က်ဳိင္းတံု တိုင္းလိစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕က ၿမိဳ႕(၃)ၿမိဳ႕ရွိ အဖြဲ႔၀င္ မိသားစုမ်ားထဲမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူမ်ားအား ဂုဏ္ျပဳ

က်ဳိင္းတံု တိုင္းလိစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕က ၿမိဳ႕(၃)ၿမိဳ႕ရွိ အဖြဲ႔၀င္ မိသားစုမ်ားထဲမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူမ်ားအား ဂုဏ္ျပဳ
ဇူလိုင် 24, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံ၊ မိုင္းျဖတ္ႏွင့္ မိုင္းေယာင္းၿမိဳ႕မ်ားမွ  တိုင္းလိယဥ္ေက်းမႈအဖြဲ႕ဝင္ မိသားစုမ်ား၏ ၂၀၁၅ - ၂၀၁၆ ခုႏွစ္ တကၠသိုလ္၀င္တန္းေအာင္ျမင္သူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို က်ိဳင္းတုံၿမိဳ႕နယ္ တိုင္းလိစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕က ပညာရည္ခၽြန္ဆု ခ်ီးျမႇင့္ေၾကာင္း သိရသည္။

အဆိုပါ ဆုေပးပြဲ အခမ္းအနားကို က်ိဳင္းတံုၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ရွိ တိုင္းလိယဥ္ေက်းမႈခန္းမေဆာင္တြင္ ဇူလိုင္လ(၂၄)ရက္၊ ေန႔လယ္(၂)နာရီက က်င္းပျခင္းျဖစ္သည္။

"တကၠသိုလ္၀င္တန္း စာေမးပြဲကို ေအာင္ျမင္ခဲ့ၾကတဲ့ ရွမ္း/အေရွ႕မွာ ရိွတဲ့ တိုင္းလိယဥ္ေက်းမႈ မိသားစု၀င္ေတြရဲ႕ သားသမီးေတြနဲ ့ကၽြန္ေတာ္တို ့ဆီမွာ စာရင္းလာေပးထားတဲ့ တျခား တိုင္းရင္းသား လူမ်ိဳးေတြရဲ႕ သား၊သမီးမ်ားကိုလည္း သူတို ့ရဲ႕ပညာေရးကို အားေပးတဲ့အေနနဲ ့ အခုလို ဂုဏ္ျပဳဆု ေပးရျခင္းျဖစ္ပါတယ္။"ဟု က်ိဳင္းတုံၿမိဳ႕နယ္ တိုင္းလိစာေပႏွင့္ယဥ္ေက်းမႈအဖြဲ ့ ဥကၠဌ ဦးစိုင္းဟြမ္ႏြဲ႕က ေျပာသည္။

အဆိုပါ ဆုေပးပြဲတြင္ က်ဳိင္းတုံၿမိဳ႕၊ မိုင္းျဖတ္ၿမိဳ႕ႏွင့္ မိုင္းေယာင္းၿမိဳ႕မ်ားမွ (၅)ဘာသာ ဂုဏ္ထူးရွင္ (၁)ဦး၊ (၃)ဘာသာ ဂုဏ္ထူးရွင္ (၁)ဦး၊ (၂)ဘာသာ ဂုဏ္ထူးရွင္ (၂)ဦး၊ (၁)ဘာသာဂုဏ္ထူးရွင္ (၁၃)ဦး ႏွင့္ ရိုးရိုးေအာင္ျမင္သူ (၃၇)ဦး စုစုေပါင္း (၅၄)ဦးတို ့ကို ဆုခ်ီးျမႇင့္ေပးခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံ၊ တာခ်ီလိတ္၊ မိုင္းျဖတ္၊ မိုင္းေယာင္းၿမိဳ႕မ်ားတြင္ တုိင္းလိစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ ့မ်ားကို ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္
....................

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့များမှ တိုင်းလိယဉ်ကျေးမှုအဖွဲ့ဝင် မိသားစုများ၏ ၂၀၁၅ - ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများကို ကျိုင်းတုံမြို့နယ် တိုင်းလိစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပညာရည်ချွန်ဆု ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲ အခမ်းအနားကို ကျိုင်းတုံမြို့၊ မြို့သစ်ရပ်ရှိ တိုင်းလိယဉ်ကျေးမှုခန်းမဆောင်တွင် ဇူလိုင်လ(၂၄)ရက်နေ့၊့ နေ့လယ်(၂)နာရီက ကျင်းပခြင်းဖြစ်သည်။

"တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ကြတဲ့ ရှမ်း/အရှေ့မှာ ရှိတဲ့ တိုင်းလိယဉ်ကျေးမှု မိသားစုဝင်တွေရဲ့ သားသမီးတွေနဲ့ကျွန်တော်တို့ဆီမှာ စာရင်းလာပေးထားတဲ့ တခြား တိုင်းရင်းသား လူမျိုးတွေရဲ့ သား၊သမီးများကိုလည်း သူတို့ရဲ့ပညာရေးကို အားပေးတဲ့အနေနဲ့ အခုလို ဂုဏ်ပြုဆု ပေးရခြင်းဖြစ်ပါတယ်။"ဟု ကျိုင်းတုံမြို့နယ် တိုင်းလိစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးစိုင်းဟွမ်နွဲ့က ပြောသည်။

အဆိုပါ ဆုပေးပွဲတွင် ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းယောင်းမြို့များမှ (၅)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၃)ဦး နှင့် ရိုးရိုးအောင်မြင်သူ (၃၇)ဦး စုစုပေါင်း (၅၄)ဦးတို့ကို ဆုချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့များတွင် တိုင်းလိစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~