တကၠသိုလ္မ်ားတြင ္ေဆးလိပ္ကင္းစင္သည့္ ေနရာမ်ားျဖစ္လာေစရန္ လုပ္ေဆာင္သြားမည္

တကၠသိုလ္မ်ားတြင ္ေဆးလိပ္ကင္းစင္သည့္ ေနရာမ်ားျဖစ္လာေစရန္ လုပ္ေဆာင္သြားမည္
ဇူလိုင် 24, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံအတြင္းရွိ တကၠသိုလ္မ်ားတြင္ ေဆးလိပ္ကင္းစင္သည့္ ေနရာမ်ား ျဖစ္လာေစရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီေဆြးေႏြးပြဲဟာ ေဆးတကၠသိုလ္နဲ႔ ဆိုင္တဲ့ တကၠသိုလ္ေတြ အားလံုးမွာ ေဆးလိပ္ကင္းစင္တဲ့ ေက်ာင္းေတြျဖစ္ေအာင္ စၿပီးေဆာင္ရြက္မယ့္ ေဆြးေႏြးပြဲျဖစ္ပါတယ္။ လတ္တေလာ အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ အနီးစပ္ဆံုးျဖစ္တဲ့ ေဆးတကၠသိုလ္မ်ားဆိုင္ရာကေနၿပီး ေဆးလိပ္ကင္းစင္နယ္ေျမ ျဖစ္ေအာင္ စတင္ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ ဒီေန႔ ေဆြးေႏြးပြဲကလည္း အလုပ္ရံု ေဆြးေႏြးပြဲဆိုတဲ့အတိုင္း ေကာင္းမြန္တဲ့ အေျဖေတြ ထြက္လာၿပီး ဒီရလဒ္ေတြကေန တကၠသိုလ္ေတြက တစ္ဆင့္ တစ္ႏိုင္ငံလံုး အတိုင္းအတာအထိ ဆက္လက္ေဆာင္ရြက္သြားဖို႔ ရည္ရြယ္ထားပါတယ္။”ဟု ေက်ာင္းသား ကိုယ္စားလွယ္အျဖစ္ တက္ေရာက္လာသည့္  ေဒါက္တာေက်ာ္မ်ိဳးထက္က ေျပာသည္။

ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ ပစၥည္းထိန္းခ်ဳပ္ေရး မူ၀ါဒမ်ား ေရးဆြဲအေကာင္အထည္ေဖာ္ႏိုင္ရန္ ေဆးလိပ္ေငြ႕ကင္းစင္သည့္ ေဆးပညာဆိုင္ရာ တကၠသိုလ္မ်ား စြမ္းရည္ျမႇင့္တင္ေရး အလုပ္ရံု ေဆြးေႏြးပြဲအား ဇူလိုင္လ၏ ဒုတိယပတ္အတြင္းက မႏၱေလးၿမိဳ႕တြင္ က်င္းပျခင္းျဖစ္သည္။

၂၀၁၆ ခုႏွစ္၊ ေဆးလိပ္ႏွင့္ေဆးရြက္ႀကီးထြက္ပစၥည္း ေသာက္သံုးမႈ ထိန္းခ်ဳပ္ေရးဥပေဒတြင္ ေဆးလိပ္ေသာက္ခြင့္ မရွိသည့္ ေနရာမ်ားကို တိတိက်က် ျပဌာန္းထားၿပီး ေဆးလိပ္ေငြ႕ ကင္းစင္ေနရာမ်ားအျဖစ္ သတ္မွတ္ထားျခင္း ျဖစ္သည္။

၂၀၁၅  ခုႏွစ္တြင္ မႏၱေလးတိုင္းေဒသႀကီး အတြင္းရွိ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၊ ရွမ္းျပည္နယ္ အတြင္းရွိ အင္းေလးေဒသႏွင့္  ပင္းတယလိွဳဏ္ဂူနယ္ေျမ တို႔ကို ေဆးလိပ္ေငြ႕ကင္းစင္သည့္ေဒသ မ်ားအျဖစ္ ေၾကညာေဆာင္ရြက္ခဲ့ေၾကာင္း မႏၱေလးတိုင္း ၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ထံမွ သိရသည္။

“ေရွးေဟာင္းေဒသေတြမွာ ေဆးလိပ္ေငြ႕ကင္းစင္ေဒသ ပီပီျပင္ျပင္ျဖစ္လာဖို႔ ျပည္သူေတြကို ပညာေပးဆိုင္း ဘုတ္နဲ႔ စာတမ္းေတြထားၿပီး အသိေပးထားပါတယ္။ သက္ဆိုင္ရာေဒသေတြက သင္တန္းဆင္း ျပီးတဲ့ ေစတနာ့၀န္ထမ္းျပည္သူမ်ားကလည္း ကူညီေဆာင္ရြက္ထိန္းသိမ္းမႈေတြ လုပ္ေပးၾကပါတယ္။ ဒီလိုမ်ိဳးနဲ႔ပဲ ေဆးလိပ္ေငြ႕ ကင္းစင္တဲ့ေနရာေဒသေတြကို  တစ္စထက္တစ္စ တိုးခ်ဲ႕ေဆာင္ရြက္သြားမွသာ ႏိုင္ငံသူႏိုင္ငံသားမ်ားအေနနဲ႔ သန္႔ရွင္းတဲ့ေလကို ရွဴရွိဳက္ၿပီး ေဆးလိပ္ေငြ႕ကတစ္ဆင့္ရရွိလာမယ့္ က်န္းမာေရးအႏၱရာယ္ေတြ ကင္းေ၀းၾကမွာပါ။”ဟု  မႏၱေလးတိုင္း ၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ဆိုသည္။

အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲသို႔ ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီး၊ မေကြးေဒသမ်ားရွိ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးဘက္ဆိုင္ရာ တကၠသိုလ္မ်ား စုစုေပါင္း (၁၈)ခုမွ အုပ္ခ်ဳပ္သူ၊ ပညာရွင္မ်ားႏွင့္ ေက်ာင္းသား ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္
....................

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် ဆေးလိပ်ကင်းစင်သည့် နေရာများ ဖြစ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဆွေးနွေးပွဲဟာ ဆေးတက္ကသိုလ်နဲ့ ဆိုင်တဲ့ တက္ကသိုလ်တွေ အားလုံးမှာ ဆေးလိပ်ကင်းစင်တဲ့ ကျောင်းတွဖြေစ်အောင် စပြီးဆောင်ရွက်မယ့် ဆွေးနွေးပွဲဖြစ်ပါတယ်။ လတ်တလော အနေနဲ့ ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဆေးတက္ကသိုလ်များဆိုင်ရာကနပြေီး ဆေးလိပ်ကင်းစင်နယ်မြေ ဖြစ်အောင် စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကလည်း အလုပ်ရုံ ဆွေးနွေးပွဲဆိုတဲ့အတိုင်း ကောင်းမွန်တဲ့ အဖြေတွေ ထွက်လာပြီး ဒီရလဒ်တွေကနေ တက္ကသိုလ်တွေက တစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဆက်လက်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။”ဟု ကျောင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည့် ဒေါက်တာကျော်မျိုးထက်က ပြောသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေး မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် ဆေးလိပ်ငွေ့ကင်းစင်သည့် ဆေးပညာဆိုင်ရာ တက္ကသိုလ်များ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအား ဇူလိုင်လ၏ ဒုတိယပတ်အတွင်းက မန္တလေးမြို့တွင် ကျင်းပခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေတွင် ဆေးလိပ်သောက်ခွင့် မရှိသည့် နေရာများကို တိတိကျကျ ပြဌာန်းထားပြီး ဆေးလိပ်ငွေ့ ကင်းစင်နေရာများအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရှမ်းပြည်နယ် အတွင်းရှိ အင်းလေးဒေသနှင့် ပင်းတယလှိုဏ်ဂူနယ်မြေ တို့ကို ဆေးလိပ်ငွေ့ကင်းစင်သည့်ဒေသ များအဖြစ် ကြေညာဆောင်ရွက်ခဲ့ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ထံမှ သိရသည်။

“ရှေးဟောင်းဒေသတွေမှာ ဆေးလိပ်ငွေ့ကင်းစင်ဒေသ ပီပီပြင်ပြင်ဖြစ်လာဖို့ ပြည်သူတွေကို ပညာပေးဆိုင်း ဘုတ်နဲ့ စာတမ်းတွေထားပြီး အသိပေးထားပါတယ်။ သက်ဆိုင်ရာဒေသတွေက သင်တန်းဆင်း ပြီးတဲ့ စေတနာ့ဝန်ထမ်းပြည်သူများကလည်း ကူညီဆောင်ရွက်ထိန်းသိမ်းမှုတွေ လုပ်ပေးကြပါတယ်။ ဒီလိုမျိုးနဲ့ပဲ ဆေးလိပ်ငွေ့ ကင်းစင်တဲ့နေရာဒေသတွေကို တစ်စထက်တစ်စ တိုးချဲ့ဆောင်ရွက်သွားမှသာ နိုင်ငံသူနိုင်ငံသားများအနေနဲ့ သန့်ရှင်းတဲ့လေကို ရှူရှိုက်ပြီး ဆေးလိပ်ငွေ့ကတစ်ဆင့်ရရှိလာမယ့် ကျန်းမာရေးအန္တရာယ်တွေ ကင်းေဝးကြမှာပါ။”ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေးဒေသများရှိ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ စုစုပေါင်း (၁၈)ခုမှ အုပ်ချုပ်သူ၊ ပညာရှင်များနှင့် ကျောင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~