စစ္ကိုင္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္တိုက္မႈ မႈခင္းမွတ္တမ္းႏွင့္ ျဖစ္စဥ္ ကြဲလြဲေနသည္ဟု မ်က္ျမင္ေတြ႔သည့္ ယာဥ္ေမာင္းကဆို

စစ္ကိုင္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္တိုက္မႈ မႈခင္းမွတ္တမ္းႏွင့္ ျဖစ္စဥ္ ကြဲလြဲေနသည္ဟု မ်က္ျမင္ေတြ႔သည့္ ယာဥ္ေမာင္းကဆို
ဇူလိုင် 16, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္း - မံုရြာ ကားလမ္းမေပၚ၌ ျဖစ္ပြားခ့ဲသည့္ ယာဥ္မေတာ္တဆမႈျဖစ္စဥ္အား ရဲစခန္းထြက္ဆိုခ်က္မွာ ျဖစ္စဥ္ႏွင့္ဆန္႔က်င္ဘက္ျဖစ္ေနသည္ဟု ယာဥ္တိုက္မႈျဖစ္ပြားသည့္ ယာဥ္ေမာင္း၏ အုပ္ထိန္းသူက အဆိုပါယာဥ္တိုက္မႈအား မ်က္ျမင္ေတြ႕ရွိခဲ့သည့္ ယာဥ္ေမာင္း၏ ေျပာၾကားခ်က္ကို ကိုးကား၍ ေျပာဆိုလိုက္သည္။

“ျဖစ္တ့ဲကားရဲ႕အေနာက္ကေန ကၽြန္ေတာ့္ကားလည္း ေမာင္းလာတာ။ အဲဒီကားက လမ္းမွန္တယ္။ ဆိုင္ကယ္သမားက ဟိုဘက္လမ္းကလာေနတ့ဲ ကား ၂ စီးေနာက္ကေန ရုတ္တရက္ထြက္လာတာ သူ႔ ဟာသူမထိန္းႏိုင္ဘဲ ကားတံခါးကို ဝင္ခ်ိတ္တာ ကၽြန္ေတာ္ အကုန္ျမင္တယ္။ အမႈစစ္ေတြ ရဲေတြ ေရာက္လာေတာ့လည္း ကၽြန္ေတာ္ ရွင္းျပေသးတယ္။ သူတို႔ ေပႀကိဳးေတြဘာေတြ ဆြဲတာလည္း မေတြ႕ဘူး။ မ်က္ႏွာခ်င္းဆိုင္တိုက္တာ လံုးဝမဟုတ္ဘူး။ မ်က္ႏွာခ်င္းဆိုင္ တိုက္ရင္ ကားရဲ႕ ေဘးတံခါးကို ဘယ္လိုတိုက္မွာလဲ။ ကၽြန္ေတာ္က ကားဒရိုင္ဘာအခ်င္းခ်င္း ကိုယ္ခ်င္းစာလို႔ အမွန္အတိုင္းပဲ ျဖစ္ေစခ်င္တာပါ”ဟု အဆိုပါျဖစ္စဥ္အား မ်က္ျမင္ေတြ႕ခဲ့သည့္ ျမစ္ငယ္သားဆိုသည့္ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

အဆိုပါယာဥ္တိုက္မႈမွာ ဇူလိုင္လ (၁၀)ရက္ေန႔ ေန႔လယ္(၂)နာရီခန္႔က ျဖစ္ပြားခဲ့ၿပီး စစ္ကိုင္းၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ (၃၀၄)က ျဖင့္ အမႈဖြင့္အေရးယူထားကာ ရဲစခန္း၏ မႈခင္းမွတ္တမ္းတြင္ မ်က္ႏွာခ်င္းဆိုင္တိုက္မိျခင္းျဖစ္သည္ဟု ေဖာ္ျပထားသျဖင့္ မူလျဖစ္စဥ္ႏွင့္ ကြဲလြဲေနသည္ဟု ယာဥ္တိုက္မႈျဖစ္ပြားသည့္ ယာဥ္ေမာင္း၏ အုပ္ထိန္းသူက ဆိုသည္။

“ျဖစ္စဥ္အမွန္က မ်က္ႏွာခ်င္းဆိုင္ ဟိုဘက္လမ္းေၾကာကေန ကားႏွစ္စီးလည္း လာေနတယ္။ အဲဒီေနာက္က ဆိုင္ကယ္သမားက လမ္းလယ္မ်ဥ္း ဒီဘက္က ကၽြန္ေတာ့္ဒရိုင္ဘာရဲ႕ ကားတံခါးကို ဝင္ခ်ိတ္တာ။ ဒါေပမဲ့ စစ္ကိုင္းရဲစခန္းမွာ သူတို႔ေရးထားတာက ဆိုင္ကယ္နဲ႕ကား မ်က္ႏွာခ်င္းဆိုင္တိုက္တာဆိုေတာ့ ျဖစ္စဥ္အမွန္နဲ႔ ဆန္႔က်င္ဘက္ျဖစ္ေနတယ္ “ဟု ယာဥ္မေတာ္တဆျဖစ္စဥ္မွ ယာဥ္ေမာင္း၏ အုပ္ထိန္းသူ ကိုေက်ာ္ေက်ာ္ဦး (ေက်ာက္မဲၿမိဳ႕ေန)က ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ကိုင္းၿမိဳ႕မရဲစခန္းသို႔ ဖုန္းဆက္သြယ္ေသာ္လည္း ဖုန္းအဆက္အသြယ္ မရခဲ့ပါ။

သတင္း - ေနၿဖဳိးျမင့္

............................

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း - မုံရွာ ကားလမ်းမပေါ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုဖြစ်စဉ်အား ရဲစခန်းထွက်ဆိုချက်မှာ ဖြစ်စဉ်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့် ယာဉ်မောင်း၏ အုပ်ထိန်းသူက အဆိုပါယာဉ်တိုက်မှုအား မျက်မြင်တွေ့ရှိခဲ့သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကား၍ ပြောဆိုလိုက်သည်။

“ဖြစ်တဲ့ကားရဲ့အနောက်ကနေ ကျွန်တော့်ကားလည်း မောင်းလာတာ။ အဲဒီကားက လမ်းမှန်တယ်။ ဆိုင်ကယ်သမားက ဟိုဘက်လမ်းကလာနေတဲ့ ကား ၂ စီးနောက်ကနေ ရုတ်တရက်ထွက်လာတာ သူ့ ဟာသူမထိန်းနိုင်ဘဲ ကားတံခါးကို ဝင်ချိတ်တာ ကျွန်တော် အကုန်မြင်တယ်။ အမှုစစ်တွေ ရဲတွေ ရောက်လာတော့လည်း ကျွန်တော် ရှင်းပြသေးတယ်။ သူတို့ ပကြေိုးတွေဘာတွေ ဆွဲတာလည်း မတွေ့ဘူး။ မျက်နှာချင်းဆိုင်တိုက်တာ လုံးဝမဟုတ်ဘူး။ မျက်နှာချင်းဆိုင် တိုက်ရင် ကားရဲ့ ဘေးတံခါးကို ဘယ်လိုတိုက်မှာလဲ။ ကျွန်တော်က ကားဒရိုင်ဘာအချင်းချင်း ကိုယ်ချင်းစာလို့ အမှန်အတိုင်းပဲ ဖြစ်စေချင်တာပါ”ဟု အဆိုပါဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့သည့် မြစ်ငယ်သားဆိုသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါယာဉ်တိုက်မှုမှာ ဇူလိုင်လ (၁၀)ရက်နေ့ နေ့လယ်(၂)နာရီခန့်က ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းမြို့မရဲစခန်းတွင် ပုဒ်မ (၃၀၄)က ဖြင့် အမှုဖွင့်အရေးယူထားကာ ရဲစခန်း၏ မှုခင်းမှတ်တမ်းတွင် မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်သည်ဟု ဖော်ပြထားသဖြင့် မူလဖြစ်စဉ်နှင့် ကွဲလွဲနေသည်ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့် ယာဉ်မောင်း၏ အုပ်ထိန်းသူက ဆိုသည်။

“ဖြစ်စဉ်အမှန်က မျက်နှာချင်းဆိုင် ဟိုဘက်လမ်းကြောကနေ ကားနှစ်စီးလည်း လာနေတယ်။ အဲဒီနောက်က ဆိုင်ကယ်သမားက လမ်းလယ်မျဉ်း ဒီဘက်က ကျွန်တော့်ဒရိုင်ဘာရဲ့ ကားတံခါးကို ဝင်ချိတ်တာ။ ဒါပေမဲ့ စစ်ကိုင်းရဲစခန်းမှာ သူတို့ရေးထားတာက ဆိုင်ကယ်နဲ့ကား မျက်နှာချင်းဆိုင်တိုက်တာဆိုတော့ ဖြစ်စဉ်အမှန်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ် “ဟု ယာဉ်မတော်တဆဖြစ်စဉ်မှ ယာဉ်မောင်း၏ အုပ်ထိန်းသူ ကိုကျော်ကျော်ဦး (ကျောက်မဲမြို့နေ)က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်းသို့ ဖုန်းဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပါ။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~