အႏွစ္ ႏွစ္ဆယ္ၾကာ တည္ေဆာက္ထားတဲ့ ဝိညာဥ္ရြာ

အႏွစ္ ႏွစ္ဆယ္ၾကာ တည္ေဆာက္ထားတဲ့ ဝိညာဥ္ရြာ
ဇူလိုင် 24, 2016
By Tachileik News Agency

ဆုန္ပိုင္လန္ဆိုတဲ့ ပါေမာကၡေဟာင္း ၊ အႏုပညာရွင္ တစ္ဦးျဖစ္သူက အခုဆိုရင္ေတာ့ ရိလန္ေတာင္ၾကား ေဒသရဲ႕ ဖခင္တစ္ဦးလို႔ ေခၚရမွာပါ။

ဒီေဒသကို အံ့ဖြယ္ေနရာအျဖစ္ တည္ေဆာက္ခ်င္တဲ့ သူ႔ရဲ႕ေမွ်ာ္မွန္းခ်က္ဟာ အခုဆိုရင္ ႏွစ္ေပါင္း (၂၀)နီးပါးအၾကာမွာ အေကာင္အထည္ေပၚလာခဲ့တာပါ။

၁၉၉၆ ခုႏွစ္မွာ ပါေမာကၡ အလုပ္ကေန အနားယူလိုက္ၿပီး တရုတ္ႏုိင္ငံ အေနာက္ေတာင္ပိုင္း ဂြမ္ေဇာင္း ျပည္နယ္ ဟုန္ဇီေဒသမွာ သီးျခားျဖစ္ေနတဲ့ ေတာင္တန္းၾကားက သစ္ေတာဧရိယာ စတုရန္းမီတာ ႏွစ္သိန္းနီးပါးကို ဝယ္ယူေနထိုင္ခဲ့ကာ နာမည္ေက်ာ္ ရုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ Game of Thrones ရဲ႕ အလယ္ေခတ္ ဇာတ္ေကာင္ေတြနဲ႔ ပံုစံတူေတြ ထုလုပ္ဖို႔ စတင္ခဲ့တာပါ။

ဒါေပမဲ့ ရိလန္ေတာင္ၾကား ေဒသက ရုပ္တုေတြက အလယ္ေခတ္ထက္ ပိုၿပီးေရွးက်တဲ့ တရုတ္ရဲ႕ ေရွးေဟာင္းပံုစံ ေပါက္ေနတယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ သူ႔ရုပ္တုေတြဟာ ႏွစ္ေထာင္ေပါင္း မ်ားစြာက ေရွးေဟာင္း ယဥ္ေက်းမႈပံုစံကို အေျခခံထားပံုရတယ္လို႔ ဆိုၾကပါတယ္။

အသက္ (၇၆)ႏွစ္ ရိွေနၿပီျဖစ္တဲ့ ဆုန္က ဒီရုပ္တုေတြ ထုဆစ္ဖို႔ ဂြမ္ေဇာင္းေဒသက စံုလင္လွတဲ့ လူမ်ိဳးစုေတြရဲ႕ ယဥ္ေက်းမႈေတြကို ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့တာပါ။ သူဟာ အေမရိကန္ျပည္ေထာင္စုကို အလည္အပတ္ သြားၿပီးတဲ့ေနာက္ပိုင္းမွာ ဂြမ္ေဇာင္းျပည္နယ္က လူမ်ိဳးစုေတြရဲ႕ ယဥ္ေက်းမႈနဲ႔ ဌာေနအေမရိကန္ေတြရဲ႕ ယဥ္ေက်းမႈေတြကို ႏိႈင္းယွဥ္ထုဆစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ပါေမာကၡေဟာင္းလည္းျဖစ္သူ ယဥ္ေက်းမႈေတြကို စိတ္ဝင္စားသူျဖစ္တဲ့ ဆုန္က ဟုန္ဇီေဒသရဲ႕ ယဥ္ေက်းမႈေတြကို အားလံုးမဟုတ္ေတာင္ တစ္စိတ္တစ္ေဒသ ထိန္းသိမ္းေပးရာ ေရာက္မယ္ဆိုတဲ့အျမင္နဲ႔ လုပ္ေဆာင္ခဲ့တာလို႔ ဆိုပါတယ္။

သူက အေမရိကန္ျပည္ေထာင္စုေတာင္ပိုင္း ဒါကိုတာက ဌာေနအေမရိကန္ သူရဲေကာင္းရဲ႕ ရုပ္တုကို စိတ္ကူးၾကည့္ခဲ့ပါတယ္။ ဒီလို ရုပ္တုမ်ိဳးကို ဂြမ္ေဇာင္းမွာ ထားခ်င္ခဲ့တာပါ။

ဒီေဒသကို သူမေရာက္လာခင္က ေဒသခံေတြဟာ ေတာင္ေတြေပၚမွာ သတၱဳတူးတာ၊ ေက်ာက္ေတြ ေရာင္းခ်တာနဲ႔ အသက္ေမြးဝမ္းေၾကာင္း လုပ္ၾကတာပါ။

“ဒါေတြကို ေရာင္းစားတာထက္ တည္ေဆာက္ၾကမယ္လို႔” ေဒသခံေတြကို သူက အႀကံျပဳခဲ့တာပါ။

ေဒသခံေတြ သေဘာတူလာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တာေၾကာင့္ ဆုန္ရဲ႕စိတ္ကူးေတြ အေကာင္အထည္ ေပၚလာတဲ့အထိ ရုပ္တုေတြ ထုဆစ္ႏုိင္ခဲ့တာပါ။

ႏွစ္ေပါင္းမ်ားစြာ ၾကာလာတဲ့အခါမွာ ဆုန္က ေဒသခံေတြကို ေျမယာရႈခင္းပညာေတြ သင္ၾကား ေပးႏုိင္ခဲ့ပါတယ္။ အရင္ကလည္း အျခားေဒသမွာ ယဥ္ေက်းမႈေတြ ထိန္းသိမ္းရင္း စီးပြားေရး အက်ိဳး အျမတ္ရမယ့္ လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ဖို႔ သူႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။

ဒါေပမဲ့ ယိလန္မွာေတာ့ သူက ေအာင္ေအာင္ျမင္ျမင္ ေဆာင္ရြက္ႏုိင္လုိက္တာပါ။ ဒီကာလေတြ အတြင္းမွာ ဆုန္ဟာ ေငြေၾကးျပတ္လပ္တာေတြနဲ႔ ႀကံဳခဲ့ရေပမဲ့ ေဒသခံေတြက လုပ္အားေပးေတြ အျဖစ္ ပါဝင္ကူညီဖို႔ အထိ စိတ္အားထက္သန္ခဲ့ၾကတာပါ။

ဒီလိုနဲ႔ပဲ ယိလန္ေတာင္ၾကားေဒသဟာ သူတို႔အားလံုးရဲ႕ ဝိညာဥ္ကိန္းေအာင္းတဲ့အိမ္ ျဖစ္လာပါတယ္။
ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ခ်ိန္မွာေတာ့ ဆုန္အေနနဲ႔ ဧည့္သည္ေတြ လာၾကည့္ဖို႔ ဆြဲေဆာင္ႏုိင္ခဲ့ပါတယ္။ ဒီမွာ သူအပါအဝင္ ေဒသခံေတြဟာ သစ္ေတာထဲက သစ္သားအိမ္ေတြမွာ ေနၾကၿပီး ရုပ္တုေတြလည္း အစီအရီနဲ႔ တည္ေဆာက္ၿပီးသြားၿပီ ထင္ရေပမဲ့ သူတို႔လုပ္ငန္းက ဆက္ၿပီး ေဆာင္ရြက္စရာေတြ ရိွေနေသးတယ္လုိ႔ သိရပါတယ္။

ဒီလိုလုပ္ရျခင္းရဲ႕ ရည္ရြယ္ခ်က္က ေဒသရဲ႕ ယဥ္ေက်းမႈေတြ မေပ်ာက္ပ်က္သြားေအာင္ ေဒသတြင္း ဝင္ေငြရတဲ့ နည္းလမ္းနဲ႔ ထိန္းသိမ္းတာလုိ႔ ဆုန္က ဆိုပါတယ္။

အကယ္၍ ဒီရုပ္တုေတြ ဖ်က္ဆီးခံလိုက္ရရင္ေတာင္ အျခားေဒသမွာ ႏွစ္ေပါင္း (၂၀)ေလာက္ ထပ္ၿပီး ရင္းႏွီးျမႇပ္ႏွံမယ္လို႔ သူကဆိုပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; CCTVNews
..............

ဆုန်ပိုင်လန်ဆိုတဲ့ ပါမောက္ခဟောင်း၊ အနုပညာရှင် တစ်ဦးဖြစ်သူက အခုဆိုရင်တော့ ရိလန်တောင်ကြား ဒေသရဲ့ ဖခင်တစ်ဦးလို့ ခေါ်ရမှာပါ။

ဒီဒေသကို အံ့ဖွယ်နေရာအဖြစ် တည်ဆောက်ချင်တဲ့ သူ့ရဲ့မျှော်မှန်းချက်ဟာ အခုဆိုရင် နှစ်ပေါင်း (၂၀)နီးပါးအကြာမှာ အကောင်အထည်ပေါ်လာခဲ့တာပါ။

၁၉၉၆ ခုနှစ်မှာ ပါမောက္ခ အလုပ်ကနေ အနားယူလိုက်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွမ်ဇောင်း ပြည်နယ် ဟုန်ဇီဒေသမှာ သီးခြားဖြစ်နေတဲ့ တောင်တန်းကြားက သစ်တောဧရိယာ စတုရန်းမီတာ နှစ်သိန်းနီးပါးကို ဝယ်ယူနေထိုင်ခဲ့ကာ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Game of Thrones ရဲ့ အလယ်ခေတ် ဇာတ်ကောင်တွေနဲ့ ပုံစံတူတွေ ထုလုပ်ဖို့ စတင်ခဲ့တာပါ။

ဒါပေမဲ့ ရိလန်တောင်ကြား ဒေသက ရုပ်တုတွေက အလယ်ခေတ်ထက် ပိုပြီးရှေးကျတဲ့ တရုတ်ရဲ့ ရှေးဟောင်းပုံစံ ပေါက်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သူ့ရုပ်တုတွေဟာ နှစ်ထောင်ပေါင်း များစွာက ရှေးဟောင်း ယဉ်ကျေးမှုပုံစံကို အခြေခံထားပုံရတယ်လို့ ဆိုကြပါတယ်။

အသက် (၇၆)နှစ် ရှိနပြေီဖြစ်တဲ့ ဆုန်က ဒီရုပ်တုတွေ ထုဆစ်ဖို့ ဂွမ်ဇောင်းဒေသက စုံလင်လှတဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တာပါ။ သူဟာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် သွားပြီးတဲ့နောက်ပိုင်းမှာ ဂွမ်ဇောင်းပြည်နယ်က လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ဌာနေအမေရိကန်တွေရဲ့ ယဉ်ကျေးမှုတွေကို နှိုင်းယှဉ်ထုဆစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပါမောက္ခဟောင်းလည်းဖြစ်သူ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားသူဖြစ်တဲ့ ဆုန်က ဟုန်ဇီဒေသရဲ့ ယဉ်ကျေးမှုတွေကို အားလုံးမဟုတ်တောင် တစ်စိတ်တစ်ဒေသ ထိန်းသိမ်းပေးရာ ရောက်မယ်ဆိုတဲ့အမြင်နဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူက အမေရိကန်ပြည်ထောင်စုတောင်ပိုင်း ဒါကိုတာက ဌာနေအမေရိကန် သူရဲကောင်းရဲ့ ရုပ်တုကို စိတ်ကူးကြည့်ခဲ့ပါတယ်။ ဒီလို ရုပ်တုမျိုးကို ဂွမ်ဇောင်းမှာ ထားချင်ခဲ့တာပါ။

ဒီဒေသကို သူမရောက်လာခင်က ဒေသခံတွေဟာ တောင်တွေပေါ်မှာ သတ္တုတူးတာ၊ ကျောက်တွေ ရောင်းချတာနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကြတာပါ။

“ဒါတွေကို ရောင်းစားတာထက် တည်ဆောက်ကြမယ်လို့” ဒေသခံတွေကို သူက အကြံပြုခဲ့တာပါ။

ဒေသခံတွေ သဘောတူလာအောင် ဆွဲဆောင်နိုင်ခဲ့တာကြောင့် ဆုန်ရဲ့စိတ်ကူးတွေ အကောင်အထည် ပေါ်လာတဲ့အထိ ရုပ်တုတွေ ထုဆစ်နိုင်ခဲ့တာပါ။

နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ ဆုန်က ဒေသခံတွေကို မြေယာရှုခင်းပညာတွေ သင်ကြား ပေးနိုင်ခဲ့ပါတယ်။ အရင်ကလည်း အခြားဒေသမှာ ယဉ်ကျေးမှုတွေ ထိန်းသိမ်းရင်း စီးပွားရေး အကျိုး အမြတ်ရမယ့် လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ သူကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ ယိလန်မှာတော့ သူက အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်လိုက်တာပါ။ ဒီကာလတွေ အတွင်းမှာ ဆုန်ဟာ ငွေကြေးပြတ်လပ်တာတွေနဲ့ ကြုံခဲ့ရပေမဲ့ ဒေသခံတွေက လုပ်အားပေးတွေ အဖြစ် ပါဝင်ကူညီဖို့ အထိ စိတ်အားထက်သန်ခဲ့ကြတာပါ။

ဒီလိုနဲ့ပဲ ယိလန်တောင်ကြားဒေသဟာ သူတို့အားလုံးရဲ့ ဝိညာဉ်ကိန်းအောင်းတဲ့အိမ် ဖြစ်လာပါတယ်။
ဆယ်စုနှစ် နှစ်ခုကျော်ချိန်မှာတော့ ဆုန်အနေနဲ့ ဧည့်သည်တွေ လာကြည့်ဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီမှာ သူအပါအဝင် ဒေသခံတွေဟာ သစ်တောထဲက သစ်သားအိမ်တွေမှာ နကြပြေီး ရုပ်တုတွေလည်း အစီအရီနဲ့ တည်ဆောက်ပြီးသွားပြီ ထင်ရပေမဲ့ သူတို့လုပ်ငန်းက ဆက်ပြီး ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဒေသရဲ့ ယဉ်ကျေးမှုတွေ မပျောက်ပျက်သွားအောင် ဒေသတွင်း ဝင်ငွေရတဲ့ နည်းလမ်းနဲ့ ထိန်းသိမ်းတာလို့ ဆုန်က ဆိုပါတယ်။

အကယ်၍ ဒီရုပ်တုတွေ ဖျက်ဆီးခံလိုက်ရရင်တောင် အခြားဒေသမှာ နှစ်ပေါင်း (၂၀)လောက် ထပ်ပြီး ရင်းနှီးမြှပ်နှံမယ်လို့ သူကဆိုပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; CCTVNews

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~