တရုတ်နိုင်ငံက အမွှာတို့ရွာ
တရုတ်နိုင်ငံက အမွှာတို့ရွာ
ဇူလိုငျ 11, 2016
By Tachileik News Agency
ဆီလီနီယမ်ဓါတ်ပါဝင်မှုမြင့်တာနဲ့အမျှ သန္ဓေသားအောင်တာနဲ့ အမွှာဖြစ်စေမှု မြင့်မားတာဖြစ်စေပါတယ်လို့ ဆိုထားပါတယ်။
Ref; CCTVNews
................
တရုတ်နိုင်ငံက ကျေးရွာတစ်ရွာမှာ အမွှာတွေ များလွန်းတာကြောင့် အမွှာတို့ရဲ့ရွာလို့ ပြောကြတာပါ။ ဒီရွာမှာ (၁၀)ယောက်မွေးတိုင်း အမွှာတစ်စုံတော့ ပါလာတတ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချုံကင်းဒေသ ကျင်းဂျန်ဆိုတဲ့ ရွာငယ်လေးမှာ မိသားစုပေါင်း (၃၆၇)စုပဲ နေထိုင်တာဖြစ်ပါတယ်။ ဒီထဲက မိသားစု (၃၉)စုမှာ အမွှာတွေရှိနပြေီး အမွှာ (၇)စုံကလွဲလို့ ကျန်တဲ့အမွှာတွေက ချွတ်စွပ်တူကြတယ်လို့ သိရပါတယ်။
ဒီရွာရဲ့ အမွှာမွေးနှုန်းဟာ (၁၀.၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါကြောင့် ဒေသတွင်း မူလတန်းကျောင်းမှာဆို အမွှာတွေကို အတန်းတိုင်းမှာ တွေ့နေရပါတယ်။ တချို့မိသားစုတွေဆိုရင် မျိုးရိုးစဉ်ဆက်ကို အမွှာတွေ မွေးလာတာပါ။
ကမ္ဘာမှာဆိုရင် အမွှာမွေးနှုန်းက (၁.၈၉)ရာခိုင်နှုန်းရှိတာပါ။ ဒီကျေးရွာက အော်တီကျု့ ( altitude )လတ္တီကျု (၁၁၀၀)မီတာအထက်မှာရှိပြီးတော့ စက်မှုလုပ်ငန်းတွေကြောင့် လေထု ညစ်ညမ်းမှုမရှိပါဘူး။ ဒေသတွင်း သစ်တောဖုံးလွှမ်းမှုက (၉၅.၄၁) ရာခိုင်နှုန်းရှိပြီး တစ်နှစ်ပတ်လုံး နေရောင်ခြည်ရရှိမှုက (၈၆၇) နာရီရှိပါတယ်။
ဒီရွာလေးဟာ သဘာဝအလှတရားတွေ ကြွယ်ဝလှတဲ့ သဘာဝပတ်ဝန်းကျင်ကို ရရှိထားတာဖြစ်ပါတယ်။
ဒီဒေသရဲ့ နေရာ (၁၂)ခုက ရေတွေကို နမူနာယူပြီး ချုံကျင်းတက္ကသိုလ်က ဘူမိကျွမ်းကျင်သူ လီဂျန်က စမ်းသပ်ကြည့်ရာမှာ သဘာဝရေထဲမှာ ဆီလီနီယမ်ပါဝင်မှုဟာ(selenium) ပုံမှန်က (ဝ.၂)မီလီဂရမ်ဖြစ်ပေမဲ့ ဒီဒေသက ရေထဲမှာ ဆီလီနီယမ်ပါဝင်မှုက (ဝ.၃၂)အထိရှိပြီး ဒီဒေသရဲ့ မြေဆီသြဇာထဲမှာ ဆီလီနီယမ်ပါဝင်မှုဟာ မြင့်တယ်လို့ ဆိုပါတယ်။
ဆီလီနီယမ်ဓာတ်ပါဝင်မှုမြင့်တာနဲ့အမျှ သန္ဓသေားအောင်တာနဲ့ အမွှာဖြစ်စေမှု မြင့်မားတာဖြစ်စေပါတယ်လို့ ဆိုထားပါတယ်။
ဘာသာပြန်၊ ဇာနှင်းထိုက်
Ref; CCTVNews
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~