က်ိဳင္းတံုၿမိဳ႕မွ ၿမိဳ႕ရိုးတံခါးႀကီးမ်ား၏အမည္မ်ားကို ဘာသာစကား ၃ မ်ိဳးျဖင့္ ကမၺည္းစိုက္ထူမည္

က်ိဳင္းတံုၿမိဳ႕မွ ၿမိဳ႕ရိုးတံခါးႀကီးမ်ား၏အမည္မ်ားကို ဘာသာစကား ၃ မ်ိဳးျဖင့္ ကမၺည္းစိုက္ထူမည္
ဇူလိုင် 7, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ဇူလိုင္လ (၇) ရက္
ရွမ္းျပည္နယ္(အေရွ ့ပိုင္း)က်ိဳင္းတုံၿမိဳ႕တြင္ ေစာ္ဘြားမ်ားလက္ထက္က တည္ေဆာက္ခဲ့သည့္ ၿမိဳ႕ရိုးတံခါးႀကီးမ်ား၏ အမည္မ်ားကို ဘာသာစကား(၃)မ်ိဳးျဖင့္ ကမၺည္းထိုးထားသည့္ ေက်ာက္ျပားမ်ား စိုက္ထူႏုိင္ရန္ က်ိဳင္းတုံၿမိဳ႕နယ္ လူမႈကူညီေရးအသင္း၊ စာေပယဥ္ေက်းမႈစာရိတၱဆပ္ေကာ္မတီမွ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"ၿမိဳ႕တံခါးႀကီး(၁၂)ခု ရိွတဲ့အထဲက အခုဆိုရင္ ပါလွ်ံတံခါးႀကီးတစ္ခုပဲ က်န္ပါေတာ့တယ္။ ကၽြန္ေတာ္တို ့ အေနနဲ ့အခုလို ၿမိဳ႕တံခါးေတြရိွခဲ့တဲ့ ေနရာေတြမွာ သူတို ့ရဲ႕နာမည္ကို ကမၺည္းထိုးထားတဲ့ ေက်ာက္ျပားေတြကို လိုက္ၿပီးေတာ့ စိုက္ထူရတဲ့ ရည္ရြယ္ခ်က္ကေတာ့ သမိုင္းအေမြအႏွစ္ေတြျဖစ္တဲ့ က်ံဳးၿမိဳ႕ရိုးေတြ မပေပ်ာက္ေရး၊ ေႏွာင္းလူေတြျမင္သိႏိုင္ေရးနဲ ့ ထိန္းသိမ္းႏိုင္ေရးတို႔ပဲျဖစ္ပါတယ္။"ဟု က်ိဳင္းတုံၿမိဳ႕နယ္ လူမႈကူညီေရးအသင္း ဥကၠဌ ဦးစိုင္းေဇာ္မင္းက ေျပာသည္။

အဆိုပါ ေက်ာက္ျပားမ်ားတြင္ ၿမိဳ႕တံခါးႀကီးမ်ားကို စတင္တည္ေဆာက္သည့္ခုႏွစ္ႏွင့္ ၿမိဳ႕တံခါးအမည္မ်ားကို ျမန္မာစာ၊ ဂုံရွမ္းစာ၊ အဂၤလိပ္စာတို ့ျဖင့္ ေရးထိုးသြားမည္ျဖစ္ၿပီး အဆိုပါ ေက်ာက္ျပားမ်ားကို ျပဳလုပ္ၿပီးစီးပါက ေရွးေဟာင္းသုေသသနဌာနသို ့ လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အခုလို ေရွးေဟာင္းၿမိဳ႕တံခါးေတြရိွတဲ့ေနရာေတြမွာ အခုလိုအမွတ္အသားေက်ာက္စာေတြလိုက္ၿပီးေတာ့ စိုက္ထူေပးမယ္ဆိုေတာ့ ၀မ္းသာပါတယ္။ ဘယ္ေနရာမွာ ဘာရိွတယ္ဆိုတာ သိရတာေပါ့။ ဒါေပမဲ့ ပိုၿပီးေတာ့ ထိေရာက္ေအာင္ ေျမႀကီးထဲမွာတိမ္ျမဳပ္ေနတဲ့ ၿမိဳ႕ရိုးေတြကို စနစ္တက်နဲ ့ျပန္လည္ေဖာ္ထုတ္ေပးႏို္င္ရင္ ပိုေကာင္းတာေပါ့။ မရိွေတာ့တဲ့ဟာထက္ စာရင္ ရိွေနတာေတြကို ေဖာ္ထုတ္ေပးရင္ေတာ့ အေကာင္းဆုံးေပါ့။ အခုေခတ္လူငယ္ေတြက ၿမိဳ႕တံခါးေတြရိွတာကိုပဲ သိေတာ့တယ္။ ၿမိဳ႕ရိုးေဟာင္းေတြရိွေနတာကို က်ေတာ့ မသိၾကေတာ့ဘူး။"ဟု က်ိဳင္းတုံၿမိဳ႕သမိုင္းကို ေလ့လာေနသူတစ္ဦးျဖစ္သည့္ ကိုေက်ာ္ရဲျမင့္ေအာင္က ေျပာသည္။

က်ိဳင္းတုံၿမိဳ႕ ေစာ္ဘြားႀကီးေစာ၀္မဟာခဏန္လက္ထက္တြင္ (၄)ႏွစ္ၾကာျပန္လည္ျပဳျပင္ခဲ့သည့္ ၿမိဳ႕ရိုးမွာ (၄)မိုင္(၄)ဖာလုံ ရိွၿပီး အခ်ိဳ ့ေနရာမ်ားတြင္ လမ္းေနရာေျမႀကီးေအာက္နစ္ျမဳပ္ေနၿပီး အခ်ိဳ႕မွာ လူေနအိမ္မ်ား ေအာက္တြင္ နစ္ျမဳပ္ေနသည့္အတြက္ ျပန္လည္တူးေဖာ္ရန္မလြယ္ကူေသာ္လည္း က်န္ရိွသည့္ တူးေဖာ္ႏိုင္ေသးသည့္ ေနရာမ်ားတြင္မူ ျပန္လည္တူးေဖာ္ထိန္းသိမ္းသင့္သည္ဟု ၎ကအႀကံျပဳသည္။

က်ိဳင္းတုံၿမိဳ႕တြင္ ေစာ္ဘြားမ်ားတည္ေဆာက္ခဲ့ေသာ ၿမိဳ႕တံခါးေပါင္း (၁၂)ခုရိွၿပီး (၁၁)ခုမွာ ရာသီဥတုဒဏ္၊ စစ္ေဘးစစ္ဒဏ္တို ့ေၾကာင့္ ပ်က္စီးသြားၿပီး လက္ရိွတြင္ ပါလွ်ံၿမိဳ႕တံခါးတစ္ခုသာ က်န္ရိွျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
ဓာတ္ပံု။  ။ ဦးစိုင္းေဇာ္မင္း

............................
ကျိုင်းတုံ၊ ဇူလိုင်လ (၇) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် စော်ဘွားများလက်ထက်က တည်ဆောက်ခဲ့သည့် မြို့ရိုးတံခါးကြီးများ၏ အမည်များကို ဘာသာစကား(၃)မျိုးဖြင့် ကမ္ဗည်းထိုးထားသည့် ကျောက်ပြားများ စိုက်ထူနိုင်ရန် ကျိုင်းတုံမြို့နယ် လူမှုကူညီရေးအသင်း၊ စာပေယဉ်ကျေးမှုစာရိတ္တဆပ်ကော်မတီမှ လုပ်ဆောင်နေကြောင်း သိရသည်။
"မြို့တံခါးကြီး(၁၂)ခု ရှိတဲ့အထဲက အခုဆိုရင် ပါလျှံတံခါးကြီးတစ်ခုပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့ အနေနဲ့အခုလို မြို့တံခါးတွေရှိခဲ့တဲ့ နေရာတွေမှာ သူတို့ရဲ့နာမည်ကို ကမ္ဗည်းထိုးထားတဲ့ ကျောက်ပြားတွေကို လိုက်ပြီးတော့ စိုက်ထူရတဲ့ ရည်ရွယ်ချက်ကတော့ သမိုင်းအမွေအနှစ်တွဖြေစ်တဲ့ ကျုံးမြို့ရိုးတွေ မပပျောက်ရေး၊ နှောင်းလူတွမြေင်သိနိုင်ရေးနဲ့ ထိန်းသိမ်းနိုင်ရေးတို့ပဲဖြစ်ပါတယ်။"ဟု ကျိုင်းတုံမြို့နယ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးစိုင်းဇော်မင်းက ပြောသည်။
အဆိုပါ ကျောက်ပြားများတွင် မြို့တံခါးကြီးများကို စတင်တည်ဆောက်သည့်ခုနှစ်နှင့် မြို့တံခါးအမည်များကို မြန်မာစာ၊ ဂုံရှမ်းစာ၊ အင်္ဂလိပ်စာတို့ဖြင့် ရေးထိုးသွားမည်ဖြစ်ပြီး အဆိုပါ ကျောက်ပြားများကို ပြုလုပ်ပြီးစီးပါက ရှေးဟောင်းသုသေသနဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"အခုလို ရှေးဟောင်းမြို့တံခါးတွေရှိတဲ့နေရာတွေမှာ အခုလိုအမှတ်အသားကျောက်စာတွေလိုက်ပြီးတော့ စိုက်ထူပေးမယ်ဆိုတော့ ဝမ်းသာပါတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိရတာပေါ့။ ဒါပေမဲ့ ပိုပြီးတော့ ထိရောက်အောင် မြကြေီးထဲမှာတိမ်မြုပ်နေတဲ့ မြို့ရိုးတွေကို စနစ်တကျနဲ့ပြန်လည်ဖော်ထုတ်ပေးနို်င်ရင် ပိုကောင်းတာပေါ့။ မရှိတော့တဲ့ဟာထက် စာရင် ရှိနေတာတွေကို ဖော်ထုတ်ပေးရင်တော့ အကောင်းဆုံးပေါ့။ အခုခေတ်လူငယ်တွေက မြို့တံခါးတွေရှိတာကိုပဲ သိတော့တယ်။ မြို့ရိုးဟောင်းတွေရှိနေတာကို ကျတော့ မသိကြတော့ဘူး။"ဟု ကျိုင်းတုံမြို့သမိုင်းကို လေ့လာနေသူတစ်ဦးဖြစ်သည့် ကိုကျော်ရဲမြင့်အောင်က ပြောသည်။
ကျိုင်းတုံမြို့ စော်ဘွားကြီးစောဝ်မဟာခဏန်လက်ထက်တွင် (၄)နှစ်ကြာပြန်လည်ပြုပြင်ခဲ့သည့် မြို့ရိုးမှာ (၄)မိုင်(၄)ဖာလုံ ရှိပြီး အချို့နေရာများတွင် လမ်းနေရာမြကြေီးအောက်နစ်မြုပ်နပြေီး အချို့မှာ လူနေအိမ်များ အောက်တွင် နစ်မြုပ်နေသည့်အတွက် ပြန်လည်တူးဖော်ရန်မလွယ်ကူသော်လည်း ကျန်ရှိသည့် တူးဖော်နိုင်သေးသည့် နေရာများတွင်မူ ပြန်လည်တူးဖော်ထိန်းသိမ်းသင့်သည်ဟု၎င်းကအကြံပြုသည်။
ကျိုင်းတုံမြို့တွင် စော်ဘွားများတည်ဆောက်ခဲ့သော မြို့တံခါးပေါင်း (၁၂)ခုရှိပြီး (၁၁)ခုမှာ ရာသီဥတုဒဏ်၊ စစ်ဘေးစစ်ဒဏ်တို့ကြောင့် ပျက်စီးသွားပြီး လက်ရှိတွင် ပါလျှံမြို့တံခါးတစ်ခုသာ ကျန်ရှိခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ ဦးစိုင်းဇော်မင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~