ရှမ်းပြည်နယ်အတွင်း ယာဉ်/လမ်းစည်းကမ်း စီမံချက် တောင်ကြီး၌ ပထမဆုံးအဖြစ် ဇူလိုင်လ(၈)ရက်နေ့တွင် စတင်မည်

ရှမ်းပြည်နယ်အတွင်း ယာဉ်/လမ်းစည်းကမ်း စီမံချက် တောင်ကြီး၌ ပထမဆုံးအဖြစ် ဇူလိုင်လ(၈)ရက်နေ့တွင် စတင်မည်
ဇူလိုငျ 4, 2016
By Tachileik News Agency

တောင်ကြီး၊ ဇူလိုင်လ(၄)

တောင်ကြီးမြို့တွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်ရေးနှင့် မြို့မဈေးကြီးဝန်းကျင်တွင် ယာဉ်ကြော မပိတ်ဆို့ရေး၊ ဆိုင်ကယ်စတန်းများ၊ ကားစတန်းများ၊ စနစ်တကျ ဖြစ်စေရေးနှင့် မြို့ပြသန့်ရှင်းရေး အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းရှိစေရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲကာ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ဆောင်ရွက်သွားရန်အတွက် အဆိုပါ လုပ်ငန်းစဉ်များအား ပထမဆုံးအနေဖြင့် တောင်ကြီး၌ စတင်မှာ ဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ။  ။ ဦးစိုးညွှန့်လွင်
..................................

တောင်ကြီး၊ ဇူလိုင်လ(၄)
ရှမ်းပြည်နယ်မြို့တော် တောင်ကြီး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဇူလိုင်လ(၈)ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးထံမှ သိရသည်။

တောင်ကြီးမြို့တွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်ရေးနှင့် မြို့မဈေးကြီးဝန်းကျင်တွင် ယာဉ်ကြော မပိတ်ဆို့ရေး၊ ဆိုင်ကယ်စတန်းများ၊ ကားစတန်းများ၊ စနစ်တကျ ဖြစ်စေရေးနှင့် မြို့ပြသန့်ရှင်းရေး အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းရှိစေရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲကာ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ဆောင်ရွက်သွားရန်အတွက် အဆိုပါ လုပ်ငန်းစဉ်များအား ပထမဆုံးအနဖြေင့် တောင်ကြီး၌ စတင်မှာ ဖြစ်ကြောင်း သိရသည်။

အများပြည်သူများအား အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပညာပေးကာလအဖြစ် သတ်မှတ်ပေးသွားပြီး၊ လက်ကမ်းစာစောင်များ၊ ကြေညာဆိုင်းဘုတ်များ စသည်တို့ဖြင့် အသိပညာပေးမှုများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ။ ဦးစိုးညွှန့်လွင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~