတ်တာဝန်ရှိသူများအနေနဲ့လည်း ကုန်ကျခံပြီး လုပ်ပေးထားတယ် ဆိုတာကို နားလည်ပါတယ်၊ ဒါပေမဲ့ အခုက ဆိုင်ကယ်တွေကို (၁၀)ဘတ် လျှော့ပေးထားပြီး အရင်က အခမဲ့ ဖြတ်သန်းခွင့်ပေးထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေပေါ် ဖြတ်သန်းခံ ပြန်ကောက်တယ်ဆိုတာက စဉ်းစားစရာပါ။ တာဝန်ရှိသူများလည်း အမြန်ဆုံး ညှိနှိုင်းပေးစေချင်ပါတယ်ဗျာ"ဟု စိုင်းလုံးတစ်က ပြောသည်။

စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ရွှတြေိဂံတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသဖွံ့ဖြိုးရေး စီမံချက်ဖြင့် လုပ်ပိုင်ခွင့် အနှစ် (၂၀)ပေးခဲ့ခြင်းဖြစ်ရာ ဂိတ်ကြေးကောက်ခံပိုင်ခွင့်မှာ ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~